2 3 4 5 6 7 8 9 10

Monday, August 13, 2012

ကိုယ့်အမျိုးကို ကိုယ်ချစ်ပါ



               မြန်မာပြည်သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေ နဲ့ ရပ်တည်လာတဲ့နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ ဦးဇင်းတို့မြန်မာ သက္ကရာဇ် အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာ မြန်မာယဉ်ကျေးမှုလေးတွေ ရှိနေတာကို ဆိုလိုချင် တာပါ။ ဆိုပါဆို့။တန်ခူးလမှာဆိုရင် အတာရေသဘင်ပွဲဆင်နွှဲကြပြီး သက်ကြီးရွယ်အိုများကို ပူဇော်ကြတယ်။ ဘုရားကျောင်းကန်သွားပြီးတော့  မြတ်စွာဘုရားကိုရေသပ္ပါယ်ကြတယ်။ တိရိစ္ဆာန်လေးတွေ ကို ဘေးမဲ့ လွှတ် ကြတယ်။ဒါက တန်ခူးလမှာ မြန်မာလူမျိုးများပြုလုပ်လေ့ရှိတဲ့ ယဉ်ကျေးမှုပါ။ ကဆုန်လမှာဆိုရင် ကဆုန် လပြည့်ဗုဒ္ဓနေ့သတ်မှတ်ပြီး ညောင်ရေသွန်းပွဲကျင်းပခြင်းဆိုတဲ့ယဉ်ကျေးမှု ရှိနေပါတယ်။  နယုန်လမှာ ကျတော့ စာတော်ပြန်ပွဲ တွေ ဆင်နွှဲကျင်းပကြပါတယ်။မန္တလေး သကျသီဟ(အဘိဝံသ) စာပြန်ပွဲဆိုရင် နယုန် လပြည့်နေ့စာပြန်တော်ပွဲ အထိမ်းအမှတ်နဲ့ ကျင်းပတာ နှစ်ပေါင်း တစ်ရာကျော်ပါပြီ။

         အဲဒါကို အမှီပြုပြီး ရှေးတုန်းက ပထမပြန်စာမေးပွဲတွေဟာ နယုန်လမှာ ကျင်းပကြတာပါ ။ .နောက်ပိုင်း ကျတော့ စာသင် သံဃာတော်တွေဟာ မိမိတို့အရပ်ဒေသပြန်ရတာ နောက်ကျပါတယ်ဆိုပြီးတော့ တပို့တွဲ၊ တပေါင်း အဲဒီမှာ ကျင်းပကြဖို့ပြောင်းလဲလိုက်တာပါ။အဲဒီတော့ နယုန်လမှာ စာတော်ပြန်ပွဲ ကျင်းပတယ် ဆိုတာသိထားဖို့ပါ။ ဝါဆိုလရောက်ပြန်တော့လည်း သံဃာတော်တွေဝါဆိုတဲ့ပွဲ၊ဝါဆိုသံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူတဲ့ပွဲ၊ပြီးတော့ ဦးပဇင်းအသစ်လေးတွေ ပဉ္စင်းခံပွဲ စသည်ဖြင့်ပေါ့လေ လတိုင်းလတိုင်း မှာ မြန်မာရဲ့ယဉ်ကျေးမှုလေးတွေကိုယ်စီရှိနေကြတာပါ။

