2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၁၀ )

၁။“အ”တယ် ထင်လောက်အောင် စောင့်စည်းလိုက်စမ်းပါ။ စောင့်စည်းမှု မရှိရင် “ပလိုင်းပေါက်နဲ့ ဖားကောက်” သလိုပဲ၊ ကုန်ရော!
၂။“တယောက်တည်းပါနော်” လာတုန်းကလည်း တစ်ယောက်တည်း၊ သွားမယ်ဆိုလည်း တစ်ယောက်တည်း၊ အခု-နေနေတော့ရော!!!
၃။စကားပြောတတ်တာ ကောင်းပါတယ်၊ စကားများတတ်တာ မကောင်းဘူး၊ စကားများရင် ရန်များမယ်။
၎။လောကွတ်တွေချော်ပြီးတော့ သူများအတွက်နဲ့ ကိုယ့်ရဲ့ စိတ်ကောင်းလေးကို ဖျက်ဆီးမပစ်ပါနဲ့။
၅။ကိုယ့်ကို စောင့်ရှောက်တာ ကိုယ့်မှာ ရှိတဲ့ တရားပဲ၊ ကိုယ့်ကို ဖျက်ဆီးတာ ကိုယ့်မှာရှိတဲ့ မတရားပဲ။


၆။စိတ်တိုင်းမကျရင် စိတ်ဆင်းရဲတယ်၊ ဘယ်သူကိုမျှ ဘာကိုမျှ ကိုယ့်အလိုကျ ကိုယ့်စိတ်နဲ့ တိုင်းလို့မရပါဘူး။
၇။“ရပြီး”တာတွေကို ဖက်နေကြတယ်၊ “မရသေး”တာတွေကို မက်နေကြတယ်၊ ဖက်နေ မက်နေသမျှ မောနေရမယ်။
၈။“လုပ်သင့်တာ” ကို လုပ်နိုင်သလောက်လုပ်ပါ။ လုပ်နိုင်တယ် ဆိုပြီး “မလုပ်သင့်တာ”ကို မလုပ်နဲ့။
၉။အဆင်ပြေတာ မပြေတာထက် နေသာဖို့က အရေးကြီးပါတယ်။ နေတတ်ရင် နေသာပါတယ်။
၁၀။မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ၊ လိမ္မာတယ် ဆိုတာ ကိုယ်ပဲ စံရတာ၊ မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့၊ လိမ္မာပါ။
၁၁။စိတ်ဆိုးတော့မယ် ဆိုရင် “သူမှ ကိုယ်မဟုတ်ပဲ” ဆိုတာကို မမေ့ပါနဲ့။
၁၂။“ဖြစ်ကြောင်းရယ်ကုန်စင်” မသိရင် အမှန်မဟုတ်နိုင်ဘူး။
၁၃။“ကံ”ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ပါ။ ကံက သတ္တ၀ါတွေကို ဖန်ဆင်းတယ်။ လူကတော့ “ကံ”ကို ဖန်ဆင်းနိုင်တယ်။
၁၄။တစ်ချို့တွေက ကိုယ့်ဟာကိုယ် ဘာဖြစ်နေမှန်းကို မသိကြဘူး။


၁၅။ကိုယ့်ကိစ္စ ကို ကိုယ်ပဲ လုပ်လို့ရတယ်။ ကိုယ့်အတွက် ကိုယ့်ကိစ္စ ကိုယ်လုပ်၊ အများအတွက် ကိုယ့်ကိစ္စ ကိုယ်လုပ်၊ တလောက လုံးအတွက် ကိုယ့်ကိစ္စ ကိုယ်လုပ်။
၁၆။ယုံကြည်မှုနဲ့ တည်ဆောက်ခဲ့ရတဲ့ ဘ၀ရိပ်ငြိမ်လေးကို ထာဝရခိုင်မြဲဖို့ နားလည်မှုရှိစွာနဲ့ လက်တွဲ သွားကြရအောင်။
၁၇။လက်ထဲမှာ ဗလာဖြစ်နေတော့ လက်ပါတာကို တန်ဖိုးမထားတတ်သေးတဲ့အခါ ဗလာဖြစ်နေတာ တော်တော်ခံစားရတယ်။
၁၈။အရောင်အဆင်းမဲ့ ပုံသဏ္ဍာန်ကင်းတဲ့ မေတ္တာတရားကို အများမြင်သာအောင် မေတ္တာကသာ ပုံဖော်နိုင်စွမ်းရှိပါတယ်။
     မေတ္တာ မျက်ဝန်းရှိသူသာ မေတ္တာပုံရိပ်ကို ခံစားနားလည်နိုင်ပါတယ်။
၁၉။သူတို့ တွင်းတူးပြီး မိုက်တဲ့နောက်ကို ခုန်ဆင်းပြီး မလိုက်လိုက်ပါနဲ့။
၂၀။ပြဿနာဆိုတာ အရွယ်တိုင်းမှာ ဆုံရပြီး ဖြတ်သွားဖြတ်လာ ပျောက်ကွယ်သွားတာပါပဲ၊ ဆွဲလည်းမထားနဲ့၊ လိုက်လည်းမရှာနဲ့။
..........................................
 Posted by khineyinwin on April 8, 2011 at 10:30am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>