2 3 4 5 6 7 8 9 10

Sunday, August 12, 2012

သဘာဝတရားဆီမှ သင်ယူစရာများ

 
…မိခင်သဘာဝလောကတရားကြီးဆီကနေ လေ့လာမှတ်သားသင်ယူစရာတွေ ဒုနဲ့ ဒေးပါပဲ။
အင်းဆက်လေးတွေဟာ အလွန်သေးငယ်ပေမယ့် သူတို့ဆီက အတုယူစရာတွေကို လက်တွေ့လုပ်ငန်းခွင်မှာဖြစ်စေ၊ လူမှုဆက်ဆံရေးမှာဖြစ်စေ အသုံးချနိုင်မယ်ဆိုရင် ဘ၀မှာ စီးပွားရေး၊ လူမှုရေးနဲ့ အခြားအရေးကိစ္စတွေမှာ အောင်မြင်မှုတွေ ပိုမိုရရှိလာနိုင်ပါတယ်။ အောက်ပါအင်းဆက်(၅)မျိုးရဲ့ အပြုအမူတွေဟာ လုပ်ငန်းခွင်မှာ လက်တွေ့ အသုံးချနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။

ပျား



…ပျားတွေဟာ အမြဲတမ်းအလုပ်ကြိုးစားသူတွေဖြစ်ပြီး အစုလိုက် အဖွဲ့လိုက် တက်ညီလက်ညီ လုပ်ရှားတဲ့နေရာမှာ “စံ” တင်လောက်ပါတယ်။ အလုပ်ခွင်မှာ အလုပ်ကြိုးစားတာ၊ အစုလိုက် အဖွဲ့လိုက်အား “Team Work” အားကို မှန်ကန်စွာ အသုံးချနိုင်တာဟာ အောင်မြင်မှုအတွက် အလွန်အရေးပါပါတယ်။




ပိုးဟပ်


…ပိုးဟပ်တွေက ညစ်ညစ်ပတ်ပတ် နေရာတွေမှာသာ နေကြပေမယ့် သူတို့တွေဆီက လေ့လာစရာရှိတာက ...သူတို့အနေနဲ့ေ၀၀ါးမှုမရှိ၊ စမ်းတ၀ါးဝါးမဖြစ်ဘဲ ဘယ်နေရာကို နားရမယ်၊ ဘယ်နေရာမှာ ဘာရှိတယ် ဆိုတာ တိတိကျကျ သိကြပါတယ်။ လက်တွေ့အလုပ်ခွင်မှာလည်း အခွင့်အရေးကို ဘယ်လိုရှာရမယ်၊ နားစွင့်ရမယ်၊ အခွင့်အရေး ဘယ်မှာရှိမယ်၊ အခွင့်အရေးကို ဘယ်လိုအကောင်းဆုံး အသုံးချရမယ်ဆိုတာ ကို ကောင်းမွန်စွာ အသုံးချနိုင်ပါတယ်။


 လိပ်ပြာ



…သဘာဝတရားက လိပ်ပြာလေးတွေကို အရောင်အသွေး အစုံအလင်နဲ့ လှပစွာ ဖန်တီးထားသလို သူတို့ရဲ့ အလှအပ ဟာလည်း သဘာဝတရားကြီးကို ပြန်ပြီး ဒုက္ခမပေးပါဘူး။ လူတွေရဲ့ ချစ်စရာ့အမူအရာ၊ အပြောအဆို၊အလှအပလေးတွေ အရောင်အသွေးစုံလင်မှုတွေက နှစ်သက်စရာလေးတွေပါပဲ။ လိပ်ပြာလေးတွေလိုပဲ… မိမိအလှအပ၊ မိမိအရည်အချင်းနဲ့ မိမိပတ်ဝန်းကျင်ကို မညစ်နွမ်းပါစေနဲ့၊ ဒုက္ခမပေးပါနဲ့...။


ပင့်ကူ



…ပင့်ကူတွေဟာ မိမိကိုယ်ကို ကာကွယ်တဲ့နေရာမှာ အလွန်ကျွမ်းကျင်ကြပါတယ်။ သူ့ရဲ့ ပင့်ကူမျှင်များနဲ့ ဟိုဟိုသည်သည် ကာရံထားတတ်ကြပါတယ်။ ဒါတင်မက အရမ်းလည်း နိုးနိုးကြားကြား Alert ဖြစ်ပါတယ်။ ဒီအချက်(၂)ချက်က လူသားတွေ ပင့်ကူဆီက သင်ယူမှတ်သားသင့်ပါတယ်။


 ပုရွက်ဆိတ်
…ပုရွက်ဆိတ်တွေဟာ အလုပ်တာဝန်ခွဲဝေခြင်းမှာ Master တွေပါပဲ။ သူတို့တွေမှာ ပုရွက်ဆိတ်ဘုရင်မတွေ၊ ပုရွက်ဆိတ် အထီးတွေ၊ ပုရွက်ဆိတ်အလုပ်သမားတွေကို ကျွမ်းကျင်မှု၊ သန်စွမ်းမှု၊ ခံနိုင်ရည်ရှိမှု စတာတွေ နဲ့ အားသာချက်၊ အားနဲချက် အပေါ် မူတည်ပြီး မှန်မှန်ကန်ကန် The RightPerson ရွေးချယ်နိုင်ကြပါတယ်။