           အဲဒီတော့ မြန်မာပြည်ယဉ်ကျေးမှုတည်တံ့သည်နှင့်အတူ အမျိုး၊ဘာသာ၊သာသနာ ဒီသုံးခုလည်း တည်တံ့ပါစေဖို့ အတွက်ဦးဇင်းတို့ ဗုဒ္ဓဘာသာ တွေအားလုံး တာဝန်ရှိနေကြပါပြီ။(ကုလံ စိရံ တိဋ္ဌတု မရမ္မရဋ္ဌေ)မြန်မာ့တိုင်း မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေ ကမ္ဘာတည်သရွေ့ တည်တံ့စေအောင် မိမိလူမျိုးကို မိမိထိန်းသိမ်းရမယ်၊စောင့်ရှောက်ရမယ်။ကာကွယ်ရမယ်၊ကူညီရမယ်။ဒါအားလုံးသော မြန်မာလူမျိုးတွေရဲ့တာဝန်ပါ။မိမိလူမျိုးတည်တံ့စေဖို့ အရေးကြီးတဲ့ အချက်(၃)ချက်ရှိမယ်။မိမိလူမျိုးအချင်းချင်း အိမ်ထောင်ပြုရမယ်။ မိမိလူမျိုးရောင်းချ တဲ့ ဈေး ဆိုင် မှာ ဈေးဝယ်ရမယ်။ မိမိလူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံရမယ်။ ဒီသုံးချက်ကို အားလုံး လိုက်နာရင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာလူမျိုး ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။ ဦးဇင်းတို့ ဆုတောင်း ပါ တယ်။ အမျိုးမပျောက်စေနဲ့ပေါ့လေ။


     နောက်တစ်ခုက ဘာသာပါ၊ဘာသာဆိုတာ ဒီနေရာမှာ(စကား)လို့မှတ်လိုက်ပါ။မြန်မာ စကားလုံးတွေ ၊မြန်မာစကားဝါကျတွေကို ဘာသာလို့ပြောတာပါ။မြန်မာမြေပေါ်မှာ ဘိုး၊ဘွား အစဉ်အဆက်က သုံးစွဲလာ တဲ့  မြန်မာစကားလည်းပဲ တည်တံ့ပါစေလို့ ဦးဇင်းတို့ဆုတောင်းပါတယ်။ နောက်တစ်ခုက (သာသနာ)ပါ။ သာသနာဆိုတာကတော့ မြတ်စွာဘုရားရဲ့သာသနာတော်ကိုရည်ညွှန်းပြောလိုတာပါ။ဗုဒ္ဓမြတ်စွာဘုရားရဲ့သာသနာတော်သည်
လည်းပဲ မြန်မာ့မြေပေါ်မှာ ကမ္ဘာတည်သရွေ့တည်တံ့ပါစေလို့ဦးဇင်းတို့ဆုတောင်းပါတယ်။ ဗုဒ္ဓသာသနာ တည်တန့်ပါမှ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေအစဉ်ထာဝရတည်တံ့ပါလိမ့်မယ်။
            မြန်မာလူမျိုး။မြန်မာ့ဘာသာလည်းတည်တံ့ပါလိမ့်မယ်။ဒါကြောင့် သာသနာဆိုတာ ဘာလဲလို့ ဆိုရင် မြတ်စွာဘုရား အဆုံးအမ စကားလုံးတွေ ဟာ မြတ်စွာဘုရားရဲ့သာသနာတော်ပါပဲ။ ဒီသာသနာတော် ကြီး မြန်မာပြည်မှာ ကမ္ဘာအရပ်ရပ်မှာမှာ ကမ္ဘာတည်သရွေ့တည်ရှိနေပါစေလို့ဦးဇင်းတို့ လေးနက်စွာ ဆုတောင်းပါတယ်။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှု၊မြန်မာလူမျိုး၊မြန်မာဘာသာနဲ့မြတ်စွာဘုရားသာသနာ ကမ္ဘာတည်သရွေ့ မြန်မာ့မြေပေါ်မှာတည်တံ့ပါစေလို့ အားလုံးတာဝန်ကိုယ်စီနဲ့ထိန်းသိမ်းရမယ် ၊စောင့်ရှောက်ရမယ် ကာကွယ်ရမယ်။

