2 3 4 5 6 7 8 9 10

Wednesday, August 8, 2012

ပြည်သူ့အတွက် အနုပညာ



ချစ်လို့ကြည်ဖြူ
ပြည်သူဥာဏ်လင်းအောင်
ဖန်ဆင်းဆောင်သူရေ။
လူ့ တစ်ခွင်မှာ၊ အမြင်ဖြာလွှမ်း
အသာအသာ၊ ဖွေရှာစမ်းက
ဂုဏ်စွမ်းသန့်လှပါဘိရှင်..။
အနုပညာ၊ အလင်္ကာပန်း
အရာရာ၊ ဝေဆာလန်းလို့
ထုံမွှေးပျံ့ လှပါဘိရှင်..။
သရုပ်ဆင်လို့
ရုပ်မြင်သံကြား ပွားတော့တယ်..။
အရေးညီဖို့
တေးသီဖော်ကျူး မြူးတော့တယ်..။
အမြင်နူးအောင်
သွင်ထူးရုပ်ပုံ စုံတော့တယ်..။
သဘာဝကို
စာသစီခြယ် ကြွယ်တော့တယ်..။
အနုပညာ၊ အလင်္ကာရယ်က
ဝေဆာထုံမွှမ်း၊ ဂုဏ်ပန်းခိုင်လေး….။


အညာမြေမှ ပန်းလက်ဆောင် ကဗျာများမှ..
၁၉၈၁၊ ဇွန်လ၊ ငွေတာရီ။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>