2 3 4 5 6 7 8 9 10

Monday, August 6, 2012

အလှတရားနောက်ကွယ်





                 လူတိုင်းအလှတရားကို လိုချင်မက်မောသူတွေချည်းပါဘဲ။ သဘာဝတရားက ဖန်တီးပေးတဲ့ အလှတရား ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှူကုသိုလ်ကြောင့် ရတဲ့အလှတရား မျိုးရိုးကြောင့်လှပတဲ့ အလှတရား စသည်ဖြင့် အလှတရားများစွာရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ ယောက်ျားလေး တစ်ယောက် အတွက် အလှတရားက အရေးမပါပေမဲ့ သင့်တင့်သော ရုပ်ရည်မျိုးတော့ရှိသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့ ကြင်ဖက်နဲ့ ဘ၀မှာ အတူနေတဲ့အခါ သူသူကိုယ်ကိုယ် မျက်နှာလေးကို တစ်ယောက် နဲ့တစ်ယောက် ကြည့်ရူ့ရင်း နေသွားကြရမှာလေ။ အဓိကကတော့စိတ်ထားလေးကိုပြောချင်တာပါ။ အရင်ဘ၀ဒါနကုသိုလ်တွေနည်းခဲ့လို့ ဒီဘ၀မှာ စိတ်ထားကို ဖြူဖြူစင်စင်လေး ထားပြီး ကောင်းသော ဒါနကုသိုလ်ပါရမီတွေ ဖြည့်မယ်ဆိုရင် နောင်ဘ၀မှာ မင်းသားမင်းသမီးလေးတွေလို မချောခဲ့ရင်တောင် ကိုယ်ပြုတဲ့ကံတွေက အပယ်က လွတ်မယ်ဆိုရင် ကျွန်တော်တို့လို ဗုဒ္ဓဘာသာတွေအတွက်မြတ်သော အလုပ်တွေ လုပ်နေရတယ်လို့ဘဲ သဘောထားရတာပါ။
      ကိုယ်လုပ်တဲ့ကောင်းမှူကုသိုလ်တွေကြောင့် နတ်လူသာဓုခေါ်မယ်ဆိုရင် ကိုယ်လုပ်တဲ့အလုပ်တွေက အကုသိုလ်တွေ ကင်းမယ်ဆိုရင် ဘာတွေကို မျှော်ပြီးဘာတွေကိုကြောက်နေ ရဦးမှာလဲ။ ခေတ်တွေ ဘယ်လောက်ပဲ တိုးတက်ပါစေ ကျွန်တော်တို့ယူတဲ့ ဘာသာတရားက ဘယ်တော့မှပြောင်းလဲမသွားပါဘူး။ အလှတရားကို ပိုင်ဆိုင်စေချင်တာက စိတ်ထားလေးကို ပြောတာပါ။ ရုပ်လှတာမလှတာကတော့ ရှေးက ကံရယ် မျိုးရိုးရယ် ဒါတွေက ဖျောက်ဖျက်လို့မှမရတာ....။ ခေတ်တွေတိုးတက်လဲ ဘာသာတရားက တဖြည်းဖြည်းဆုတ်ယုတ်သွားတာမဟုတ်ပါဘူး။ ဘာသာတရားကလည်းပိုပြီးတိုးတက်လာပါတယ်။ ရပ်ဝေးကိုရောက်နေကြတဲ့ ကျနော်တို့လူမျိုးတွေလည်း အနေဝေးပေမဲ့ တရားထူးတရားမြတ်တွေ နားကြားနိုင်ပါတယ်။ ခေတ်မှီစက်ကိရိယာတွေရှိတယ် ကျေးဇူးရှင်ဆရာတော်ကြီးတွေက နယ်လှည့် တရားဟောတယ်။ အဓိကကတော့ ကိုယ်ကလုပ်နိုင်ဖို့ဘဲလိုတာပါ။
         ဒီခေတ်မှာ တချို့သော မိန်းကလေးတွေက အလှတရားအတွက်မြင်စေချင် လို့ခေတ်မှီ အ၀တ်အစားတွေဝတ်တယ် အပြစ်မပြောပါဘူး။ လှလည်းလှတော့ဝတ်ချင်စားချင်တာ သဘာဝဘဲလေ။အဲ့ဒီနောက်ကွယ်ပါ....။