…သူတို့ရဲ့ ခွန်အား စွမ်းအားတို့ကိုလည်း နည်းစနစ်မှန်ကန်စွာ၊ Ability မြင့်မားစွာ အသုံးချနိုင်ကြပါတယ်။ ပုရွက်ဆိတ်တွေမှာ အစွမ်းထက်ပြီး အလွန်ထိရောက်တဲ့ ဆက်သွယ်ရေးလည်း ပိုင်ဆိုင်ထားကြပါတယ်။ တကယ့်ကို Layout ကျကျ၊ System ကျကျ ဆက်သွယ် သွားလာ လှုပ်ရှားနိုင်ကြပါတယ်။
…နောက်ပြီး တစ်စုံတစ်ရာ အန္တရာယ်ရဲ့ အငွေ့အသက်ကို ကြိုတင် သိရှိနိုင်ခြင်း၊ အစားအစာအသစ် (လူတွေမှာဆိုလျှင် ဈေးကွက်အသစ်)တို့ကို ရှာဖွေနိုင်ခြင်း၊ အင်အားဖြည့်တင်းစရာလိုလာလျှင် လျှင်မြန်စွာ (လူတွေမှာဆိုလျှင် စစ်ကူ) အင်အားဖြည့်တင်းနိုင်ခြင်း စတာတွေဟာ အံ့သြဘနန်း အတုယူ ဖွယ် ကောင်းလှ ပါတယ်။


  သိမ်းငှက်တစ်ကောင်နှင့် နာကျင်သော ဆုံးဖြတ်ချက်များ…


…သိမ်းငှက်တွေဟာ နှစ်ပေါင်း(၇၀)ကျော်အထိ အသက်ရှည်ကြပါတယ်။ ဒါပေမယ့် တိရိစ္ဆာန် တစ်ကောင်ဖြစ် တဲ့ သိမ်းငှက်ဟာ နှစ်ပေါင်းကြာရှည်စွာ အသက်ရှင်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့ နာကျင်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပါတယ်။
…အကြောင်းကတော့…
…သိမ်းငှက်တွေရဲ့နှုတ်သီးဟာ နှစ်(၄၀)ကျော်သွားပြီဆိုရင် အလွန်ကွေးကောက်လာပါတယ်။ အလွန်အားနည်းလာပါတယ်။ သားကောင်တွေကို ကောင်းကောင်း ကိုက်ချီနိုင်မယ့် အနေအထား မဟုတ်တော့ပါဘူး။…ခြေသည်းတွေဟာလည်း ကောက်ကွေး ရှည်လျားလာပြီး သားကောင် ကုတ်ချီဖို့ အခက်အခဲ ဖြစ်လာ ပါတယ်။…ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအတောင်တွေဟာလည်း အလွန်ထူလွန်း လာပြီး လေးလံလာ လို့ ကောင်းကောင်း မပျံသန်း နိုင်တော့ပါဘူး။
…ပထမဦးဆုံး နှုတ်သီးကွေးကွေးကောက်ကောက် ပြဿနာကို ဖြေရှင်းဖို့ ကျောက်ဆောင် ကျောက်ကမ်းပါး နံရံတွေဆီ ပျံသန်းသွားကြပါတယ်။…နှုတ်သီး မကျိုး-ကျိုးအောင် ကျောက်နံရံနဲ့ ၀င်ဆောင့် ပါတယ် ။ တော်တန်ရုံ သတ္တိလောက်နဲ့ မဖြစ်နိုင်ပါဘူး။ အလွန်နာကျင် ပါတယ်။ ပြီးရင် အဲဒီနှုတ်သီး အနေတော် အရွယ်အစားဖြစ်တဲ့အထိ ပြန်စောင့်ရပါတယ်။
…အဲဒီနောက် ရှည်နေတဲ့ ခြေသည်းခွံတွေကို သူ့ရဲ့နှုတ်သီးနဲ့ ဆွဲနှုတ်ကိုက်ဖြတ်ပါတယ်။ အာဂသတ္တိပါပဲ။ နောက်ပြီး ခြေသည်းတွေ အသစ်ပြန်ထွက်တဲ့အထိ စောင့်တယ်။
…အချိန်တန်လို့ ခြေသည်းတွေပြန်ရှည်လာပြီဆိုရင် ထူထဲနေတဲ့ အမွှေးအတောင်တွေကို ခြေသည်းတွေနဲ့ ဆွဲနှုတ်ပစ် ပါတယ်။ အချိန်ကာလအားဖြင့် နောက်ထပ် (၅)လလောက်ဆိုရင်တော့ ပုံမှန် အနေအထား ပြန်ဖြစ် ပါပြီ။
…အခက်အခဲတွေ တစ်ခုပြီးတစ်ခု ရင်ဆိုင်ကျော်လွှားပြီးချိန်မှာတော့ သိမ်းငှက်ဟာ နောက်ထပ် နှစ်ပေါင်း (၃၀) ဆက်လက် ဖြတ်သန်းနိုင်ဖို့ အသင့်အနေအထား ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ 

…တစ်ခါတစ်ရံ ဘ၀မှာ ရှောင်လွှဲလို့မရတဲ့ မဖြစ်မနေရင်ဆိုင်ရမယ့် အပြောင်းအလဲ အချိုးအကွေ့နဲ့ ကြုံတွေ့တတ်ကြပါတယ်။ ကံကြမ္မာ အလှည့်အပြောင်းမှာ ကြံ့ကြံ့ခံနိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။
…တစ်ခါတစ်ရံမှာ  ခံစားချက်တွေကို မျက်စိမှိတ်ပြီး လျစ်လျူရှုလိုက်ရတာမျိုး…..

…enjoy life magazine မှ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>