2 3 4 5 6 7 8 9 10

Monday, August 6, 2012

ရဲစတိုင်း ၏ ဟာသများ ( C )


၁။လူ မသေသေးပေမယ့်

“ခင်ဗျားယောကျာ်းရဲ့ အသက်အာမခံငွေကို ထုတ်ယူလို့မရပါဘူးဗျား။ သူဟာ အခုထက်ထိ သက်ရှိထင်ရှား ရှိနေပါသေးတယ်”
“ကျွန်မ သိပါတယ်။ ဒါပေမယ့် သူဟာ ဘ၀ သေနေပြီရှင်”



............................................

၂။အယူမသီးသူ

“မင်းမှာ လုပ်ငန်းအတွေ့အကြုံ ဘာတွေရှိလဲ”
“ကျွန်တော်က အခုမှကျောင်းပြီးခဲ့တာပါ”
“ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲကွ”
“လုပ်ပိုင်ခွင့်ရှိတဲ့ ဒု-ဥက္ကဋ္ဌလို ရာထူးမျိုးပေါ့ ခင်ဗျာ”
“ငါတို့ကုမ္ပဏီတွေမှာ ဒု-ဥက္ကဋ္ဌတွေ ဆယ့်နှစ်ယောက်တောင်ရှိတယ်”
“ရပါတယ်။ ကျွန်တော်က ဆယ့်သုံးယောက်မြောက်ဆိုလည်း အယူမသီးပါဘူး”
...........................



၃။ကျင့်သားရပြီးလို့

“ခင်ဗျားရဲ့ကုမ္ပဏီမှာ လူပျိုတွေ မခန့်ဘဲ ဘာဖြစ်လို့ အိမ်ထောင်သည်အမျိုးသားတွေကို ခန့်ရတာလဲ”
“သူတို့က ငါဘယ်လောက်ဆူဆူ မဖြုံတော့ဘူး။ ကျင့်သားရပြီးလို့လေ”

၎။အလုပ်ကြမ်းနဲ့ သင့်တော်သူ
“ဒီတစ်သက် ကြမ်းတမ်းတဲ့အလုပ်နဲ့ သင့်တော် သူလို့ မင်းကိုယ်မင်း ထင်တယ်ပေါ့လေ”
“ဟုတ်ကဲ့၊ မြို့နယ်တရားရုံးကတော့ အဲ့သလို ထင်ခဲ့ဖူးပါတယ်”

...........................................



၅။ကြော်ငြာအစွမ်း

“ခင်ဗျားတို့ဂျာနယ်ထဲ ကြော်ငြာထည့်လိုက်တာ အတော်ထိရောက်တာပဲ”
“ဘာလဲ ရောင်းအားမြင့်တက်လာလို့လား”
“ဟင့်အင်း၊ ဂိုဒေါင်စောင့်တစ်ဦး အလိုရှိသည် လို့ ကြော်ငြာလိုက်တာ အဲ့ဒီညမှာပဲ ဂိုဒေါင် အဖောက်ခံလိုက်ရတယ်”




................................

၆။မှားရက်ပါပေ့ကွယ်


“ရော့..ဒီမှာ ခင်ဗျားတို့ဆိုင်က ငှားသွားတဲ့စာအုပ်၊ တော်တော်ညံ့ပ့ါဗျား။ ဇာတ်ကောင်တွေ အများကြီး ပါပေမယ့် ဇာတ်လမ်းလုံးဝမရှိဘူး”
“သြော်.. ကျွန်မတို့ဆိုင်က တယ်လီဖုန်းလမ်းညွှန်စာအုပ်ပျောက်လို့ ရှာနေတာ လက်စသတ်တော့ ရှင်ယူသွားတာကိုး”
.......................


၇။နားထောင်သူများ



ယောကျာ်းနှင့်မိန်းမတို့ အိမ်ထောင်ပြုကြသောအခါ ပထမနှစ်တွင် ခင်ပွန်းပြောသမျှကို ဇနီးက နားထောင်ရသည်။ ဒုတိယနှစ်တွင် ဇနီးပြောသမျှကို ခင်ပွန်းက နားထောင်ရသည်။ တတိယနှစ်တွင် ဇနီးမောင်နှံပြောသမျှကို ရပ်ကွက်လူကြီးမှ နားထောင်ပေးရလေသည်။




.......................................

၈။လွဲနိုင်ပါပေ့
နီဂရိုစစ်သားတစ်ဦးသည် ပစ်မှတ်ကို တစ်ချက်မှ မထိသဖြင့် တပ်စုမှူးမှ ဒေါသထွက်လာပြီး ခြုံကွယ်ထဲဝင်၍ ကိုယ့်ကိုယ်ကို ပစ်သတ်သေရန် အမိန့်ပေးလိုက်သည်။
ခြုံပုတ်ထဲမှာ သေနတ်သံတစ်ချက် ထွက်လာပြီး မကြာမီ တပ်စုမှူးက ခြုံပုတ်ကို သွားကြည့်ရာ နီဂရိုးစစ်သားကို စပ်ဖြဲဖြဲတွေ့လိုက်ရလေ၏။
“အဟီး - ဒီတချက်လည်း လွဲသွားပြန်ပြီ ဗိုလ်ကြီးရေ”


..............................................................
 Posted by khineyinwin on March 18, 2011 at 10:30am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>