2 3 4 5 6 7 8 9 10

Friday, August 10, 2012

တို့ဖေဖေပြောပြတက်သော ပုံပြင်လေးများ ( အပိုင်း- ၁ )



..........အဖေက စေ့စပ်သေချာပြီး အလုပ်နဲ့ပတ်သက်လို့လည်း ဇွဲကောင်းသူ တစ်ယောက်ပါ။ စကား အပြော အဆို ကောင်းပြီး သူလိုရာကို သိမ်းသွင်ြးေ့ပာဆိုနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်။ ကျွန်မတို့မောင်နှမတွေကို ပြောဆို ဆုံးမတဲ့ အခါမှာလည်း ငယ်စဉ်ကလေးဘ၀ ကတည်းက အလွတ် ပြော တာထက် ဥပမာ ပုံပြင်လေးတွေနဲ့ နားလည်လွယ်အောင်၊ မှတ်မိလွယ်အောင် သင်ပြဆုံးမ တက် ပါတယ် ။ ကျွန်မတို့ အဖေဆုံးမတဲ့အခါတိုင်း....လူဟာ မနက်ထက် ညမှာ ပညာပိုရှိရမယ်.....မနေ့ကထက် ဒီနေ့က အသိဥာဏ် သာရမယ်.....
အသက်ကြီးတာနဲ့အမျှ ဦးဏှောက်အလေးချိန်ပိုစီးရမယ်......ဆိုတဲ့စကားလေးတွေနဲ့စလေ့၇ှိပြီး ...အေး အဖေတို့က နည်းကောင်းလမ်းမှန်ကို ပြောပဲပြောနိုင်တာ လိုက်နာမယ် မလိုက်နာဘူးဆိုတာကတော့ သားတို့ သမီးတို့ သဘောပဲ ...
”ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ် ကိုယ်လုပ်တာကိုယ်ရမှာပဲ” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ အဆုံးသတ်လေ့၇ှိပါတယ်။ ဒီဆောင်ပုဒ်လေးကကျွန်မ အရမ်းသဘောကျတဲ့ ဆောင်ပုဒ်လေးပါ။ ဟုတ်တာပေါ့..ကိုယ်ဖြစ်ချင်တာလုပ် ..ကိုယ်လုပ်တာရမှာပဲလေ...ဘာလျှို့ဝှက်ချက်မှကိုမပါဘူး။ ရိုးရိုးလေးပဲ..ထားပါ... အဖေ ပြောတက်တဲ့ပုံပြင် အချို့ရဲ့ လိုက်နာသင့်တာလေးတွေ၊ မှတ်သားသင့်တာလေးတွေကို ကမ္ဘာသစ်က ညီအစ်ကိုမောင်နှမတွေ ကိုပါ ထပ်တူထပ်မျှ မျှဝေ အသိပေးလိုက်ပါတယ်။


..........တစ်ခါက ကမ်းနားတစ်နေရာမှာ ဦးမြ ငါးမျှားနေပါတယ်။ ဘေးမှာလည်း တခြား ငါးမျှားသူတွေ ၇ှိတယ်ပေါ့နော်။ ထူးဆန်းစွာပဲ ဦးမြက ငါးအကြီးကြီးတွေရပြီဆိုရင် ရေထဲကို ပြန်လွှတ်ပြီး ငါးသေးလေးတွေ ရမှ သူ့ခွက်လေးထဲ ထည့်သတဲ့။ ဒါကိုမြင်တော့ အထူးအဆန်းဖြစ်နေတဲ့ လူကြီး တစ်ယောက်က ဒီအကျိုး အကြောင်းမေးတော့ ကျွန်တော်မှာ ရလာတဲ့ ငါးအကြီးတွေကို ကြော်ဖို့ ဒယ်အိုးကြီးမရှိလို့ ပြန်လွှတ်နေရပြီး ရှိတဲ့ဒယ်အိုးလေးနဲ့ ကိုက်မယ့် ငါးလေးတွေကိုပဲ ဖမ်းယူရပါတယ်လို့ ပြန်ဖြေတယ်တဲ့။ အဖေကျွန်မတို့ကို ပြောတဲ့ အချိန်ကတော့ ပညာရေးကို ကြိုးစားသင်ယူဖို့နဲ့ ပတ်သတ်ပြီးပြောတာပါ။ အဖေက ပညာရေးကို အရမ်းအားပေးသူပါ။ သူဆိုလိုချင်တာက ဒယ်အိုးကြီးနဲ့တူတဲ့ အသိပညာ၊ အတက်ပညာ၊ အတန်းပညာတွေ ကိုယ့်မှာရှိထားရင် ငါးကြီးနဲ့ တူတဲ့ အခွင့်အရေးကောင်းတွေ၊ အလုပ်အကိုင်ကောင်း၊ ရာထူးကောင်းတွေကို လက်ဆုတ် လက်ကိုင် အရယူနိုင်တယ်လို့ ဆိုလိုချင်တာပါ။ ဘာမှ အလကား၊ အချောင်ဆိုတာ မရတဲ့ ခောတ်မှာ( အခုခောတ်ပိုဆိုးသေးတယ်) တန်ရာတန်ြေ့ကးအဖြစ်တော့ ထိုက်တန်တာ ပေးရ လဲကြ ရတာ ပဲလေ။ ရာထူးကောင်း၊ အလုပ် အကိုင်းကောင်း တစ်ခုဆိုတာကလည်း တော်ရုံ တန်ရုံ အသိပညာ၊ အတက်ပညာ နဲ့တော့ လွယ်လင့်တကူ ရတက်တာမျိုးမှ မဟုတ်ဘဲ။ မြန်မာနိုင်ငံ ပညာရေးဆိုတာက လည်း..အရေအတွက်နဲ့ အရည်အချင်း ညီမျှခြင်းအချိုးချလို့ မရတာကများတယ်လေ။ အဲဒီလိုလူတွေချင်း အတူတူ ကိုမှအရူးကတမူးသာ၊ အနူချင်းခွက်ဇောင်းခုတ် ကိုယ့်လောက်မှ မတော် မတက်တဲ့သူ တချို့က အကပ် ကြောင့်သော် ၄င်း၊ ငွေထုပ်ကြောင့်သော်၎င်း အလုပ်ကောင်း ရာထူးကောင်းတွေရသွားကြတဲ့ အဖြစ် အပျက်တွေကို ကိုယ်တွေ့ရော၊ သူများတွေ တွေ့တာရော၊ လူပြောသူပြောတွေရော ခဏ ခဏ ကြုံတွေ့၊ ကြားသိနေရတော့ သူတို့ကို မနာလို မဖြစ်မိတာသေချာပေမယ့်ကိုယ်ကိုကိုယ် ယုံကြည်ချက်မဲ့ သလိုလို၊ အားငယ်သလိုလို ဖြစ်လာတာတော့ အမှန်ပဲလေ။ ကျွန်မဆရာမပြောတဲ့ စကားလေးတော့ သွားသတိရမိ ပါရဲ့။ ”ငါ့သမီးကိုယ်လုပ်ရမဲ့ အလုပ်ကိုသာ တာဝန်ကျေအောင်၊ ကောင်းမွန်အောင်လုပ် စာကြိုးစားရမှာဆို စာကိုပဲအာရုံပြု ကြိုးစား၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြိုးစာနေသူ တစ်ယောက်ဟာ သူနဲ့ထိုက်တန်တဲ့ နေရာ ကောင်း အနည်းဆုံး တစ်နေရာက သူ့ကိုစောင့်နေလိမ့်မယ်တဲ့” ဒီစကားလေးကိုပြန်ကြားမိပြီးပဲ ခွန်အားတွေ ယုံကြည်မှု့ တွေ ပြန်မွေးရပါတယ်။
