သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော် အဖြေရှာမတွေ့ဘူး ဖြစ်နေတယ်… “သူငယ်ချင်းဆိုတာ ဘာလဲ” ဆိုတဲ့ စကားလုံးကို အနက် အဓိပ္ပါယ်ဖွင့်ဖို့ ကျွန်တော် မသိပါဘူး..
သူငယ်ချင်းဆိုတာကို တွေးလိုက်မိ တိုင်း…ေ၀၀ါးလာတဲ့ မျက်ဝန်းတစုံ နဲ့ ဆို့နင့်တက်လာတဲ့ ရင်တစုံကို
ဘယ်လို ကုစားရမှန်းလဲ ကျွန်တော် မသိပါဘူး……..
ကျွန်တော်ငယ်ငယ်တုန်းက အရမ်းချစ်တဲ့သူငယ်ချင်းတယောက်ရှိခဲ့ပါတယ်…အမြဲ မခွဲအတူတူရှိခဲ့တဲ့သူပေါ့…
သူ့နာမည်က လင်းလတ်လတ်လှိုင်တဲ့….ကျွန်တော်က “လင်း” လို့ပဲခေါ်ပါတယ်….သူက ကျွန်တော့်ကို “မေ” လို့
ခေါ်ပါတယ်……သူက အရမ်းအေးပြီး အရမ်းချစ်ဖို့ကောင်းတယ်…ပြီးတော့ ကျွန်တော့်ကိုလည်း အရမ်းအလိုလိုက်တယ်
အရမ်းလည်း ချစ်ပါတယ်…..
ကျွန်တော်က ငယ်ငယ်လေးကတည်းက အရမ်းချူချာတာဗျ…အာသီးရောင်တဲ့ရောဂါတဲ့လေ...အမြဲတမ်းကိုဖြစ်နေတာ…
သူများတွေက တခါတလေမှဖြစ်ပြီး… ကျွန်တော်ကတော့ အာသီးယောင်တဲ့ရောဂါကို နှစ်ပတ်လည် ကန်ထရိုက်ယူထား
သလိုပါပဲ… အမြဲတမ်းလိုလို ကိုဖြစ်နေတာ…နေမကောင်း ဖြစ်နေတာတွေက များတော့ ကျောင်းကိုလည်း သိပ်ပြီးတော့
မှန်မှန်မတက်နိုင်ပါဘူး…ဒါပေမယ့် ကျောင်းမှာ သင်တဲ့သင်ခန်းစာတွေ စာတွေကို ကျွန်တော် မသိလိုက်ဘူး ဆိုတာ
ဘယ်တော့မှ မရှိဘူးဗျ “လင်း” က ကျွန်တော့်အတွက်ကူးထားပေးပြီး…ကျွန်တော့်ကို လာပြန်သင်ပေးတာ.. “လင်း” က
တခါတလေ ကျွန်တော့်ဆရာမပါ… ကျွန်တော်က အိမ်မှာ အငယ်ဆုံးဆိုတော့ နဲနဲတော့ ဆိုးချင်ပါတယ်…
ဂဂျီဂဂျောင်လည်း အရမ်းကျတယ်… အဲဒီအခါတွေဆို.. လင်းက ကျွန်တော်လုပ်ချင်တာတွေ
ကျွန်တော်ဖြစ်ချင်တာတွေ ကို ဘယ်တော့မှ မရဘူး ဆိုတာ မရှိစေရဘူး မညည်းမညူ လုပ်ပေးခဲ့တာချည်းပါပဲ… ကျွန်တော် နေမကောင်းဖြစ်နေပြီ ဆိုရင် အိမ်ကလူတွေထက်တောင် သူက ပူပင်နေပါသေးတယ်… “အဖျားကျသွားပြီလား” “နင်ဆေးကောသောက်ရဲ့လား”
ဂဂျီဂဂျောင်လည်း အရမ်းကျတယ်… အဲဒီအခါတွေဆို.. လင်းက ကျွန်တော်လုပ်ချင်တာတွေ
ကျွန်တော်ဖြစ်ချင်တာတွေ ကို ဘယ်တော့မှ မရဘူး ဆိုတာ မရှိစေရဘူး မညည်းမညူ လုပ်ပေးခဲ့တာချည်းပါပဲ… ကျွန်တော် နေမကောင်းဖြစ်နေပြီ ဆိုရင် အိမ်ကလူတွေထက်တောင် သူက ပူပင်နေပါသေးတယ်… “အဖျားကျသွားပြီလား” “နင်ဆေးကောသောက်ရဲ့လား”
“နင်ဘာစားပြီးပြီလဲ” အားလုံးအသေးအဖွဲလေးတွေက အစ သူ ကျွန်တော့်ကို ဂရုစိုက်ပါတယ်.. အဲဒီအခါ ကျွန်တော်က
“လင်း” ရယ်နင်ကလည်း နားပူလိုက်တာဟာ လို့ပြောရင်“အေး အေး..နင်ငါမရှိမှသိမယ်” အမြဲပြန်ပြောတတ်ခဲ့ ပါတယ်..
