“ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို ၊
ပြန်ပြောင်းစဉ်းစား၊ မညည်းတွားနဲ့”
“ နောင်ခါဖြစ်လတ်၊ အနာဂါတ်ရဲ့၊
ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနဲ့”
*** အခုမဖြစ်သေး၊ နောင်မှဖြစ်လာမယ့် အနာဂါတ်ကိုလည်း တွေးတောပါ။ စိတ်မမောပါနဲ့တဲ့။ လူတွေက အနာ ဂါတ်ကို တွေးရင်း အသိဥာဏ်မပါတဲ့အတွက် စိတ်မောဖို့ စိတ်မောစရာတွေကိုပဲ တွေးနေကြတယ်။
*** အတိတ်အကြောင်းကို ဥာဏ်နဲ့နားလည်ပြီး အခုကောင်းအောင်နေတတ်သူအတွက် နောင်အနာဂါတ်ဆို တာတွေးလိုက်တိုင်း စိတ်အေးစရာပါ။ စိတ်မောစရာ မဟုတ်ပါဘူး။ အတိတ်ကို မျက်စိမှိတ်ထားသူအတွက် အနာဂါတ်ကိုလည်း မမြင်နိုင်၊ ပစ္စုပ္ဖန်မှာလည်း အကန်းပဲဖြစ်နေမှာပေါ့။
***အတိတ်တွေး စိတ်လေးနဲ့၊ စဉ်းစား၊ မညည်းတွားနဲ့၊ အတိတ်အာရုံက ကြောက်စရာမဟုတ်၊ မစဉ်းစားလို့လဲ မဖြစ်နိုင်။ တကယ်ကြောက်ရမှာက အကုသိုလ်ကိလေသာတွေဝင်ပြီး စိတ်မလေးဖို့၊ မညည်းတွားဖို့ဆိုတာကို သဘောပေါက်စမ်းပါ။ အတိတ်ကိုမတွေး၊ မစဉ်းစားခိုင်းတာမဟုတ်ဘူး၊ သောကမဖြစ်ဖို့က အဓိက”
*** အနာဂါတ်ဇာတ်ကြောင်းကိုလည်း မတွေးတောနဲ့လို့ပြောတာ မဟုတ်ဘူး၊ မရောက်သေးမှန်းသိလျက်နဲ့ စိတ်မောနေတာကို မဖြစ်ဖို့ ပြောလိုတာ၊ စိတ်မမောနဲ့ စိတ်မပူနဲ့။စိတ်အေးစပ်းပါလို့ ပြောတာ…
“ဖြစ်ဆဲဧကန်၊ ပစ္စပ္ဖုန်ကို၊ ဝေဖန်ဥာဏ်ရှု၊ မျှတမှုဖြင့်၊ ပူမှုကင်းစွာ၊ နေစမ်းပါလော့” တဲ့
***ဖြစ်ဆဲ ယခု ပစ္စုပ္ဖန်ကာလမှာလည်း ကောင်း မကောင်း ၊ မှန် မမှန်၊ ဟုတ် မဟုတ်၊ လုပ်သင့် မလုပ်သင့် ကို သိနိုင်တဲ့ ဥာဏ်ပညာနဲ့ မျှတစွာ၊ အပူပင်ကင်းစွာ နေစမ်းပါလို့ ခိုင်းတာ၊ အဲဒါမျိုးကို မလုပ်မနေရလို့ ပြောချင်တာ”
“ သို့ပါလေမှ၊ သင့်ဘ၀၀ယ်၊
ဒုက္ခကင်းကွာ ၊ ချမ်းသာလာလိမ့်”
ဓမ္မဒူတ ဒေါတ်တာအရှင်ဆေကိန္ဒ ၏
"ခန့်တဲ့ စိတ်နဲ့ နေပါ့မယ်" စာအုပ်မှ မျှဝေ လိုက်ပါတယ်။
-------------------------------------------------------
Posted by khaingsukyi on April 3, 2011 at 7:30pm
No comments:
Post a Comment