      ရှေးတုန်းက ဘိုး၊ဘွား၊မိဘ၊ဆရာသမားတွေလည်း (ဘိုးစဉ်ဘောင်ဆက်)ပေါ့လေ မြန်မာ့ယဉ်ကျေးမှု ၊မြန်မာ လူမျိုး၊မြန်မာဘာသာ၊မြတ်စွာဘုရားသာသနာတော်ကို ကြာရှည်စွာတည်တန့်အောင် ထိန်းသိမ်းခဲ့ ကြတာပါ။ သီပေါမင်းပါတော်မူပြီးတော့ တိုင်းတစ်ပါးလက်အောက်ကိုကျရောက်စဉ်တုန်းကလည်း ဒီမူတွေ၊ ဒီအဓိဋ္ဌာန်တွေနဲ့ပဲကြိုးစားခဲ့ကြတာ၊တွန်းလှန်ပယ်ရှားပြီးတော့ အမိမြန်မာပြည်နှင့် အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုတွေအားလုံး ပြန်လည်ရယူပြီး တည်တံ့အောင် ထွန်းကားအောင် ဆောင်ရွက်ထွန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့တာ အားလုံးသိပြီးသားပါ။ ဒါကြောင့် ယနေ့ မျိုးဆက်သစ် မြန်မာနိုင်ငံသားတို့ အပေါ်မှာ အဖိုး အဖွား မိဘများရဲ့ကျေးဇူးတရားတွေ ရှိနေပါတယ်။အဲဒီတော့ အဖိုး၊အဖွား၊ မိဘများရဲ့ကျေးဇူး တရားတွေ ကို မျိုးဆက်သစ်များက ဆက်လက်ပြီး ဆောင်ရွတ်ကြရမယ်။ရှေးတုန်းက အဖိုး၊အဖွား၊ မိဘ မြန်မာ လူမျိုးတို့ဟာ နောင်လာနောင်သား မျိုးဆက်သစ်တွေရဲ့ အပေါ်မှာ မျှော်လင့် ချက်၊တောင်းတ ချက်တွေ ၊တောင်းတချက်တွေလည်းပဲထားခဲ့ပါသေးတယ်။
အဲဒါဘာတွေလဲလို့ဆိုတော့
(၁)။ဘတော ဝါ နော ဘရိဿတိ။တဲ့..ငါတို့မွေးမြူခဲ့တဲ့ သားတွေ သမီးတွေ၊ မြေးတွေ မြစ်တွေကို ငါတို့မွေးမြူထားခဲ့တာဖြစ်သည့်အတွက်ငါတို့ကို ပြန်လည်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်လိမ့်မည်ဆိုတဲ့တောင်းတချက်ပါ။အဲဒီတော့ (ကိုယ်အမျိုး ကို ကိုယ်ချစ်ပါ)ဆိုတဲ့ စကားနဲ့ပြောမယ်ဆိုရင် ငါတို့ ပြုစုစောင့်ရှောက်ခဲ့တဲ့ မြန်မာနိုင်ငံမြေပေါ် မှာ အမျိုး၊ဘာသာ၊သာသနာ၊ယဉ်ကျေးမှုတွေကို ငါတို့မွေးမြူထားခဲ့တဲ့ သားသမီး၊မြေး မြစ်များက လက်ဆင့် ကမ်းပြီး ထိန်းသိမ်းစောင့်ရှောက်လိမ့်မယ်ဆိုတဲ့ တောင်းတချက်၊မျှော်လင့်ချက်များကို ထားခဲ့ပါတယ်။            ဒါကြောင့် မိမိတို့ရဲ့ အဖိုး၊အဖွား၊မိဘများရဲ့ ကျေးဇူးတရားများကို ဆပ်သောအနေနဲ့
မြန်မာမြေပေါ်မှာ ရှိနေ တဲ့ အမျိုး၊ ဘာသာ၊သာသနာ၊ယဉ်ကျေးမှုများကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်း စောင့်ရှောက် မွေးမြူသင့်တယ်လို့အကြံပြုချင်ပါတယ်။ဒါမှသာလျှင် ကိုယ့်အမျိုး ကို ကိုယ်ချစ်ပါ ဆိုတဲ့ စကားလုံးနဲ့ထပ်တူကျမှာဖြစ်ပါတယ်။