တကယ်တမ်းတွေးကြည့်ရင် ကျွန်တော်နဲ့ “လင်း” ကြားမှာ ကျွန်တော်က အမြဲတမ်း အယူကြီးပဲဖြစ်ခဲ့တဲ့လူပေါ့..
ကျွန်တော်ဖြစ်ချင်တာတွေ သူ့ကိုပြောပြတယ်… လိုချင်တာတွေ သူ့ကိုပူဆာတယ်… လိုအပ်တာတွေကို
သူ့ကိုလုပ်ခိုင်းတယ် .. ဒါပေမယ့် သူဘာတွေလုပ်ချင်လဲ.. သူဘာတွေဖြစ်နေလဲ.. သူဘာတွေလိုအပ်နေလဲဆိုတာ..
တခါမှမေးကြည့်မိဖို့ လုပ်ပေးဖို့ကို သတိမရခဲ့မိပါဘူး..တခါတလေ သူနေမကောင်း ဖြစ်နေတယ်ဆိုတာ ကြားရဲ့သားနဲ့
သူ့ဆီမသွားမိဘူး… ဘာလုပ်ပေးရမလဲ… ဘာကြောင့်ဖြစ်တာလဲ ကို မမေးခဲ့မိပါဘူး… သူကလည်းဘယ်တုန်းကမှ
မပြောပြခဲ့ပါဘူး… ကျွန်တော် အရမ်းဆိုးပါတယ်…..
တရက် သူ ကျွန်တော့်ကိုလာပြောပါတယ် “မေ” ငါ့ကို ဆရာဝန်ကပြောတယ် (၆)လပဲခံမယ်တဲ့
ဟား ဟား ဟား ကျွန်တော်ရီတာပေါ့…. “လင်း” နင်ငါ့ကို ဂရုစိုက်စေချင်ရင် တခြားဟာပြောဟာ
ဘာလဲ ငါ့လို နေမကောင်းဖြစ်နေချင်လို့လား နင်က လေ အရမ်းရီရတယ်လို့ပြောတော့ သူ
ငြိမ်သွားပါတယ်…
ငြိမ်သွားပါတယ်…
ဘာမှ ဆက်မပြောတော့ဘူး…နင်ဟာလေ တကယ်ကို အကြင်နာ မရှိဘူးတဲ့. ငါက နောက်တာပါတဲ့..အဲဒီနောက်ပိုင်း
ဘာမှ အဲဒီအကြောင်းထပ်မပြောဖြစ်ကြတော့ဘူး… စကားစပြတ်သွားခဲ့ကြတယ်…အဲဒါနဲ့ အချိန်တွေနဲနဲကြာလာပါတယ်….
