2 3 4 5 6 7 8 9 10

Monday, August 6, 2012

နှလုံးလှ အဆုံးအမတော်များ (၁) မင်းနန် (မော်ကျွန်း )




ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ဘုရားကြီး ၏ နှလုံးလှ အဆုံးအမတော်များ

ကိုယ့်ကိုယ်ကို
ပုဝါဖြုလား
လက်ခုလား (လက်နှီးစုတ်လား) လို့
အမြဲစစ်။
ပ၀ါဖြုဆိုရင်
အညစ်အကြေးမပေစေနဲ့
ထိန်းသိမ်း။
လက်ခုဆိုရင်
နာနာဖွတ်လျှော်နိုင်မှ
ဖြူမယ်လို့မှတ် ။ ။

(ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ဘုရားကြီး)
 
 
မှားယွင်းမှု ၊ ချို့ယွင်းမှု ၊ အားနည်းမှုတို့သည် ပုထုဇဉ်လူသားတို့နှင့် ထိတွေ့ဆက်ဆံနေသော အရာများဖြစ် ပါ၏။ လူသားမှန်သမျှအမှား မကင်း ။ ချို့ယွင်းချက် လုံးဝကင်းစင်သော လူသားဟူ၍ မရှိနိုင် ။ သို့ဖြစ်၍
ဘ၀တစ်လျှေက်လုံး မိမိကိုယ်ကို မိမိ ရိုးရိုးသားသားစစ်ဆေး ဝေဖန်ပြီး ၊ချို့ယွင်း အားနည်းချက် များကို အမြဲတစေ ပြုပြင်နေရခြင်းသည် လူသားတို့၏မလွဲရှောင်သာသော တာဝန်ကြီးတရပ်ဖြစ်ပါသည်။ ပြုပြင်စရာ
လုံးဝမလိုလောင်အောင်ပင် ပြီးပြည့်စုံသော လူသားဟူ၍ မရှိနိုင်ပါချေ။
မိမိ၏ အတွင်းသန္တာန်ကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုသုံးသပ်သော်" ဖြူစင်မှု့" တွေ့ရှိသ့ကဲ့သို့ "ညစ်ထေးမှု"တွေလည်း ရှိမည်။ကောင်းသောစေတသိတ်ရှိသလို ဆိုးသောစေတသိတ်တွေလဲ ရှိမည်။. . ကောင်းသော စေတနာတွေရှိသလို ၊ မကောင်းသော စေတနာတွေလည်း ရှိမည်။ မည်သည့် အစိတ်အပိုင်းက ဖြူစင်၍ မည်သည်အစိတ်အပိုင်းက မည်းညစ်သည်ကို ပကတိအရှိအတိုင်း တိတိပပသိရှိခြင်းသည် မိမိကိုယ်ကိုပြုပြင်ရေး အတွက် ကနဦးခြေလှမ်း ဖြစ်ပါ၏။ ဖြူစင်မှု ဟုဆိုရာ၌ အကြွင်းမဲ့ ဖြူစင်မှုမျိုးကိုမူ ပုထုဇဉ်အနေဖြင့် မမျှော်လင့်နိုင်။ ပုထုဇဉ်တို့၏ အတွင်းသန္တာန်ရှိ ဖြူစင်မှုဟူသည် အလိုအလျောက် အမြဲတစေ ထာဝရ၀င်းလက်ရွှန်းပြက်နေလိမ့်မည် မဟုတ်ပါ။ သတိတရား ကင်းလွတ်သွားပြီး သင့်တင့်လျောက်ပတ်သော နှလုံးသွင်းမှုမျိုးနှင့် မယှဉ်သောအခါ အတွင်းသန္တာန် ရှိ ဖြူစင်မှု ကို ထိန်းသိမ်းထား၍ မရတော့။ ညစ်နွမ်း၍ သွားပေလိမ့်မည်။
