ငါ့အိမ်ခြံမြေ မကျယ်ပေမဲ့
ဖူးလာပွင့်လာ ပန်းတကာနှင့်
ရွက်ဝါကြွေလွင့် လွမ်းဖွယ်ရာသီ
ငါ ခံစားကာ ကဗျာဖွဲ့၏။
ရာသီပင်လည်း စိုက်ကာပျိုးလျက်
သီးလာ ဖူးလာ သီးနှံများစွာ....
မြည်ကာထစ်ချုန်း မိုးစက်များစွာ...
ငါ ခံစားကာ ကဗျာဖွဲ့၏။
ဖူးလာပွင့်လွာ ပန်းများစွာနှင့်
အေးမြသင်းပျံ ဆောင်းရနံကို
ငါခံစားကာ ကဗျာဖွဲ့၏။
ဆယ့်နှစ်ရာသီ ပတ်လည်သီရာ
ငါ့ကဗျာတွေ ကုဋေကုဋာ......
ငါရွက်ဖတ်ကာ ၊ ဆိုချင်သော်လည်း
ကဗျာနှင့်အခွင့်....အခွင့်နှင့်အခါ
မသင့်ပါသေး.....
ခုသော်....ချိန်ခါ မင်းရပါလျှင်
ငါ၏ ကဗျာ မင်းလာဖတ်လှည့် သူငယ်ချင်း။
ခင်စိုးထွဋ်
Posted by khin soe htut on March 8, 2011 at 10:30am
No comments:
Post a Comment