ကျွန်တော် ဆေးရုံတက်ရတော့ “လင်း”လဲ နေမကောင်းဖြစ်နေပါတယ်… ဒါတောင် ဆေးရုံတက်ရခါနီးကျွန်တော့်ကို
လာတွေ့သွားပါသေးတယ် စိုးရိမ်လိုက်တာဟယ်တဲ့..ကျွန်တော်ဆေးရုံ မှာ ၁ လခွဲလောက်ကြပါတယ်.. အားလုံးက
သေပြီလို့ထင်ထားကြရာကနေ ကျွန်တော်ကဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပါတယ်… ဆေးရုံက ဆင်းဆင်ချင်း “လင်း”
ရောက်မလာလို့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်..ဒါပေမယ့် သူဘာကြောင့်မလာနိုင်တာလဲ ဆိုတာကိုတော့
ကျွန်တော်တွေးလဲ မတွေးမိဘူး စဉ်းလဲမစဉ်းစားမိဘူး… ကျွန်တော်က ဆေးရုံက ဆင်းစဆိုတော့ အိမ်က ဘယ်မှမသွာခိုင်းပါဘူး
အိမ်မှာပဲနေရတယ်..လူကလည်း ယဲ့ယဲ့ပဲကျန်တာကို အဲဒါနဲ့ “လင်း” နဲ့ အဆက်အသွယ်မရတာ တလလောက်
ကြာသွားတယ်.. ကျွန်တော်နဲနဲတော့ စိတ်ပူနေပါပြီ… အိမ်က ကိုကို့ ကို သွားကြည့်ပေးပါကိုကိုရယ်လို့
ပြောတော့ ကိုကိုက သွားတယ် ပြန်လာတော့ မျက်နှာက မကောင်းဘူး ဘာမှလည်း မပြောဘူး… “လင်း”
တို့ ဒီအိမ်မှာ မဟုတ်ဘူးတဲ့ ရွှေဂုံတိုင်အိမ်ပြောင်းသွားတယ်တဲ့… ကျွန်တော် စိတ်မကောင်း အရမ်းဖြစ် သွားတယ် ငါ့ကို ဘာလို့
လာမပြောတာလဲ မသိဘူးပေါ့… နောက်တပတ်ကြာတော့ “လင်း” ရဲ့ ကိုကို ကိုကြီးသားငယ် အိမ်ကို ရောက်လာတယ်
မေမေနဲ့ စကားပြောကြတယ်.. ညီမလေးကို အိမ်ခဏ ခေါ်သွားချင်တယ်တဲ့… ကျွန်တော် အံသြသွားတယ်..ကိုကြီး
ကျွန်တော့်ကို “လင်း” ဆီခေါ်သွားမှာလား ဆိုတော့ ဟုတ်တယ်လေတဲ့ ပျော်လိုက်တာနော် အပေါ်အကျီ င်္ ထပ်ဝတ်ပြီး
ချက်ခြင်း ထလိုက်တာပေါ့..ကျွန်တော်တို့နေတဲ့နေရာကနေ ရွှေဂုံတိုင်ကိုတော်တော် သွားရတယ်လို့ စိတ်ထဲကထင်ပါတယ်..
တွေ့ချင်စိတ်က များနေတာကို.. လမ်းမှာဘာမှလည်းမမေးမိဘူး.. ကိုကြီးကလည်း ဘာမှမပြောဘူး..
သူတို့အိမ်ရောက်တော့ အားလုံးက ကျွန်တော့်ကို ၀ိုင်းကြိုကြတယ်..စိတ်ထဲမှာ တမျိုးကြီးပဲ…ဘာလဲလို့ပေါ့…
“လင်း” ရဲ့ မေမေ အန်တီဘေဘီ က ကျွန်တော့်ကို လည်း တွေ့ရော ဖက်ပြီး ငိုပါလေရော… ကျွန်တော်
တအားလန့်သွားတယ်… “အမေ ဘာဖြစ်တာလဲ” “အမေ ဘာလို့ ငိုတာလဲ..” လို့ပြောတော့..သမီးရယ်
သမီးသူငယ်ချင်းကို သွားကြည့်ပါအုန်းတဲ့ အခန်းထဲကိုလိုက်ပို့တယ်… အခန်းလိုက်ကာကို လှစ်လိုက်တဲ့ အချိန်မှာ
မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ ခံစားလိုက်ရတဲ့ ခံစားမှုက ဘယ်တော့မှ မမေ့တော့မယ့် မြင်ကွင်းနဲ့ ခံစားမှုရယ်ပါ…
“လင်း” “လင်း” ဘာဖြစ်တာလဲ… “လင်း” နင်ဘာဖြစ်နေတာလဲ… ကျွန်တော် လုံးဝကိုတွေးမထား သိမထားတဲ့မြင်ကွင်းပါ..