မိန်းကလေးတစ်ယောက်က သာမန်ထက်ပိုပြီး ကြည့်လို့ကောင်းတယ်။ ၀တ်တတ်စားတတ်တော့ ပိုပြီး စွဲမက်စရာ ကောင်းတာပေါ့။ ဒါပေမဲ့ မဆင်ခြင်နိုင်တော့ သူရဲ့အလှတရားကြောင့် ပုရိသတွေက စွဲမက်လာကြပြီ။ လိုချင်တတ်မက်လာကြပြီ။ သူမှာ လင်ယောက်ျားမရှိပေမဲ့ ချစ်သူရည်းစားရှိနေမယ်။ တခြားတစ်ယောက်ကလည်းလာရစ်နေမယ်ဆိုရင် အဲ့ဒီသူ့ကောင်လေးက စိတ်မချမ်းမသာဖြစ်မယ် ။ ကောင်မလေးကို အပြစ်ပြောမယ် ဒီလိုမနေဖို့ တခြားယောက်ျားလေးတွေနဲ့ကင်းကင်းနေဖို့ .....။  ကောင်မလေးက ၀တ်ချင်စားချင်တာက တစ်ကြောင်းနောက်လာတဲ့လူက အရင်လူထက် အဆင်ပြေပြေဖြစ်နေတယ်ဆိုရင် ကောင်လေးကို အကြောင်းရှာပြီး ဖြတ်လိုက်တယ်။ ကောင်လေးက မခံမရပ်နိုင်ဖြစ်ပြီး ကောင်မလေးနဲ့နောက်တစ်ယောက်ကို ပြသနာရှာတယ်။ နောက်ဆက်တွဲတွေက အကုသိုလ်တွေချည်းပါဘဲ။ လူတွေအားလုံးမှာဆင်ခြင်နိုင်ဖို့   ဦးဏှောက်ရှိပါရက်နဲ့ အရွယ်ကြောင့် မဆင်ခြင်နိုင်ဘူး။ အတွေ့အကြုံကြောင့်မဆင်နိုင်ကြဘူး။ နောင်တတွေကို မျက်ရည်တွေနဲ့ အစားထိုးရင်တောင် မှားခဲ့တဲ့ အမှားတွေကိုတော့ ချေဖျက်လို့မရနိုင်ပါဘူး။
            ဘ၀တစ်ခုကို ဖြတ်သန်းကြတဲ့အခါ ဆင်ခြင်တုံတရားတွေ တွေးခေါ်မျှော်မှန်းမှုတွေ စဉ်းစားတိုင်းထွာခြင်းတွေနဲ့ ဖြတ်သန်းစေချင်တယ်။ အတိတ်က ပြုခဲ့ဖူးတဲ့ကံက ကောင်းတယ်ဘဲထား ဒီဘ၀မှာ ထပ်လုပ်မဲ့ ကံတွေကြောင့် နောင်ဘ၀မှာ အရောင်ပိုမမှိန်စေချင်ဘူး။ စိတ်ထားလေးကို ဖြူစင်အောင် အလိုရမ္မက်နည်းအောင် လူငယ်ဖြစ်ပေမဲ့ အသိတရားကို ထိန်းချူပ်နိုင်အောင် ကြိုးစားစေချင်ပါတယ်။
        လောကကြီးမှာက ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်အောင် အဆင်သင့်ပေးမထားပါဘူး။ ဘယ်ရူ့ထောင့်ကဘဲ ကြည့်ကြည့် စားမေးပွဲစစ်နေသလိုဘဲ။ စီးပွားရေးအတွက် အလုပ်ဘဲလုပ်လုပ် ကိုယ့်ဘက်က ကြိုးစား ရုန်းကန်နေမှတော်ရုံကျတာပါ။ ဒီလိုပါဘဲ အပယ်ကလွတ်အောင် ကျနော်တို့လဲ လိုချင် အတ္တလေးတွေ ကို ထိန်းချုပ်ရအောင်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။ ကုသိုလ်လေးများနည်းနေသလား ဘာဝနာတွေကော ပြည့်ပြီလား ဒါနတွေကော လုပ်ပြီးပြီလား ဆန်းစစ်ကြည့်ရအောင်...။ တကယ်လို့ တခုခုမှာ အားနည်းမယ်ဆိုရင် နောင်ဘ၀မှာ ရုပ်ရည်မချောမလှမှာထက် အပယ်ငရဲကမလွတ်မှာကိုဘဲ စိုးရိမ်လို့ပါ။

ကြိုးစားပါဦးမည်။
လေးစားစွာဖြင့်
ကိုလင်း
Posted by kolynn on February 16, 2011 at 10:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>