2 3 4 5 6 7 8 9 10

Monday, August 6, 2012

ပြည်ထောင်စုပွဲ



* ပြည်ထောင်စုအလံ
မြူးပျံပေါ့လေထဲ။
ညီနောင်စုံ ချစ်ကြည်ရေး
သွေးစည်းသည့်ပွဲ။

* ပြည်ထောင်စုအသံ
ကြွေးကြော်သံညံမစဲ၊
ညီနောင်စုံ ချစ်ကြည်ပြော
နှီးနှောသည့်ပွဲ။

* ပြည်ထောင်စုအားမာန်
ထက်သန်လို့ခိုင်မြဲ။
ညီနောင်စုံ ရန်ခပင်း
ဖြိုခွင်းသည့်ပွဲ။

* ပြည်ထောင်စုဓိဌာန်
ဇွဲဥာဏ်နှင့်ယှဉ်တွဲ
ညီနောင်စုံ ရှေ့ စခန်း
တက်လှမ်းမည့်ပွဲ။

* ပြည်ထောင်စုမှာ ညီနောင်များ
တိုင်းရင်းသားစုံစွာ
ရုံးစည်းကြကာ။

* ကယားတဖြာ၊ မွန်မြန်မာတနဲ။
ရှမ်းလဲအတူပါ
ချင်းလဲအတူပါ
ကရင်လဲအတူပါ
ကချင်လဲအတူပါ
ရခိုင်လည်းအတူပါသည်။
ညီညာစွာ ပြည်သာကြောင်း
စုပေါင်းဆင်နွှဲ။

မင်းယုဝေ
(15.2.1969)

Posted by khin soe htut on February 12, 2011 at 6:30am


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>