ကုတင်ပေါ်မှာ အိပ်နေတဲ့ “လင်း” ရဲ့ ပုံသဏ္ဍန်လေးက လုံးဝ ကိုပြောင်းလဲနေပြီလေ… ဟိုးအရင်က ၀ကစ်ကစ်လေးနဲ့
ချစ်ဖို့ကောင်းလွန်းတဲ့ “လင်း” ရဲ့ မျက်နှာလေးက အခုတော့ ပိန်လျော့ဖျော့တော့နေပြီ… အသားအရေ၀င်းဝင်းလေးနဲ့
ဖြူဖြူလေး ကလည်း မွဲညစ်ညစ်နဲ့ခြောက်ကပ်နေပြီ… အရင်က စကားတွေကို ဖောင်ဖွဲ့အောင်ပြောတတ်တဲ့
“လင်း” ကျွန်တော့်ကို “မေ” လို့ တခွန်း မခေါ်နိုင်တော့ဘူးလေ… ဒါပေမယ့် အမြဲတမ်း ကျွန်တော့်ကို “မေ” လို့
ခေါ်ပြီးကြည့်တတ်တဲ့ မျက်ဝန်းတစုံ သူ့မှာ ရှိနေသေးတယ်…ဒါပေမယ့် အဲဒီမျက်လုံး တွေထဲမှာ မျက်ရည်တွေက
ပြည့်လျှံလို့လေ… ကျွန်တော် သိတယ် သူ ကျွန်တော့်ကို ခေါ်ချင်နေတယ် ဆိုတာ.. ကျွန်တော်ကိုယ်တိုင်လည်းဘာမှ
မပြောနိုင်တော့ဘူး… စကားလုံးတွေ ဆွံအကုန်ပြီလေ.. “လင်း” ရယ် ငါ တကယ်ကို မသိခဲ့တာပါ… ငါတကယ်ကိုလုံးဝ
မသိခဲ့တာပါဟယ်… “လင်း” ရဲ့ ကိုယ်လေးကိုဖတ်ပြီးတော့ နှုတ်က ပြောမိတာလား စိတ်ထဲကနေ ပြောနေမိတာလား
ကျွန်တော် မသိတော့ပါဘူး… “လင်း” ရယ် ပဲ ပါးစပ်က ထွက်တော့တယ် မျက်နှာတပြင်လုံးလဲ
မျက်ရည်တွေပြည့်နေပြီ…
မျက်ရည်တွေပြည့်နေပြီ…
ကျန်တာတွေလည်းဘာမှမသိတော့ပါ “လင်း” ရဲ့ ကိုကြီးက ကျွန်တော့်ကိုလာထူပါတယ်…ညီမလေး ထထတဲ့..
အန်တီဘေဘီကတော့.. “လင်း” ဘေးမှာ ငိုနေတာ မျက်နှာမဖော်တော့ဘူး… ကျွန်တော်အသိစိတ် နဲနဲလေးပြန်ဝင်လာတယ်..
“လင်း” လက်ကလေးကို သွားကိုင်မိတယ်… တဖြေးဖြေးအေးလာနေပြီ………. အန်တီဘေဘီက ပြောတယ်..သူ သမီးကို
စောင့်နေတာသမီးရယ်တဲ့.. အဲဒီစကားတခွန်းက နားထဲကို သံရေပူတွေ လောင်းချလိုက်သလိုပါပဲ.. အဲဒီခဏလေးမှာပဲ ..
