2 3 4 5 6 7 8 9 10

Sunday, August 5, 2012

သူ့အတွက်



သူ့အတွက်

သည်ဘဝ
များပြားလှတဲ့လမ်းတွေမှာ
ကောင်းနိုးရာရာ ရွေးချယ်လျှောက်လှမ်းရင်း
" သူ " နဲ့စတွေ့တယ် ... ။

သူ ...
ငယ်သေးပေမဲ့
သူ့လက်တစ်ဖက်မှာ
မီးအိမ်ငယ်လေးကို တယုတယကိုင်လို့
စေတနာတွေ အနှိုင်းမဲ့ ထွန်းညှိခဲ့ ... ။

သူ့မှာ ...
မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့
မြင့်မားတဲ့ အတွေးအခေါ်တွေကို ချပြဖို့
စူးရှတဲ့ မျက်လုံးများစွာ ရှိတယ် ... ။

သူ့မှာ ...
အသံမဲ့ ခံစားချက်တွေကို တုံ့ပြန်ဖို့
လိုအပ်တဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းဖို့
ပြည့်ဝတဲ့ နားများစွာ ရှိတယ် ... ။

သူဟာ ...
နှလုံးသားများစွာနဲ့ အသက်ရှင်ပြီး
ဦးနှောက်များစွာနဲ့ တွေးတောဆင်ခြင်တယ် ... ။

သူ့ခြေဖဝါးအောက်မှာ ...
အခက်အခဲတွေကို ချနင်းလို့
လက်ပေါင်းများစွာက
ဖေးမဖို့ အသင့်ရှိခဲ့ ... ။

သူ့လက်ကိုဆုပ်ကိုင်မိချိန်မှာ ...
" အိမ် " နဲ့နီးသွားသလို ခံစားရ ... ။
သူ့အိပ်မက်ထဲမှာပဲ ...
ငါ့ အနာဂတ်ကိုခင်းကျင်းဖြစ်တယ် ... ။

အဲ့သည်လိုသူဟာ ...
နာကျင်ခြင်း အထပ်ထပ်နဲ့
ခါးသက်တဲ့ ညတွေမှာ
အငိုတိတ်အောင် ချော့သိပ်ပေးတဲ့
မိခင်တစ်ယောက်အဖြစ်နဲ့လဲ
အနားမှာရှိခဲ့တယ် ... ။

ကောင်မလေး 13June 6,2010
ကမ္ဘာသစ် တစ်နှစ်ပြည့်အထိမ်းအမှတ်အတွက် အမှတ်တရ >>

Posted by kaungmalay13 on June 6, 2010 at 10:30am


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>