ပုထုဇဉ်တို့၏ အတွင်းအဇ္ဈတ္တ၌ ထွန်းပသော အကောင်းတရားသည် အမြဲတစေ လုံ့လ ပယောဂစိုက်ထုတ်၍ ထိန်းသိမ်းမှသာလျှင်တည်တံ့နိုင်ပါ၏ ။
လူသည် မိမိကိုယ်ကို ဝေဖန်စိစစ်သောအခါ စရိုက်ကောင်း ဥာဉ်ကောင်းများ ရှိသလို စရိုက်ဆိုး ဥာဉ်ဆိုးများ လည်း အနည်း နှင့် အများ ရှိနေကြောင်း တွေ့မြင်ရပေလိမ့်မည်။ စရို့်က်ကောင်း၊ အကျင့်ကောင်း၊
ဥာဉ်ကောင်းများကို တွေ့၍ ဘာမှလုပ်စရာ မလိုတော့ဟု မထင်မှတ်သင့်ပါ။ ဓမ္မဒူတဆရာတော်ကြီး၏ ပုဝါဖြု ဆိုရင် အညစ်အကြေး မပေစေနဲ့ ၊ ထိန်းသိမ်းဟူသော အဆုံးအမတော်အတိုင်း မိမိ၏ အကျင်းကောင်း စရိုက်ကောင်းများကို မပွန်းပဲ့အောင် ၊ မပျက်စီးအောင် ထိန်းသိမ်းသွားရပေလိမ့်မည်။
မိမိ၏ ဖြုစင်သန့်စင်သော ၊ ကောင်းမွန်မြင့်မြတ်သော စရို့က်ကောင်း အကျင့်ကောင်းများ ကို မြတ်နိုးတန်ဖိုးထားခြင်းကြီးစွာ ထိန်းသိမ်းခြင်းသည် ပစ္စုပ္ဖန် သံသရာနှစ်ဖြာ အကျိုး ကို တိုးပွားစေနိုင်ကြောင်းဖြစ်ပါ၏ ။
မိမိ၏ အကျင့်စရိုက်ကောင်းကို ထိန်းသိမ်းရာ၌ ၊ ပဓာနကျသော အချက်ကား အပ္ဖမာဒ ခေါ် သတိတရားဖြစ်ပါ၏ ။ မိမိ၏ ဖြူစင်မှု အပေါ် အညစ်အကြေးများ ပေစွန်းလိမ်းကျံ မလာစိမ့်သောငှာ ၊ သတိဖြင့် စောင့်ကြည့်ရပေမည်။ ကာလ ၊ ဒေသ ၊ ပယောဂ တစ်ခုခု၏ စေ့ဆော်တွန်းအားပေးမှု ကြောင့် မိမိ၏ ကိုယ်ကျုင့် သိက္ခာကို ထိပါးပျက်ပြားစေမည့် အာရုံများ မွေ့လျော်မှုများ ဒုစရိုက်မှုများကို သတိဖြင့်စောင့်ကြည့်လျှင် ပြတ်ပြတ်ထင်ထင် မြင်နိုင်သည်သာ ဖြစ်ပါ၏ ။ ထိုထိုသော မကောင်းသော အာရုံ၊ မွေ့လျော်မှု ၊သက်ဝင်မှုများ မိမိတွင် ကပ်ငြိတွယ်ရစ်မလာစေရန် ခိုင်မာမြဲမြံသော သန္နိဌာန်လိုပါသည်။
ဥပမာအားဖြင့် အသောက်အစား လောင်းကစားကင်သူသည် မည်သို့သော ပတ်ဝန်းကျင်၏ စေ့ဆော် ဖိအားပေးမှုနှင့် ဆုံစေကာမူမိမိ၏ ကိုယ်ကျင့် သိက္ခာကို မယိမ်းယိုင်အောင် ထိန်းသိမ်းမည်ဟူသော သန္နိဌာန်ကို မြဲမြဲ မြံမြံ ကိုင်ဆွဲထားဖို့ လိုပါသည်။ သတိလည်း မြဲမြံပြီး သန္နိဌာန်လည်း ခိုင်မာ လျှင် မိမိ၏ ကိုယ်ကျင့်သိက္ခာဖြူစင်မှုကို ကောင်းစွာထိန်းသိမ်းနိုင်ပေမည်။






