2 3 4 5 6 7 8 9 10

Monday, August 6, 2012

အရှင်ဆန္ဒာဓိက၏ အဆုံးအမ သြ၀ါဒ မေတ္တာစာစုများ ( ၄ )





(၁၅) တစ်ခုလိုချင်လို့ တစ်ခုပေးတာ ဒါနမဟုတ်…
ကိုယ့်လက်ထဲကပစ္စည်း
သူတစ်ပါးလက်ထဲကို
ထည့်ပေးလိုက်တာကို
ပေးကမ်းတယ်လို့ ခေါ်ပါတယ်။
တစ်ဖက်သား
ကောင်းကျိုးရစေချင်တဲ့
စေတနာသက်သက်နဲ့
ပေးကမ်းတာမျိုးရှိသလို
ကိုယ့်အကျိုးအတွက်
အခွင့်အရေး တုံ့ပြန်မှုကို
မျှော်လင့်ပြီး ပေးကမ်းတာမျိုးလည်း
ရှိပါတယ်။
စေတနာသန့်သန့်နဲ့
ပေးကမ်းတာကို
ဒါနကုသိုလ် လို့ခေါ်ပြီး
ကိုယ်ကျိုးမျှော်လင့်ချက်နဲ့
ပေးကမ်းတာကိုတော့
လာဘ်ထိုးတယ်လို့ ခေါ်ပါတယ်။
 
 
 
 
(၁၆) စွန့်တတ်ရင် စွန့်ခရတယ်…
 
စိတ်ထားတတ်ရင်
အပိုပစ္စည်း၊ အပိုပိုက်ဆံ
တကူးတက အကုန်မခံရဘဲနဲ့
ဒါနကုသိုလ် ရနိုင်ပါတယ်။
သလိပ်၊ တံတွေး ထွေးတဲ့အခါ
နှပ်ညှစ်တဲ့အခါ
လက်သည်း ခြေသည်း ညှပ်တဲ့အခါ
ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါ
ကိုယ့်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို
ပုရွက်ဆိတ်လေးတွေ
ယင်ကောင်၊ ပိုးကောင်လေးတွေ
ပိုးလောက်လေးတွေ
စားကြသောက်ကြပါစေ
ချမ်းသာကြပါစေလို့
နှလုံးသွင်းလိုက်ရင်
စိတ်ထားမြင့်မြတ်တဲ့အတွက်
ဒါနကုသိုလ်၊ မေတ္တာကုသိုလ်လည်း
ဖြစ်သွားတာပါပဲ။
 
(၁၇) အတင်းပြော အကုသိုလ်အလုပ်…
 
အတင်းပြောတာ ၀ါသနာပါတဲ့လူတွေက
သူများပါးစပ် ငှားပြောတာ မဟုတ်ဘူး
ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘာဖြစ်လဲ။
ဟုတ်လို့ ဟုတ်တယ်ပြောတာ
မှန်လို့ မှန်တယ်ပြောတာ
ဘာဖြစ်လို့ နှုတ်သီးကောင်း လျှာပါးနဲ့
ရန်စကား ပြောတတ်ကြပါတယ်။
ဟုတ်ကဲ့ ဘာမှ မဖြစ်ပါဘူး
အကုသိုလ်ဖြစ်ရုံနဲ့ ငရဲကျရုံလောက်ပါပဲ။
ဘာလို့လဲဆိုတော့
အတင်းပြောတယ်ဆိုတာ
ဝစီဒုစရိုက်အမှု ကျူးလွန်နေတာမို့လို့ပါ။
 
( ၁၈) မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်ကြပါစေ…
 
မိဘကျေးဇူးကို ကျေတာ မကျေတာ
အဓိက မထားဘဲ မိဘကျေးဇူးဆပ်နေဖို့က
အဓိကလို့ နှလုံးသွင်းပြီး
လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ
မိဘကို အမြဲ ကျေးဇူးဆပ်နေဖို့ပဲ
အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော
စိတ်ပိုင်းဆိုင်ရာပါ
အဆင့်အတန်းမြင့်အောင်
ကျေးဇူးဆပ်နေတဲ့
သားကောင်း၊ သမီးကောင်းရဲ့
ထံမှောက်ကို
ကံကောင်းခြင်း လက်ဆောင်တွေ
အရပ်ဆယ်မျက်နှာကနေ
ဝင်လာမစဲ တသဲသဲ ဆိုသလို
အလုံးအရင်းနဲ့
ဝင်လာမှာကတော့
သေချာပေါက်ပါပဲ။
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>