2 3 4 5 6 7 8 9 10

Monday, August 6, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၂ )




၁.“အရေးကြီးဆုံး ဆိုတာတွေဟာ ဘာမျှ မဟုတ်ပါလား” လို့ နားလည်ပြီးတော့ “ဘာမျှမဟုတ်တဲ့သဘော” ကို သိဖို့က အရေးကြီးဆုံးပါပဲ။
၂.ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေမယ့် အများနဲ့တော့ အဆင်ပြေဖို့ မလွယ်ပါဘူး။
၃.ကလေး မှားရင် တစ်ပြား၊ လူကြီး မှားရင် တစ်ဆယ်၊ ဘယ်အမှားမှ မကောင်းဘူး၊ တဆယ်က ပိုဆိုးတယ်။
၎.မေတ္တာ ပို့နေရုံနဲ့ မဖြစ်သေးဘူး၊ မေတ္တာဓာတ်တွေ ရှိနေဖို့က အရင် လိုအပ်တယ်။
၅.“ဖြစ်လည်း ဖြစ်ချင်တယ်၊ ဖြစ်လည်း ဖြစ်သင့်တယ်” ဆိုရင်တောင်မှ ဖြစ်နိုင်တာကို ရွေးပြီးလုပ်ပါ။


၆.ဖြစ်ချင်တိုင်း ဓိဋ္ဌာန်ရင် အောင်မြင်ဖို့ မလွယ်ဘူး၊ ဖြစ်နိုင်တာကို ကြိုးစားမှ အဓိဋ္ဌာန် အောင်မယ်။
၇.ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ၊ အလုပ် လုပ်ရင်းနဲ့ ပိုပြီးနားလည်လာလိမ့်မယ်၊ သိသလောက် ကျင့် ကျင့်သလောက် ပိုပြီးသိလာလိမ့်မယ်။
၈.ကိုယ်က ကြိုက်လို့ ကောင်းတာထက် ကောင်းတာမို့လို့ ကြိုက်တယ် ဆိုရင် အကောင်းဆုံးကို ရနိုင်တာပေါ့။
၉.အမှန် တရားက နဂိုရှိပြီးသားပါ။ ဖန်တီးလို့ မရပါဘူး၊ ဖန်တီးထားတဲ့ အမှန်တရား ဆိုတာလည်း ဘယ်တော့မှ မတည်မြဲသလို မှန်လည်း မမှန်နိုင်ပါဘူး။
၁၀.ကော်ပတ်ရုပ်ကို လူ အစစ်ထင်ပြီး ပျော်တတ်တဲ့ ကလေး၊ ကလေးတွေကို ကော်ပတ်ရုပ် အစစ် ထင်ပြီး ပျော် တတ်တဲ့ လူကြီး၊ ကစားချင်သလို ကစား ထားချင်သလို ထားလို့ ရပေမယ့် ကော်ပတ်ရုပ် ဟာ ကော်ပတ်ရုပ်ပါပဲ။



၁၁.ယုံကြည်မှုသက်သက်နဲ့ မျက်စိမှိတ်ပြီး “အားကိုးရှာ” တတ်သလို အသိဥာဏ်နဲ့ တစ်ဖက်သတ်ချိန်ထိုးပြီးလည်း ရှာတတ်ကြတယ်၊ ယုံကြည်မှုနဲ့ အသိဥာဏ် ညီမျှမှ အားကိုးရာ အစစ် တွေ့မယ်။
၁၂.လူမှုရေးဆိုတဲ့ ကြိုးနဲ့ လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်။ လူကို မမှုရင် လူ့ဘောင်ရဲ့ ဘေးရောက်မယ် လူကို မှုနေရင်လည်း ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး။
၁၃.ဂရု မစိုက်လို့ လူကို မမှုတဲ့ လူမှုရေး။ ဂရုစိုက်ပြီး လူကိုမှုတဲ့ လူမှုရေး။ ဂရုစိုက်ပြီး လူကို မမှုတဲ့ လူမှုရေးလို့ သုံးမျိုးရှိတယ်။
၁၄.အခက်အခဲဆိုတာ ဥာဏ်နုံ့သူအတွက် ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမယ့် အသိဥာဏ်ရှိသူအတွက် ဘ၀ကြီး တစ်ခုလုံး တိုးတက်သွားနိုင်တယ်။
၁၅.အလုပ် လုပ်သူက အပြော မသန်၊ အပြောသန်သူက အလုပ် မလုပ်၊ ပြောသလောက် လုပ်ပြီး လုပ် သလောက် ပြော၊ အပြောနည်းပြီး အလုပ် လုပ်တာ အကောင်းဆုံးပါပဲ။


 ၁၆.လုံ့ လရှိသူက လက်ရုံး အားကိုး၊ ကြင်နာတတ်သူက နှလုံးသားနဲ့ စဉ်းစား၊ စည်းကမ်းရှိသူက ကိုယ်ကျင့်တရား လက်ကိုင်ထား၊ အသိဥာဏ်ရှိသူက ဦးနှောက်နဲ့ ဆုံးဖြတ်၊ မြင့်မြတ်သူက အမှန်တရားပေါ်ရပ်တည်။
၁၇.အကြိုက်ချင်း မတူကြပါဘူး၊ ကောင်းတာကို ကြိုက်ရ်င ကောင်းကြောင်းတော့ ပြောပေးလိုက်ပါ၊ ကြိုက်အောင်တော့ အတင်း မတိုက်တွန်းပါနဲ့။
၁၈.“အစစ်” မဟုတ်သေးရင် “အတု” လိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ်၊ ကောင်းတာကို အတု လိုက် ရင် ကောင်းတာ ဖြစ်တယ်၊ ဒီလိုနားလည်ရင် မကောင်းတာကို အတု မလိုက်နဲ့။
၁၉.လုပ်ကိုင်ချင်စိတ်ရယ် ကျွမ်းကျင်မှုရယ် ရှိပြီး လုပ်ကိုင်နေကျဆိုရင် ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ။
၂၀.ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်၊ ချင့်ချိန်တတ်သူကို သူရဲဘော ကြောင်တယ်၊ ရက်ရောသူကို လက်ဖွာတယ်၊ စည်းကမ်းနဲ့ ပေးသူကို ကပ်စေနည်းတယ်၊ ဦးဆောင်နိုင်သူကို နေရာယူတယ်၊ ကျွမ်းကျင်သူကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။

Posted by khineyinwin  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>