..........အဲဒါတွေကို စဉ်းစားမိရင် ငယ်ငယ်က တို့တွေသင်ကြားခဲ့ရတဲ့ ”တံငါသည်နဲ့တံခါးမှုး” ပုံပြင်လေးကိုသတိရမိတယ်။ ဒီပုံပြင်ကို မသိသူမရှိသလောက်ပါပဲလေ။ အဓိကဇာတ်ဆောင်နှစ်ယောက်၊ တံငါသည်ကဇာတ်လိုက်၊ တံခါးမှုးကဗီလိန်။ တံခါးမှုး လက္ခဏာက ရှင်း၇ှင်းလေး...လာသမျှ လူဆီက  ဂိတ်ကြေး တောင်းမယ်။ မရရင် ၀င့်ခွင့်မပေးဘူး။ သူ့ကို လခ ရိက္ခာပေးထားတဲ့ ရှင်ဘုရင်အရေး ကိစ္စကို လည်း သူမထောက်ထားဘူး။ လောဘကြီးတဲ့အမှု့ထမ်းဆိုးတို့ရဲ့ ယေဘုယျ စရိုက်လက္ခဏာ။ တံငါသည် က တော့ ယေဘုယျမဟုတ်၊ ထူးခြားတယ်။ အပြင်မှာ တံခါးမှုးလိုလူတွေ နေရာတကာမှာတွေ့နိုင်ပေမယ့် တံငါသည် လိုလူမျိုးကတော့ တွေ့နိုင်ခဲပါတယ်။ သိကြတဲ့အတိုင်းပဲ...နန်းတွင်းမှာ ငါးအရေးတကြီး လိုနေ ကြောင်း သူသိရလို့ မုန်းတိုင်းကျနေတဲ့ကြားကနေ ပင်လယ်ထဲထွက် ငါးရအောင်သူရှာခဲ့တာ။ ဈေးကောင်းကောင်းလိုချင်လို့ ငါးကိုဈေးကောင်းကောင်းရမဲ့ နန်းတွင်းထဲသွားရောင်းပါတယ်ဆိုမှ ဘုရင်နဲ့သူ့အကြား လာဘ်စားတဲ့တံခါးမှုးကပေါ်လာတာလေ။ တော်ရုံလူဆိုရင်တော့မချစ်သော်လည်းအောင့်ကာနန်း သည်လူကိုပဲ မျက်နှာချိုသွေးပေါင်း တက်နိုင်သမျှ အသက်သာဆုံးဖြစ်အောင်ဈေးညှိပြီး စားပွဲကိုဖြတ်သန်းမှာပေါ့။ သူကတော့ဒီလိုမဟုတ်ဘူး။ ကိုယ့်ပစ္စည်းကို တန်ရာတန်ဖိုး ရဖို့အတွက် သူတပါးကိုအောက်ကျို့တာမျိုး သူဝါသနာမပါဘူး။ မဟုတ် မတရား လုပ်တာမျိုး လည်း သူနည်းနည်းမှ သည်းမခံနိုင်။ ဒါမျိုးနဲ့တော့ တပြားမှ မရရင်နေပါစေကွာ လို့သဘောထားတယ်။ တချို့ကတော့ သူ့စိတ်ဓာတ်ကိုအစွန်းရောက်တယ်လို့ပဲပြောမလားပဲ။ ဘုရင်နဲ့တွေ့ပြီး ဆုလာဘ်ကိစ္စကြားတာတောင် စိတ်ြေ့ပာင်းမသွားပဲ ကြားထဲက အလကားလိုချင်နေသူကို ပညာပေးသွားတဲ့ သူ့စိတ်ဓာတ် ကို ကျွန်မ အရမ်းသဘောကျပါတယ်။ တံခါးမှုးက ရတာကိုတ၀က်ခွဲပေးဖို့ တံငါသည် သဘောတူပြီး ကြိမ်ဒဏ်အချက်တစ်ရာတောင်းတယ် ဆိုတဲ့ သူ့လုပ်ရပ်က လက်စားချေတာထက် ပညာပေးတယ် ဆိုတဲ့သဘောပဲသက်ရောက်တယ်လို့ ကျွန်မမြင်တယ်။ ဟာသဓာတ်ခံလည်းရှိတယ်လေ....
