2 3 4 5 6 7 8 9 10

Monday, August 6, 2012

ရှင်ဆန္ဒာဓိက၏ အဆုံးအမ သြ၀ါဒ မေတ္တာစာစုများ ( ၃ )


.
 (၁၁) လက်တွေ့လုပ်ပါ…
 
တရားအားထုတ်ဖို့ စိတ်ကူးရှိပါတယ်
ရိပ်သာဝင်ဖို့ အစီအစဉ်ရှိပါတယ်လို့
အနာဂတ်ကို မေးငေါ့ပြီး
မရေမရာ အာချောင်နေတဲ့သူ
ဘယ်နှခုနှစ်တုန်းက
ဘယ်ရိပ်သာမှာ ဘယ်နှစ်ရက်
တရားအားထုတ်ဖူးပါတယ်လို့
အတိတ်ကို စားမြုံပြန်ပြီး
ကိစ္စပြီးဆုံးနေသလို ၀င့်ကြွားနေတဲ့သူတွေက
အပ္ပမာဒတရား လက်ကိုင်ထားသူလို့
မသတ်မှတ်နိုင်ပါဘူး။
အပ္ပမာဒတရားရဲ့ အနှစ်သာရက
ပစ္စုပ္ပန်ကျကျ တကယ်လက်တွေ့
အလုပ်လုပ်နေခြင်းပါ။
 
 (၁၂) ဓာတ်ကူးကောင်းမှ ဓာတ်ကောင်းကူးမယ်…
မြတ်စွာဘုရားရှင်ရဲ့
ဂုဏ်တော်ပုဒ်အမည်တိုင်းရဲ့
နောက်ကွယ်မှာ
ကြည်ညိုလေးမြတ်ဖွယ်
လိုက်နာတုကျင့်ဖွယ်
အဓိပ္ပါယ်အနှစ်တွေက
နက်ရှိုင်းစွာ ကိန်းဝပ်နေတာမို့
ကိုယ့်စိတ်ဓာတ်နဲ့
ကိုယ့်လုပ်ရပ်ကို
အသန့်စင်ဆုံး
အမြင့်မြတ်ဆုံး
ဆောက်တည်လိုသူတိုင်း
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေကို
နှလုံးသားထဲမှာ အမြဲတမ်း
ဖော်ထုတ် ဆင်ခြင်နေသင့်ပါတယ်။
 
 
 
 (၁၃) မြန်မာလိုပွားလေ တန်ခိုးအစွမ်းထက်လေ…
 
မြန်မာနိုင်ငံသားတွေအနေနဲ့
ဘုရားဂုဏ်တော်တွေကို
မြန်မာလို အဓိပ္ပါယ်
ကျေကျေညက်ညက်သိအောင်
လေ့လာထားဖို့ သိပ်အရေးကြီးပါတယ်။
မြန်မာလူမျိုးတွေအတွက်
ဘုရားဂုဏ်တော်ကို
မြန်မာလိုပွားတာ အကောင်းဆုံးပါပဲ။
ပါဠိပါမှ အားရတယ်ဆိုရင်လည်း
ပါဠိ-မြန်မာတွဲဖက်ပြီး
ပွားများနိုင်ပါတယ်။
ပါဠိသက်သက် ရွတ်ပွားနေတာထက်
အဆပေါင်းများစွာ
ပိုထိရောက်ပါတယ်။
မြန်မာအဓိပ္ပါယ်နဲ့ပွားမှ
သဒ္ဓါအား ပီတိအား
ပိုကောင်းပြီး ကုသိုလ်ဇော
ပိုထက်သန်လို့ပါ။

  (၁၄) ချက်ချင်းထလုပ်…
 
ကောင်းမှုကုသိုလ် အလုပ်ဆိုတာ
လုပ်ချင်စိတ် ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက် ထလုပ်လိုက်မှ
ထမြောက်အောင်မြင် တတ်ပါတယ်
အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲနေမယ်ဆိုရင်
မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
 
 
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>