(၂)။ကိစ္စံ ဝါ နော ကရိဿတိ။တဲ့
      ရှေးတုန်းက အဖိုး၊အဖွားတွေက ငါတို့ရဲ့မျိုးဆက်သစ် သား သမီး မြေးမြစ်များက ငါတို့ဆောင်ရွတ်ခဲ့ကြတဲ့ အမျိုးကောင်းရေးကိစ္စ၊ ဘာသာစကားထွန်းကားရေးကိစ္စ၊မြတ်စွာဘုရားသာသနာတော်ထွန်းကားရေး
ကိစ္စ၊ ယဉ်ကျေးမှုရှင်သန်ရေး ကိစ္စတွေကို ဆက်လက်ပြီး အဓွန့်ရှည်တည်တံ့အောင် ထိန်းကားပျံ့ပွားအောင် ကြိုးစားထုတ်ကြလိမ့်ဆိုတဲ့ တောင်းတချက်လည်းထားခဲ့ပါသေးတယ်။အမျိုးကောင်းစားရေးအလုပ်၊ဘာသာစကားတည်တံ့ရေးအလုပ်၊မြတ်စွာ ဘုရားသာသနာတော်ကြီးတည်တံ့ပြန်ပွားအောင် ကြိုးစား ထိန်းသိမ်းစောင့်ရှောက်ရေးအလုပ်၊ယဉ်ကျေးမှု မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအလုပ်တွေက မျိုးဆက်သစ်မြန်မာလူငယ်တိုင်း တာဝန်ရှိ ပါတယ်။  လုပ်ဆောင် ကြိုးပမ်းဖို့လိုပါတယ်။ ငါမလုပ်လည်း သူများလုပ်မှာပဲဆိုတဲ့ အတွေးမျိုး မထားသင့်ပါ။ ငါကဲ့သို့လူများ…များပြားလာပါက(ဒါမှမဟုတ်)ငါကဲ့သို့သော လူများ အားလုံးနီးပါးဖြစ်လာပါက ထိုထိုသော အမှုကိစ္စများကို ပြုလုပ်ဖြစ်မည်မဟုတ်ပါ။ဒါကြောင့် ဘယ်သူမလုပ်လုပ် ကိုယ် လုပ်မယ်ဆိုတဲ့ စိတ်ထားကို ထားလိုက်ရင် အားလုံး လုပ်ဖြစ်သွားကြမှာပါ။ဒါမှလည်း ရှေးတုန်းက အဖိုး၊အဖွား၊ မိဘများကို ကျေးဇူး ဆပ်ရာရောက်သလို ကိုယ်အမျိုး ကို ကိုယ်ချစ်ပါဆိုတဲ့စကားနဲ့လည်းထပ်တူကျပါတယ်။


(၃)။ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိ။
ရှေးတုန်းက အဖိုး အဖွား မိဘတွေက ယခုခေတ် မျိုးဆက်သစ် သားသမီး မြေး မြစ် များကိုလှမ်းပြီး ကြည့်တယ်တဲ့။ ငါတို့ရဲ့မျိုးဆက်သစ် သား သမီး မြေး မြစ် တွေက ငါတို့ရဲ့အမွေကို ဆက်လက်ထိန်းသိမ်း လိမ့်မယ်ဆိုပြီး လှမ်းမျှော်ပြီးကြည့်ပါတယ်။အမွေနှစ်ဆိုတာ ဘိုးဘွားတွေထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုအမွေ၊ လူမျိုးထိန်းသိမ်း တဲ့အနေနဲ့ သော်လည်းကောင်း၊ဘာသာစကားထိန်းသိမ်းခဲ့တဲ့ အနေနဲ့သော်လည်းကောင်း၊ လူမျိုးတူအချင်းချင်း ထိမ်းမြားလက်ထပ်ခြင်း၊ လူမျိုးတူအချင်းချင်း ပေါင်းသင်ဆက်ဆံခြင်း ၊ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးတိုးတက်အောင် ချီးမြှင့်ခြင်းဆိုတဲ့ အမွေအနှစ်ကို နောက်လာမယ့် မျိုးဆက်သစ် သားသမီး မြေး မြစ်တွေက ဆက်ခံလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။မြန်မာမြေကို တစ်လက်မသော် မှ သူများ နိုင်ငံသို့မရောက်အောင် ထိန်းသိမ်းခဲ့တဲ့ အမွေအနှစ်ကိုလည်း ဆက်လက်ကျင့်သုံးမယ် ဆိုတဲ့ တောင်းတချက်ရှိခဲ့ပါတယ်။ကမ္ဘာပေါ်မှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူနိုင်အောင်၊ မိမိရင်ဘက်ကိုပုတ်ပြီး ရဲရဲဝံ့ဝံ့ ပြောနိုင်အောင် အဘိုး အဘွားတွေရဲ့ထိန်းသိမ်းခဲ့တဲ့ အမွေအနှစ်၊တွေ ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရပါမယ်။တိုးတက်အောင် ဆောင်ရွတ်ရပါမယ်။ဒါမှသာလျှင် ကိုယ်အမျိုးကို ကိုယ်ချစ်ရာ .ရောက် သလို ဘိုးဘွားမိဘများကိုလည်း ကျေးဇူးဆပ်ရာရောက်မှာပါ။

