2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၈ )



၁။မခံနိုင်စရာ ဆူညံသံကြောင့် ကက်ဆက်ကို ရိုက်မခွဲလိုက်ပါနဲ့၊ တိတ်ခွေကိုသာ ပြောင်းလိုက်ပါ၊ မခံနိုင်မဖြစ်တာ ပို ကောင်းတာပေါ့။
၂။“ဘ၀” မြင့်ရင် “ဘ၀င်”မြင့်တတ်တယ်။ ဘ၀ပဲ မြင့်ပါစေ။
၃။အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို အားကိုးလို့ ရနိုင်သလို, ပြဿနာကြောင့် ရရှိလာတဲ့ အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။
၎။သူ့ခမျာ, ဒို့လို စိတ်မျိုး မထားနိုင်ရှာဘူး၊ ဒို့ကလည်း သူ့လို စိတ်မျိုး မထားသင့်ပါဘူး။
၅။ဖြစ်ချင်ရုံ သက်သက်နဲ့ ဘာမျှ မဖြစ်လာဘူး၊ ဖြစ်အောင် လုပ်ချင် လုပ်တတ် လုပ်နိုင်, လုပ်နေရတယ်။
၆။အထင်သေးတတ်ရင် အားလုံးကို အထင်သေးတတ်တယ်။ အထင်ကြီးတတ်ရင်လည်း အားလုံးကို အထင်ကြီးတယ်။
၇။ပညာရှိရင် စိတ်ရှင်းနေတယ်။ သမာဓိရှိရင် စိတ်ကြည်နေတယ်။ သတိရှိရင် စိတ်အေးနေတယ်။
၈။ယုံကြည်မှုနဲ့ အမှန်တရား ကြားမှာ “တရားသဖြင့်”ဆိုတဲ့ စိတ်ကောင်းကလေး ရှိနေပါတယ်။
၉။အခွင့်အရေးရဲ့ အရသာ အလုပ်ရဲ့ အရသာ ဘယ်အရသာက ကောင်းလဲ! အလုပ်အရသာကို ခံစားတတ်ရင် အခွင့်အရေးအရသာ ပြည့်စုံတယ်။


၁၀။လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ၊ ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ၊ ရတနာသုံးပါကို ယုံကြည်လို့ ပုံအပ်ပြီးပြီလား!
၁၁။“ရှေ့ကို တိုးဖို့ နောက်ကို ဆုတ်တယ်”တဲ့ အဲ့ဒါက “ဆင်”၊ ကောင်းတာဆို“ရှေ့တိုး” မကောင်းတာဆို“နောက်ဆုတ်”၊ အဲ့ဒါ“လူ”။
၁၂။အများတကာရဲ့ရှေ့မှာ ထုတ်ပြောရဲတဲ့ အတွေးကိုပဲ စဉ်းစားတော့မယ်။
၁၃။အရင်က စိတ်မျိုးနဲ့ဆို မလွယ်ဘူး၊ မနည်း သည်းခံနေရတာ၊ ကိုယ့်စိတ်ကို လွှတ်လိုက်ချင်ပြီ။
၁၄။“နက်ဖြန်”ကိုမျှော်ပြီး လိုချင်ဇောတွေ များနေသလား! “နက်ဖြန်”မရှိလို့ ရည်မှန်းချက်တွေ ပျောက်နေသလား! ယခုချက်ချင်း အလုပ်လုပ်ရင် ယခုချက်ချင်း အကျိုးရှိတယ်။



၁၅။သူ့ကြောင့် ၀မ်းသာခဲ့ဖူးပြီ၊ သူ့ကြောင့် ခံစားခဲ့ဖူးပြီ၊ ၀မ်းသာရတာ ခံစားရတာ ပင်ပန်းလှပါပြီ။
၁၆။မုန်းလောက်အောင် ကြိုးစားလိုက်စမ်းပါ၊ ပျင်းတဲ့သူတွေက မုန်းချင်သလောက် မုန်းစမ်းပါစေ။
၁၇။ရက်ရက်စက်စက် ရိုးသားလိုက်စမ်းပါ၊ ဒီရက်စက်မှုမျိုးကို သူတော်ကောင်းတွေက မြတ်နိုးပါတယ်။
၁၈။“မင်း”မရှိလည်းဖြစ်တယ်၊ “သူ”မရှိလည်းဖြစ်တယ်၊ ”ငါ”မရှိလည်းဖြစ်တယ်၊ “ဘယ်သူမျှ”မရှိလည်း ဖြစ်တယ။်
၁၉။“မိုက်မဲတယ်” ဆိုတာ “မိုက်”လွန်းအားကြီးလို့ ကြုံတာလေးတစ်ခုတည်းကို “မဲ”နေတာ။
၂၀။“ပိုင်”ထား“ရ”ထား သမျှတွေဟာ ကြိုက်လို့ ရတယ် မထင်နဲ့၊ ကြုံလို့ ရတာတွေပါ။
 -----------------------------------------------------------

Posted by khineyinwin on March 28, 2011 at 10:30am


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>