2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

ရဲစတိုင်း ၏ ဟာသများ ( E )

သူ့ဆုတောင်း



အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ် စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။
ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြုဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။ သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန် ခြေချော်ကာ တွင်းထဲလိမ့်ကျသွားသည်။
လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျား”

............................................................
ဆင်းရဲသားကား




ဗွီဒီယိုရိုက်ကူးထုတ်လုပ်သူက ဆင်ဆာဘုတ် အဖွဲ့ကို အသနားခံလိုက်သည်။
“ဆရာသမားတို့ရယ်၊ ဒီဇာတ်ကားက စရိတ်နည်းနည်းနဲ့ အလုပ်ဖြစ်ရုံပဲ ရိုက်ကူးခဲ့ရတာပါ။ သရုပ်ဆောင်တွေအတွက် အ၀တ်အစားဖိုးတောင် အကုန်အကျ မခံနိုင်ခဲ့ပါဘူး”



......................................................................

ကယ်ခဲ့ပေမယ့်




မစ္စတာတီသည် သူ့ခေတ်သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ တစ်ခါက မီးလောင်နေသော အဆောက်အဦးထဲဝင်ရောက်၍ လူလေးဦးကို ကယ်ထုတ်ပေးခဲ့သည်။
သို့သော် ကံအကြောင်းမလှစွာဖြင့် ထိုသူလေးယောက်စလုံးမှာ မီးသတ်သမားများချည်း ဖြစ်နေကြလေသည်။


..................................................................

ထမင်းပို့နည်း

မနက်ခင်းတစ်ခု၌ အသက်ကြီးကြီး အဒေါ်တစ်ယောက် အထုပ်ငယ်တစ်ခုကို ကိုင်၍ လိုက်ပါလာသည်။
ကားမှတ်တိုင်တစ်ခုတွင် ထိုမိန်းမကြီး ဆင်းမည်ပြုသောအခါ အထုပ်ငယ်ကျန်ရစ်ခဲ့သဖြင့် ကျွန်တော်က သတိပေးလိုက်သည်။
“အဒေါ်ကြီး ဒီမှာ အထုပ်ကျန်ရစ်ခဲ့တယ်”
“ထားလိုက်ပါ ငါ့တူရယ်၊ ဒီအထုပ်က အဒေါ့် ယောကျာ်းရဲ့ ထမင်းထုပ်ပါ။ သူက မေ့ကျန်ပစ္စည်း လက်ခံတဲ့ဌာနမှာ လုပ်တယ်ကွဲ့”

........................................

ကြည့်ရှင်းသွားလိမ့်မယ်




“ဟေ့ဝိတ်တာ၊ ငါ့လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ကြီးနဲ့”
“ဘာမှမပူနဲ့၊ လူကြီးမင်းရဲ့ ပေါင်မုန့်ယိုသုတ်ပေါ်မှာရှိတဲ့ ပင့်ကူက ကြည့်ရှင်းသွားလိမ့်မယ်”


.................................................
 Posted by khineyinwin on March 25, 2011 at 10:30am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>