(၄)။ကုလဝံသော စိရံ ဌဿတိ။
ဒါက မြန်မာလူမျိုးများ ကြာမြင့်စွာတည်တံ့ပါစေလို့ဆိုတဲ့ပါဠိတော်လေးပါ။မြန်မာလူမျိုးတွေ ကြာမြင့်စွာ တည်တံ့ဖို့ သိပ်အရေးကြီးပါတယ်။အမျိုးတူ၊ဇတ်တူနဲ့ ထိမ်းမြားလက်ထပ်ရမှာပါ။ ဘာသာတူ အချင်းချင်းပေါင်းသင်းဆက်ဆံ ထိမ်းမြားလက်ထပ်ရမှာပါ။အဲလိုမှမဟုတ်ပဲ ဘာသာမတူ။လူမျိုး မတူ တာတွေနဲ့ ပေါင်းသင်းဆက်ဆံ ထိမ်းမြားမယ်ဆိုရင် မြန်မာလူမျိုးများ ကြာရှည်စွာ တည်တံ့ဖို့မလွယ်ပါဘူး ၊မြန်မာလူမျိုးများမတည်တံ့ဘူးဆိုရင် မြန်မာရဲ့စကားလည်းပျောက်ကွယ်မှာပဲ။မြန်မာ့ယဉ်ကျေးမှုလည်းပျောက်ကွယ်မှာပဲ၊ဗုဒ္ဓမြတ်စွာသာသ
နာတော်ကြီးလည်းကွယ်ပျောက်သွားမှာပဲ။အဲဒီတော့ မြန်မာလူမျိုး အရှည်တည်တံ့ချင်ရင် ကိုယ့်အမျိုး ကို ကိုယ်ချစ်ရမယ်။မိမိလူမျိုး၊မိမိဘာသာမှလွဲပြီး ကျန်သော လူမျိုး ကျန်သောဘာသာ နဲ့ထိမ်းမြားခြင်းကို .. ရှောင်ကြဉ်ကြပါလို့ အထူးတိုက်တွန်းလိုတာပါ။တကယ်သာလိုက်နာကျင့်သုံးမယ်ဆိုရင် မြန်မာလူမျိုးဟာ ကမ္ဘာတည်သရွေ့ရှိနေမှာပါ။  

         အားလုံးလိုက်နာမှ ဖြစ်မှာပါ။အားလုံးမှာတာဝန်ရှိပါတယ်။အတိတ်က ဖြစ်ပျက်ခဲ့တာ ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဒုက္ခရောက်ခဲ့တဲ့ မြန်မာမိန်းကလေးများကို သံဝေဂယူ၊အတုယူပြီး ယခုအချိန်က စလို့ မြန်မာလူမျိုး ကမ္ဘာတည်သရွေ့တည်တံ့ဖို့အတွက် ဘာသာတူ ဇာတ်တူ လူမျိုးတူများနဲ့သာ ပေါင်းသင်း ဆက်ဆံ ထိမ်းမြားသင့်ကြောင်းပြောပြလိုတာပါ။

