2 3 4 5 6 7 8 9 10

Monday, August 6, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၃ )




၁.အော်! မကောင်းလိုက်တာက လောက၊ အမြဲတမ်း ကောင်းနေတာက အသိဥာဏ်။
၂.လွတ်လပ်စွာ တွေးခေါ်ယူဆခွင့် ရှိပေမယ့် အမှားကို အမှန် အမှန်ကို အမှားလို့ လိမ်ညာပြောလို့ မရပါဘူး။
၃.ဆရာသမားလား? သူငယ်ချင်းလား? အချော့ခံလား? ကိုယ့်စိတ်ကို ကိုယ်ကြည့်၊ ဆရာ ဖြစ်အောင်ကြိုးစား အနည်းဆုံး သူငယ်ချင်းတော့ ဖြစ်နေရမယ်။
၎.ပြသနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ။ ကိုယ်နဲ့ သိပ်မဆိုင်ရင် ပြသနာက သေးတယ်၊ များများ ဆိုင်ရင် ပြသနာက ကြီးလာပြီ။ လုံးဝမဆိုင်ရင်တော့ ပြသနာ မရှိတော့ပါဘူး။
၅.“အမြဲတမ်း သူ့ကိစ္စနဲ့သူ ရှုပ်နေတာပါ” လို့ နားလည်ရင် ကိုယ့် အရှု့ပ် ထပ်မပေးလိုက်ပါနဲ့။


၆.“စေတနာသည် လူတိုင်းနဲ့ မတန်“ သည်မဟုတ်။ လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ်။
၇။ကိုယ်က မှန်အောင်နေပြီး သူများ မှားနေရင်လည်း နားလည်နိုင်ရမယ်။
၈.အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့်လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှ မကောင်းဘူး။
၉.တစ်ဖက်သတ် ဆိုတာ တစ်ဖက်ကို “သတ်” တာပါ။ ဒါပေမယ့် နှစ်ဖက်စလုံး သေသွားပြီ ဆိုးကျိုးတွေဖြစ်လာမယ်။
၁၀.ပေးနိုင်သူထံက တောင်း၊ လက်ခံမယ့်သူကို ပေး၊ ဒါမှ အဆင်ပြေမယ်။
၁၁.သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်၊ လူတိုင်းရဲ့ တစ်မျိုးစီအလှကို မြင်တတ်ရင် ဘယ်လောက် သာယာလိုက်မလဲလို့။
၁၂.ခွင့်လွှတ်နိုင်ဖို့ အကြောင်းပြချက် ရှာနေတတ်တယ်၊ သည်းခံနိုင်ဖို့ မျိုသိပ်မှုကို မွေးယူရတယ်။ နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှု ပွင့်လင်းတဲံ သည်းခံမှုတွေ ဖြစ်နေပါပြီ။
၁၃.မကောင်းတာကို ကြောက်ပြီး မကောင်းလုပ်သူကို သနားလိုက်စမ်းပါ၊ မကောင်းတဲ့သူကို စိတ်ဆိုးလိုက်တာနဲ့ ကိုယ်ပါ သနားစရာ သတ္တ၀ါစာရင်း ၀င်သွားပြီ။
၁၄.ခွေးနှစ်ကောင် ကိုက်နေရင် ၀င်ပြီး ဖျင်းမလား? ဝေးဝေးရှောင်မလား? ၀င်ပြီး ကိုက်မိရင်တော့.............
၁၅.အမှိုက် လှဲပြီးမှ ရှင်းတာထက် မရှုပ်ဘဲ ရှင်းနေတာက ပိုကောင်းမယ်။



၁၆.ကိုယ်ပိုင် အလုပ် မရှိတဲ့သူဟာ သူများ အလုပ် ၀င်ရှုပ်တတ်တယ်။ ကိုယ်ပိုင် အသိဥာဏ် မရှိတဲ့လူဟာ.......
၁၇.မပြောဘဲ နားလည်နိုင်တာကို သွား ပြောလိုက်မှ အဓိပါယ်တွေ တစ်မျိုးဖြစ်ကုန်ရော။
၁၈.ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ “တောင်းပန်ပါတယ်” ဆိုတဲ့စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ။
၁၉.စဉ်းစားနေတာ မသိသေးလို့၊ သိပြီးရင်လည်း စဉ်းစားစရာ မလိုတော့ပါဘူး။
၂၀.လူကြီး ခလေး၊ ခလေး လူကြီး၊ ခလေး ခလေး၊ လူကြီး လူကြီး၊ လေးမျိုးရှိတယ်၊ နေရာထက် အရည်အချင်းက အမြဲသာနေရမယ်။

Posted by khineyinwin on March 1, 2011 at 11:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>