2 3 4 5 6 7 8 9 10

Monday, August 6, 2012

စော်ကားမှုနှင့်ကမ္ဘာမြေ


         
ကမ္ဘာမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ၊နိုင်ငံအချင်းချင်းဖြစ်စေစော်ကားမှုတွေများပြားလာတာကိုတွေ့ရပါတယ်။
သူတပါးရဲ့ ဂုဏ်သိက္ခာ၊ယုံကြည်ချက်၊ဘ၀ရပ်တည်မှုနဲ့၊ဖန်တီးတည်ဆောင်လိုမှုတွေကို ပျက်ဆီးရာ ပျက်ဆီးကြောင်း မနာလိုဝန်တိုစိတ်တွေနဲ့တိုက်ခိုက်ကြတာပါ။ တစ်စုံတစ်ရာ ထိခိုက်မှုပေးနိုင်ကြတဲ့အတွက် အားရ၀မ်းသာ ဟစ်အော်ပျော်ရွှင်မှုတွေဟာလည်း ကြောက်ခမန်းလိလိများပြားလာနေပါပြီ။ အဖြေမှန်နဲ့ဝေးကွာသူတွေအဖို့ သူတပါးကို စော်ကားခြင်းဟာ အောင်မြင်မှုကြီးတစ်ရပ်လို ထင်မြင်နေကြတာပါ။
          အခြား လူမျိုး၊အခြားဘာသာတွေအနေနဲ့ မပြောလိုပေမဲ့ မြန်မာလူမျိုး မြတ်ဘုရားရဲ့  အလိုတော် အတိုင်း ပြောရမယ်ဆိုရင် မေတ္တာတရားတွေခေါင်းပါးလာနေတဲ့အတွက်ကြောင့်ရယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အခြားသူတစ်ဦးကို ထိခိုက် စော်ကား လိုက်ရတဲ့အတွက် အဆိုပါပုဂ္ဂိုလ်အတွက် အချိန်ကာလတစ်ခုတာ အတွင်းမှာ ကိုယ်စိတ်နှလုံးထိခိုက်မှု ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
သို့သော်လည်း ကိုယ်ပြုလိုက်တဲ့ မကောင်းမှုဆိုတာ ကိုယ့်အတွက်တော့ ဆိတ်ကွယ်ရာရှိမှာမဟုတ်ပါဘူး။

  အချိန်တန်လို့ ဘ၀ရပ်တည်မှုတွေ မြင့်မားလာခဲ့တဲ့အခါ၊ ဘာသာရေးအသိအမြင်တွေ ကြွယ်ဝလာတဲ့ တစ်နေ့ကျရင် မိမိကိုယ်တိုင်ပြုလုပ်မိလိုက်တဲ့ မိမိရဲ့တန်ဖိုးကျဆင်းစေမှုတွေအတွက် ၀မ်းနည်းစွာနဲ့နောင်တ ရကြရတော့မှာပါ။ ထိုအခါမှာ သဘာဝတရားကြီးက လက်ဆောင်ပေးနိုင်တဲ့အရာကတော့ အစားထိုးလို့ပြန်မရနိုင်တော့တဲ့ မိမိနှလုံးသားရဲ့စိတ်နှလုံးဖြူစင်မှုကိုပါဘဲ...။
ဘ၀တိုလေးအတွင်းမှာ လူသားအားလုံး နောင်တကင်းကင်းနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက် ပါတယ်။

ကမ္ဘာသစ်ထာဝရအောင်မြင်တည်တံ့ပါစေ။
ရတနာ
ref: Essential of Buddhism written by:Jason Rush

Posted by Yadana on March 5, 2011 at 10:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>