အထင်ကြီးလို့တော့မဟုတ်ပဲအတုယူသင့်တဲ့ ဟိန္ဒူလူမျိုးတွေရဲ့ ဇာတ်၊ လူမျိုးထိန်းသိမ်းပုံကို နည်းနည်းလေး ..ပြောပြ ချင်ပါတယ်။ဟိန္ဒူလူမျိုးတွေမှာ ဇာတ်နိမ့်၊ဇာတ်မြင့်ဆိုပြီး ဇာတ်ဝါဒခွဲခြားတာလေးတွေရှိတယ်။ ဇာတ်မြင့်ကပေါက်ဖွားလာတဲ့ မျိုးဆက်သစ်များက သူတို့ဇာတ်မြင့်ကို ကြာရှည်စွာတည်တံ့စေအောင် ဇာတ်မြင့်တဲ့သူအချင်းချင်းပဲ ပေါင်းသင်းဆက်ဆံတယ်။ထိမ်းမြားလက်ထပ်တယ်။ဇာတ်နိမ့်သမားကလည်း သူတို့ဇာတ်နိမ့်ဘဝကနေလွတ်မြောက်စေအောင် ဇာတ်မြင့်ဖြစ်အောင် ကြိုးစားတယ်။ ဒါပေမယ့်မရပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်မြင့်သမားက ရာခိုင်နှုန်း90ကျော်လောက်က ဇာတ်မြင့်ချင်းပဲပေါင်းသင်း ဆက်ဆံ လို့ပါ။ဒါက(သာဓက)လေးပါ။အတုယူသင့်ပါတယ်။

ဒါဖြင့်ရင် ဦးဇင်းတို့ မြန်မာလူမျိုး(အထူးသဖြင့် ဒကာမလေးတွေပေါ့) အပြစ်တင်လိုတဲ့အနေနဲ့ပြောချင်းမဟုတ်ပါ။သိသင့်သိထိုက် ရှောင်ကျဉ်သင့်ရှောင်ကျဉ်ထိုက်တာကိုသိစေလိုတဲ့စိတ်၊စေတနာနဲ့ပြောပြလိုတာပါ။မိမိရဲ့ လူမျိုး ဘာသာမှလွဲပြီး ကျန်တဲ့ ဘာသာမတူ လူမျိုးမတူ ဘယ်လိုပုဂ္ဂိုလ်မျိုးကမဆို ဘာနဲ့ပဲ ဖျားယောင်း ..သွေးဆောင် ပါစေ၊မိမိဘာသာ မိမိလူမျိုးကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပေးစေ ချင်ပါတယ်။ မိန်းကလေးများသာမက အားလုံးမှာ တာဝန်ရှိတာပါ။အားလုံးလိုက်နာရပါ့မယ်။ ဒါမှသာ မြန်မာလူမျိုး ဟာ မြန်မာ့မြေပေါ်၊ကမ္ဘာမြေပေါ်မှာ အရှည်တည်တံ့စွာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အမျိုးမတူ၊ဘာသာမတူတဲ့သူကို ပေါင်းသင်းဆက်ဆံမိရင်တော့ မြန်မာလူမျိုးများ ရေရှည်တည်တံ့ဖို့မလွယ်ကူပါ။ဒီနေရာမှာ မြတ်စွာဘုရားလက်ထက်က အမျိုးမတူ။ဇာတ်မတူတဲ့သူကိုပေါင်းသင်းမိလို့ ဒုက္ခရောက်သွားတဲ့ ဖွတ်တွေအကြောင်းကိုပြောပြ ချင်ပါတယ်။ (ကကဏ္ဍကဇာတ်)မှာ လာတာပါ။