မိမိ၏ အကျင့်ကောင်း စရိုက်ကောင်းကို မြဲမြံတည်တံ့အောင် ထိန်းသိမ်းခြင်းသည် ခက်ခဲလှ၏ ။ ထို့ထက်ပို၍ ခက်ခဲသည်မှာမိမိ၏ မကောင်းသော အကျင့်စရိုက်ကို အမြစ်ပြတ် ရိုက်ချိုးသတ်ပစ်ခြင်းပင်
ဖြစ်ပါသည် ။ ကျေးဇူးရှင် ဓမ္မဒူတဆရာတော်ဘုရားကြီး၏ လက်ခုဆိုလျှင်နာနာဖွတ်လျှော်နိုင် မှ ဖြူစင်မယ်လို့မှတ် ဟူသောအဆုံးအမတော်အတိုင်းညစ်ထေးသော အကျင့်စရိုက်ဆိုးတစ်ခုကို ပပျောက်သွားစေရန်မှာ အကြိမ်ကြိမ်အဖန်ဖန် ခက်ခဲပင်ပန်းကြီးစွာ ကြိုးပမ်းအားထုတ်
ရပေလိမ့်မည်။
မိမိသန္တာန်၌ ရှိသော အညစ်အကြေးကို ဖယ်ရှားရှင်းလင်းရာ၌ စိတ်အားသတ္တိသည် ပဓာနကျလှပါ၏ ။ မကောင်းသောအာရုံ ၊မကောင်းသောမွေ့လျော်မှုတို့၏ ဆွဲငင်အားကို အားမာန်အပြည့်ဖြင့်ကြံကြံခိုင် တွန်းလှန်နိုင်စွမ်းရှိသောစိတ်အားသတ္တိကို ဆိုလိုပါ၏ ။ မကောင်းသော အကျင့်စရိုက်ကို မိမိ၏အတွင်း သန္တာန်  မှ အပြီးတိုင် မောင်းနှင်ရှင်းလင်းရခြင်းမှာ မိမိ၏ အသားထဲနက်နက်စိုက်ဝင်နေသော ဆူးကို ဆွဲထုတ်ရသည်နှယ် ၊ ကနဦးတွင် လွန်လွန်မင်းမင်း နာကျဉ်ခက်ခဲ နေပေလိမ့်မည်။ နာနာဖွတ်လျှော်နိုင်မှ ဖြူမယ်လို့မှတ် ဟုဆိုသည့်အတိုင်း ကနဦးအစတွင် အ့ကြိမ်ကြိမ် အဖန်ဖန်
ကျားကုတ် ကျားခဲ အားထုတ်ကြိုးပမ်းရပေမည်။ ယင်းကြိုးပမ်းအားထူတ်မှု ဖြစ်စဉ်အောင်မြင်ပြီးသော အခါတွင်ကား မိမိ၏ ညစ်နွမ်းမှုသည် မိမိ၏အတွင်းသန္တာန်မှ ဆုတ်ခွာသွားကြောင်းတွေ့ရမည် ဖြစ်ပါ၏ ။
မိမိ၌ ရှိသော စရိုက်ကောင်းများကို ထိန်းသိမ်းခြင်း ၊ စရိုက်ဆိုးများကိုစွန့်ပယ်ခြင်းတို့ကို စွဲစွဲမြဲမြဲ အားထုတ်ပြုလုပ်သော်၊ တဖြည်းဖြည်းတစ်စတစ်စ မိမိ၏ လူရည်လူသွေးသည် မြင့်မား လာပေလိမ့်မည်။ မိမိ၏ အစသည်လည်းပြောင်မြောက်တောက်ပလာပေလိမ့်မည်။ မိမိ၏ ဘသ တန်ဖိုး သည်လည်း
ပေါ်လွင်လာပေလိမ့်မည်။

မင်းနန် (မော်ကျွန်း)


Posted by khaingsukyi on March 4, 2011 at 10:30am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>