2 3 4 5 6 7 8 9 10

Wednesday, August 8, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၁၂ )



၁။ မြေပြင်မှာ မြင်ရတဲ့ ကိစ္စကိုတောင် ဖန်တီးချင်သလို မဖြစ်ခဲ့ရင် မြေအောက်က မမြင်ရတဲ့ ကိစ္စကို ဘယ်လိုဖြစ်အောင် ဖန်တီးချင်လို့လဲ။
၂။အဆင့် တူမှ အမြင်တူ အသိ တူတာ။ ကိုယ်နဲ့တူတဲ့ ကိုယ်လိုလူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ တစ်ယောက်ထဲပါ။
၃။လူမိုက်ကို မပေါင်းမိပါစေနဲ့၊ မိမိကိုယ်တိုင် လူမိုက်မဖြစ်ပါစေနဲ့၊ လူမိုက်တွေလုပ်တဲ့ အကုသိုလ် ကံမိုက်ကိုလဲ မလုပ်မိပါစေနဲ့၊ ကိလေသာ စိတ်မိုက်ကိုလဲ မဖြစ်မိပါစေနဲ့။
၎။သူစိမ်းတွေကို ဆွေမျိုးရင်းလို ဆွေမျိုးရင်းကို သူစိမ်းတွေလို ဆက်ဆံရတာ တစ်ခါတလေ အလွန်ကောင်းတယ်၊ နားလည်ပေးပါ။
၅။အပြစ်မဟုတ်လောက်တဲ့ အပြစ်ကို လူကြားထဲမှာ ပြောပြီး အပြစ်ဖြစ်တဲ့ အပြစ်ကို တိုးတိုးတိတ်တိတ် ဆုံးမကြည့်ပါဦးလား!




၆။ပြဿနာကို ရှာတဲ့သူ ပြဿနာထဲ ပါတဲ့သူ ပြဿနာမှ လွတ်တဲ့သူ ဘယ်လိုလူ ဖြစ်ချင်သလဲ။
၇။လုပ်တိုင်းဖြစ်တယ်ဆိုပြီး ဖြစ်တိုင်း မလုပ်ပါနဲ့။
၈။အလုပ်မဖြစ်ရင်နေ ပြဿနာ မဖြစ်ပါစေနဲ့။
၉။နစ်မွန်းအောင် အနှစ်ခံလိုက်ရင် အနေရခက်တယ်။ အောက်ကိုလည်း သက်ဆင်းတတ်တယ်။ “နှစ်သက်” တယ်ဆိုတာ အနေရအခက်ဆုံးပါ။
၁၀။အသိဥာဏ်ရှိသူက လောကတာဝန်ကို မယူဝံ့လျှင် အသိဥာဏ်မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ် မမြင်။
၁၁။ဆုံးမတယ်ဆိုတာ နေတတ်ထိုင်တတ် ပြောဆိုတတ်ဖို့ စိတ်ထားတတ်ဖို့ နားလည်မှုရှိဖို့ သုံးမျိုးကြောင့်သာ ဆုံးမရတာပါ။

.............................
Posted by khineyinwin on May 15, 2011

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>