           အဲဒီဇာတ်တော်မှာ မြတ်စွာဘုရားလောင်းတော်ဟာ ဖွတ်ငါးရာကိုဦးစီးနေတဲ့ ဖွတ်မင်းဖြစ်ပါတယ်။ ဟိမဝန္တာတောင်မှာ အဲလိုဖွတ်ပေါင်းငါးရာကိုဦးစီးပြီးနေလာခဲ့တာ အချိန်ကြာလာတော့ ဖွတ်သားလေး တစ်ကောင်က အမျိုးမတူတဲ့(ကကဏ္ဍက) ပုတ်သင်ခြောက်လေးနဲ့ မိတ်ဆွေ ဖြစ်နေပါတယ်။   ဘုရားလောင်း က အမျိုးမတူ၊ဇာတ်မတူနဲ့မပေါင်းသင်းသင့်ကြောင်း၊ အမျိုးမတူ၊ဇာတ်မတူ၊ဘာသာမတူနဲ့ပေါင်းသင်းမိပါက ဒုက္ခရောက်တတ်တယ်ဆိုတဲ့အကြောင်းကို ဖွတ်သားလေးကိုဆုံးမပါတယ်။ဒါပေမယ့် မရဘူး။ အဲဒီဖွတ်သားလေးက ပုတ်သင်ခြောက်လေးကို သွားသွားပြီးတော့ ဆော့တယ်၊ကြာလာတဲ့အခါကျတော့ ဖွတ်သားလေးလည်း ကြီးတာတယ်၊ပုတ်သင်ခြောက်လေးလဲကြီးလာတာပေါ့။ကြီးလာချင်းတူပေမယ့် ဖွတ်ကတော့ အကောင်ကြီးတာပေါ့။ ပုတ်သင်ခြောက်ကတော့ ကြီးလာတယ် ဆိုပေမယ့် တစ်လက်မ ပတ်လည်လောက်ပဲရှိတာပေါ့လေ။ဒီလိုနဲ့ ဖွတ်ကကြီးကြီးလာတော့ ပုတ်သင်ခြောက်ကို အပေါ်ကနေ လည်ပင်း ဖတ်၊ဖိထားပြီးကစားတော့ ပုတ်သင်ခြောက်က အတော်ခံရခက်နေပါတယ်။ဒါကြောင့် ပုတ်သင်ခြောက်က ရန်ငြိုးထားတာပေါ့။ဘယ်လိုရန်ငြိုးထားလဲဆိုတော့ “တွေ့ကြသေးတာပေါ့ နင်တို့ ဖွတ်တွေအမျိုးပြုတ်အောင် ငါလုပ်ပြမယ်ဆိုတဲ့”ရန်ငြိုးထားလိုက်ပါတယ်။နောက်ပြီး ပုတ်သင်ခြောက်က မိမိနေရာကို ပြန်ချင်ယောင်ဆောင်ပြီး ဖွတ်တွေနေတဲ့ လိုဏ်ဂူတွေကို အစဆုံးလိုက်ပြီး ကြည့်တယ်။ မှတ်သားတယ်။

တစ်နေ့တော့ တော်လိုက်မုဆိုးတွေက ခွေးအုပ်ကြီးနဲ့လာလိုက်တာ ကိုတွေ့တော့ ပုတ်သင်ခြောက်က ဟန်ကျပြီ။ဖွတ်တွေနေတဲ့ နေရာ ကိုပြပြီး ဖွတ်တွေမျိုးပြုတ်အောင်လုပ်မယ်ဆိုပြီး ပုတ်သင်ခြောက် က ရှေ့ ကနေ ..ပြေးပြ ခွေးတွေကနောက်ကလိုက်တာပေါ့။ဖွတ်တွေနေတဲ့ လိုဏ်ဂူရောက်တော့ အတွင်းထဲ ဝင်ပြေးပြီး အခြားပေါက်ကနေ လှည့်ထွက်ခဲ့ပါတယ်။ခွေးတွေ မုဆိုးတွေကလည်း ပုတ်သင်ခြောက်ကို အသည်းသန်ရှာဖွေ။ကျင်းတွေတူပြီးရှာ နောက်ဆုံးတော့ ဖွတ်တွေကိုသွားလည်းတွေရော ဖွတ်တွေမထွက် ခင် လိုဏ်ဂူပေါက် အားလုံးကိုပိတ်ဆို့ပစ်လိုက်ပါတယ်။ပြီးတော့ မီးနဲ့ရှို့ပစ်လိုက်တာ ဖွတ်မျိုးတွေ ကုန်သလောက်နီးပါးဖြစ်သွားပါတယ်။