...........”ငါ့မြင်စီးတဲ့အကောင် သိရောပေါ့ကွာ၊ သူ့လှေ ငါဖိလှော်မယ်” ဆိုတဲ့ ပုံပြင်ထဲကလို တုံးလို့ ရယ်ရတဲ့ ကလဲ့စားချေဥာဏ် မျိုးနဲ့တော့ကွာချင်တိုင်းကွာတယ်။ အဖေပြောတဲ့ တခြားပုံပြင်ထဲမှာလည်း ဘုရင်တစ်ပါး ရှေ့မှောက်မှာ လူနှစ်ယောက် ရောက်လာတယ်။ ဘုရင်က မောင်မင်းတို့ထဲက ကြိုက်တဲ့ တစ်ယောက်က ကျုပ်ဆီလိုရာဆုတောင်းပါ။ အဲဒီလူကို သူတောင်းတဲ့အတိုင်းပေးမယ်။ ကျန်တဲ့သူကိုပထမလူထက် နှစ်ဆပေးမယ်တဲ့။ အော်..မေ့လို့..ပုံပြင်ထဲကလူနှစ်ယောက်က တစ်ယောက်ကလောဘကြီး
သူ၊ တစ်ယောက်က မနာလိုစိတ်ကြီးတဲ့သူလေ။ ကဲဘယ်လိုများလုပ်မလဲ..ဘုရင်က ပညာရှိနှိပ်စက်နည်းနဲ့ နှိပ်စက်နေသလားပဲနော်။ သူတို့ဘယ်လောက်နှိပ်စက်ခံသွားရလဲဆိုတော့ သူတို့စိတ်ဓာတ်ပေါ်မှာပဲမူတည်ခဲ့တာပါပဲ။ ဘုရင်က ဘယ်သူတောင်းမလဲမေးတော့ ရုတ်တရက် သူတို့ မဖြေနိုင်ကြဘူး။ ဘယ်ဖြေနိုင်မလဲ..လောဘ ကြီးသူက သူနှစ်ဆရချင်တယ်။ မနာလိုသူကလည်း တဖတ်လူပိုရသွားမှာကို နည်းနည်းမှ မလိုလားဘူး။ နောက်ဆုံးမနာလိုသူက မလွဲမရှောင်သာ တောင်းတယ်။ ”ကျွန်တော်မျိုးရဲ့ မျက်လုံး တစ်ဖက်ကိုဖောက်ထုတ်ပေးပါဘုရား” တဲ့။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ စိတ်ဓာတ်လဲနော်။ ကျွန်မသဘောကျပါတယ်ဆိုတဲ့တံငါသည်စိတ်ဓာတ်က အဲလောက် မညစ်ထေး၊ မမည်းမှောင်ပါဘူး။ ထားပါ..ကျွန်မပြောချင်တာက တံခါးမှုးလိုလူတွေကိုမြင်ရ၊ တွေ့ရ၊ ကြားရရင် တံငါသည်ကိုသာသွားသတိရမိတော့တယ်ဆိုတာပါ။
............စာရေးတာ တောင်ရောက်မြောက်ရောက်ဖြစ်နေလားပဲနော်....နားလည်ပေးပြီးတော့သာ ဖတ်ပေးကြပါလို့ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘသစ်ကမောင်နှမတွေကိုတောင်းပန်ရင်း( အပိုင်း ၂ ) ရေးမှ ပိုကောင်းအောင် ရေးသွားပါ့မယ်နော်။
*** အားလုံးသော ကမ္ဘာသစ်က မောင်နှမတွေ ကျန်းမာချမ်းသာပြီး တံခါးမှုးလိုလူမျိုးတွေနဲ့ ကင်းကွာ ရှောင်ရှားနိုင်ကြပါစေ ***
Posted by KyiMyoKhaing

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>