2 3 4 5 6 7 8 9 10

Wednesday, August 8, 2012

ရှမ်းကုန်းပြင်မြင့်သို့ မေတ္တာနှင့်သစ္စာ



သာစည် မှ စ..
ရွရွပြေးတက်၊ အရှေ့ဘက်သို့
ပြာသက်ညိုဝါ၊ တောင်ကုန်းမြွှာများ
ပန်းမာသစ်ပင်၊ မမြင် ဆင်းရဲ
အထဲ တပ်ထက်၊ ပြောင်စပ်သစ်ပင်
အစိမ်းဝင်ပြီ၊ ချစ်ခင်ရှမ်းတို့ဒေသတကား။
တောင်မြင့်ကြီးများ
ဆီးတားတစ်လုံး၊ နောက်တစ်လုံးထပ်
မားမတ်ထိုးတက်၊ ပြာညက်မည်းဆိုး
ယိမ်းထိုးသစ်ပင်၊ ကြည်လင်စမ်းချောင်း
ကွေ့ပတ်စောင်းလျက်၊ ညိုမောင်းကျောက်ဆောင်
ဝှေ့ရှောင်တိုက်ဖြာ၊ စိန်ပြာရေစင်
လွင်လွင်လက်လက်၊ နေခြည်ယှက်ထွင်း
ကွင်းလိုက်ပတ်လိုက်၊ ဖြတ်လိုက်တိုးလိုက်
လျှိုးလိုက်မော့လိုက်၊ မဟိုက်မမော
လမ်းနက်နှောခဲ့၊ တောကြီးတွေ ဖြတ်
ချပ်ကြီးတွေမြှောင်၊ တောင်ကြီးတွေ တက်
တိမ်မှုန်းဖက်မြှူ၊ ၀က်ဖြူရေတဲ့
တစ်မော့လှည့်တော့၊ ယိမ်းနွဲ့တက်လာ
ခေါင်းမှာ ပလိုင်း၊ သင်တိုင်း ရောင်စုံ
တောင်ဘုံနေများ၊ မြင်အံ့မှားရ
တောင်သား ဓနု၊ ပန်းနုဝတ်ဆင်
ပတ်တင်ရစ်ပေါင်း၊ ခေါင်းပေါင်းအနက်
အားလုံး နက်ဝတ်၊ ပအိုဝ့်ပြစ်ရှင်း
အင်းသူလှလှ၊ အင်းသား၀၀
စိုက်ပျိုးလှသူ၊ ရှေးကအမျိုး
တောင်ရိုးအက၊ လှပဆန်းကြယ်
ရှမ်းတို့နယ်မှာ၊ ကြယ်တွေစုံစုံ ပွင့်နေ၏…။




ကုန်းမြင့်ပေါ်မှာ
လေသာအေးအေး၊ နွေမှာ အေး၍
အဝေးမြောက်မှ၊ လေမြားခသော်
ထိုးရှ အေးစက်၊ အနေခက်စွ
ချွေးစက်နဲ့ ရင်း၊ လက်ဖက်ခင်းတွေ
ချွေးစက်နဲ့ ရင်း၊ လိမ္မော်ခင်းတွေ
ချွေးစက်နဲ့ ရင်း၊ ဟင်းသီးခင်းတွေ
ဝင်းဝင်း ဝေေ၀၊ ရှမ်းမြေမှလှ
မြန်သို့မျှပေး၊ လှိုင်းထ အင်းမြူး
ဖောင်တော်ဦးဘုရား၊ မန်းမှ သွား၍
ဘုရားဖူးကြ၊ ကြီးစွမဟာမုနိ
ရွှေစင်အိသည့်၊ မန်း၏ ဘုရား
ရှမ်းတို့သွား၍၊ ဘုရားဖူးကြ
အမျှပေးဝေ၊ မေတ္တာဝေသည်
မျိုးဆွေ အဆက်ဆက်ပါ့…။


သာမိုင်းခမ်း၏
အောင်ပန်းမြို့တွင်၊ ဈာန်ဝင် တွေးမော
ကဗျာတော၌၊ မောစေ ပန်းစေ
လှမ်း၍နေသူ၊ ဝေ့ဝေဖြူကား
ပြည်သူကိုချစ်၊ မြန်ပြည်ချစ်တွင်
ငြိမ်းသစ်နုမြ၊ ရွရွဆင်လို
ဒီလို လွတ်လပ်၊ စိတ်ဓာတ်အေးမြ
ရွရွ ဆင်လို၊ စိမ်းစို စီးပွား
ထွားထွားစည်လှ၊ ရွရွ ဆင်လို
နုပျိုသည်မှ၊ အိုမင်းစွ ထိ
ရွရွ ကြိုးကုတ်၊ သူအားထုတ်ခဲ့
ဟုတ်သည်မှန်သည်၊ သစ္စာရည်ကြောင့်
မြန်ပြည် ငြိမ်းချမ်းပါစေသတည်း…
မြန်ပြည် လွတ်လပ်ပါစေသတည်း…
မြန်ပြည် ၀ပြောပါစေသတည်း…
သက်ရှည် ကျန်းမာ
ဆရာကြီး ဒဂုန်တာရာ
လိုရာဆုများ ပြည့်ဝစေသတည်း
ပေးဝေ မေတ္တာ
တို့ သစ္စာ သည်
အာကာကိုးမြေ ပျံ့စေသတည်း….။

အံ့မောင် (မေ ၁၀၊ ဆရာဒဂုန်တာရာမွေးနေ့သို့ )








No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>