ဒါကြောင့် အမိမြန်မာပြည်ရဲ့ယဉ်ကျေးမှု၊ဘာသာ၊သာသနာ၊လူမျိုးအရှည်တည်တံ့စေချင်တယ်ဆိုရင်တော့ ဖွတ်နဲ့ပုတ်သင်ခြောက်ရဲ့ ဇာတ်တော်ကို နမူနာယူပြီး မိမိနဲ့အမျိုးတူ၊ ဇာတ်တူ၊ဘာသာတူများကိုပေါင်းသင်း ဆက်ဆံသင့်တယ် ဆိုတာ လေးလေးနက်နက် ပြောပြပါရစေ။ အမျိုးမတူ၊ဘာသာမတူ။    
               ဇာတ်မတူသူနဲ့ပေါင်းသင်းခြင်းသည် အမျိုးပျောက်စေတတ်တယ်ဆိုတာ မြတ်စွာဘုရား လက်ထက်တော် တည်း ကရှိနေခဲ့တာဆိုတာ ထင်ရှားတဲ့ဥပမာပါ။မြန်မာလူမျိုးများဟာ အိပ်တဲ့ အခါ ခေါင်းရင်း(သို့မဟုတ်)အရှေ့ဘက်ကိုခေါင်းထားပြီးအိပ်လေ့ရှိပါတယ်။အနောက်ဘက်၊ခြေရင်းကို ခေါင်းထားပြီးဘယ်တော့မှမအိပ်ချင်ပါနဲ့။အဲလောက်ပြောရင်သဘောပေါက်လောက်ပါပြီ။အဘိုးအဘွား မိဘများရဲ့ကျေးဇူးတရားကိုတကယ်ဆပ်ချင်ရင်၊ကိုယ့်လူမျိုးကို ကိုယ်တကယ်ချစ်တယ်ဆိုရင် ဘာသာတူ၊ လူမျိုးတူ အချင်းချင်းပေါင်းသင်း ဆက်ဆံပါလို့တိုက်တွန်းချင်ပါတယ်။မသိသေးတဲ့ မိမိရဲ့အပေါင်းသင်း မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများကိုလည်း တစ်ဆင့်ပြောပြပေးဖို့လိုအပ်နေပါတယ်။

(၅)။ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပဒဿတိ၊ဒါကတော့ တမလွန်ဘဝနဲ့ဆိုင်ပါတယ်။ဆိုလိုတာက အဘိုးအဘွား မိဘများက သူတို့ကွယ်လွန်သွားတဲ့အခါကျန်ရစ်ခဲ့တဲ့ သားသမီး မြေးမြစ်များကို ကောင်းမှု ကုသိုလ်ပြုလုပ်တိုင်း သူတို့အားအမျှတန်းပေးဝေ လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ဒါကိုလည်း အားလုံး ဗုဒ္ဓ ဘာသာပီပီ ဒါန သီလ ဘာဝနာ ဘယ်လိုကောင်းမှုကိုပဲပြုပြု အဘိုးအဘွားများကို နာမည်ခေါ်ပြီး အမျှပေးပါ လို့တိုက်တွန်းပါတယ်။ယခုဖော်ပြခဲ့တဲ့ အချက်ငါးချက်ကို အားလုံးလိုက်နာကျင့်သုံးမယ်ဆိုရင် ဘိုးဘွား မိဘများရဲ့ကျေးဇူးတရားကိုလည်းဆပ်ရာရောက်သလို၊ကိုယ်အမျိုးကို ကိုယ်ချစ်ရာလည်းရောက်ပါတယ်။ ကိုယ့်အမျိုးကိုကိုယ်တကယ်ချစ်မယ်ဆိုပါက မြန်မာ့ယဉ်ကျေးမှု၊မြန်မာလူမျိုး၊မြန်မာစကားနဲ့ မြတ်စွာဘုရားသာသနာတော်ကြီးဟာ ကမ္ဘာတည်သရွေ့တည်တံ့နေမှာပါ။အားလုံးမှာတာဝန်ရှိပါတယ်။ဘယ်တော့မှ မမေ့ပါနဲ့လို့ အလေးနက်ထားပြီးတိုက်တွန်းလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ၊ကိုယ့်အမျိုးကို အသက်နဲ့လဲပြီးချစ်တတ်ပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>