“လင်း” လက်ကလေးတွေ ပျော့ကျသွားပါပြီ…. “လင်း” “လင်း” “လင်း” နင် ငါ့ကို ထားခဲ့ပြီလား “လင်း” ရယ်…
အမြဲတမ်း နေမကောင်းပြီး သေမလိုဖြစ်နေတဲ့ ငါက မသေပဲနဲ့ နင်က ဘယ်လိုဖြစ်ရတာလဲ “လင်း”ရယ်… ငါ ဘယ်လို
ဖြေသိမ့်ရမှာလဲ… ငါ ဘယ်လိုစိတ်မျိုး နဲ့ နေခဲ့ရအောင် နင်ထားခဲ့တာလဲ “လင်း” ရယ်….. နင့်ကို ငါ အရမ်းချစ်တယ်…
နင့်ကို ငါရဲ့ အမ လို ညီမလေးလို သူငယ်ချင်းတယောက်လို အားလုံးထက်ပိုပြီး နင့်ကို ငါ ချစ်တယ်လေ
“လင်း” ရဲ့ ဒါတွေကို နင့်ကို ငါ တခါမှ မပြောပြခဲ့ မိဘူးနော် နင် သိမှ သိသွားပါမလား… နင့်ကို ငါဆိုးတာ နင့်ကို
ငါဂျစ်ကျတာတွေ က နင် အလိုလိုက်တာကို ခံချင်လို့ပါ “လင်း” ရယ်… ငါ
နင့်ကိုပြောပြချင်လိုက်တာဟာ…………….
နင့်ကိုပြောပြချင်လိုက်တာဟာ…………….
ကျန်ခဲ့ရပြီလေ… လောကမှာ အချစ်ဆုံးလူတယောက် ဆုံးရှုံးလိုက်ရတယ်လို့ ပြောကြ တဲ့ လူတွေအားလုံးရဲ့ ရင်ထဲကို
မြင်ကြည့်လို့ရသွားပါပြီ…ကိုယ်တိုင်ခံစားလိုက်ရတာကို… ဘ၀တသက်စာမှာ ဘယ်တော့မှ ပြန်ပြင်လို့မရတော့တဲ့
နောင်တတွေလည်း ကျွန်တော် ရခဲ့ပါပြီ… သူ့ကို ကျွန်တော် ဘယ်လောက်ချစ်ကြောင်း၊သူ့ကို ဘယ်လောက်
အလေးထားကြောင်း၊ သူ့ကို ဘယ်လောက်လိုအပ်တယ် ဆိုတဲ့ အကြောင်း၊ သူ့ကို ဘယ်လောက် ကျေးဇူးတင်ကြောင်း..
သူသိအောင် လုပ်မပြလိုက် မပြောပြလိုက်ရတာပါပဲ… ကျွန်တော် ဘက်က အမြဲတမ်း အယူပဲ ရှိခဲ့ပြီး သူ့ကို ဘာမှ
ပြန်မလုပ်ပေးလိုက်ရဘူး ဆိုတဲ့ အသိတခု အမြဲတမ်း နာကျင်ခဲ့ရပါတယ်… အခုတော့ဘာမှ ပြင်ဆင်ခွင့် ပြောပြခွင့်
လုပ်ပေးနိုင်ခွင့် မရှိတော့ဘူးလေ… အရာရာ နောက်ကျသွားခဲ့ပြီ….
လူတိုင်း လူတိုင်းမှာလည်း ချစ်တဲ့သူတွေ ခင်တဲ့သူတွေ ကိုယ်အလေးထား တန်ဖိုးထားရတဲ့လူတွေ
ကျေးဇူးတင်ထိုက်တဲ့လူတွေ … ရှိကြမှာပါ… အဲဒီလူကို ကိုယ်ချစ်ကြောင်း ခင်ကြောင်း အလေးထားကြောင်း
တန်ဖိုးထားကြောင်း ကျေးဇူးတင်ကြောင်းကို သူသိအောင်တော့ ပြောပြလိုက်စေချင်ပါတယ်…
ကျွန်တော့်လို နောင်တတွေနဲ့ မကျန်ခဲ့ရအောင်ပေါ့……….
* ချစ်သူငယ်ချင်းလေး “လင်း” အတွက်အလွမ်းပြေ
ခင်တဲ့
မေသူ
No comments:
Post a Comment