2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၁၁ )



၁။ကိုယ့်အိမ်ကို ကိုယ်မပိုင်ပေမဲ့ ကိုယ့်ကိုယ်ကို ကိုယ်မပိုင်ပေမဲ့ တစ်လောကလုံးကို ကိုယ်မပိုင်ပေမဲ့ ကြီးပွားတိုးတက်ဖို့ တာဝန်ရှိတယ်။
၂။လူကြီးက မေးရင် သိလျက်နဲ့ မေးတာ၊ လူငယ်က မေးရင် မသိလို့ မေးတာ၊ လူကြီးလူငယ်ဆိုတာ အသက်အရွယ်နဲ့တော့ မဆိုင်ပါဘူး။
၃။ကိုယ့်ဘက်က မြင်တာလည်း မှန်တယ်၊ သူ့ဘက်က မြင်တာလည်း မှန်တယ်၊ နေရာချင် လဲကြည့်ရင် သိလိမ့်မယ်။
၎။စိတ်ကောင်း မရှိသူအတွက် “အကောင်းမြင်ဝါဒဆိုတာ” မဖြစ်နိုင်သလို ခဏတာ အကောင်းမြင်ရင်လည်း ဟန်ဆောင်တဲ့အဖြစ် ရောက်သွားတတ်တယ်။


၅။လောကကြီးမှာ သူလည်း မငြိမ်၊ ကိုယ်လည်း မငြိမ်၊ လှုပ်နေရတာပဲ၊ ကိုယ် ငြိမ်မှသာ သူတို့ လှုပ်တာကိုလည်း သိတယ်၊ လောကကြီးလှုပ်နေတာကိုလည်း သိတယ်။
၆။ငါ့ကျမှ “ဒါမျိုးဖြစ်ရလေခြင်း”လို့ ထင်နေသေးသမျှ အဆင်မပြေသေးပါဘူး။
၇။တွက်ခြေကိုက်ဖို့ အမြဲ စဉ်းစားတတ်ရင် ဒီလူ့ဘ၀မှာ တွက်ခြေကိုက်အောင် နေစမ်းပါ။
၈။ကိုယ်သိတာ ပြန်ပြောဖို့ အရူး အိမ်မက်မက်သလို ကိုယ်တွေ့ပြန်ပြောဖို့ အ အ ခွေးကိုက်ခံရသလို မဖြစ်ပါစေနဲ့။
၉။တစ်ခါ နိုင်ပြီး အမြဲရှုံးတတ်တာရှိသလို တစ်ခါ အရှုံးပေးလို့ အမြဲနိုင်ရတာလဲ ရှိပါသေးတယ်။
၁၀။အဆင်ပြေတာ အဆင်မပြေတာထက် စိတ်ကောင်းလေး မပျောက်ဖို့ အရေးကြီးတယ်။


၁၁။တစ်သက်လုံး အဆင်ပြေတယ် ဆိုတာ မရှိပါဘူး၊ ဒီလိုပါပဲ တစ်သက်လုံး အဆင်မပြေဘူးဆိုတာလည်း မရှိပါဘူး။
၁၂။ကိုယ်က စိတ်ရှင်းနေရုံနဲ့ မပြီးဘူး၊ သူများ အမြင်ရှင်းအောင်လည်း နေရဦးမယ်။
၁၃။သနားလို့ ပြောတာကို “ဆူတယ်”လို့ ထင်တတ်ကြတယ်။ မေတ္တာနဲ့ ပြောတာကို “အလိုလိုက်လွန်းတယ်”လို့ အောက်မေ့ကြတယ်၊ အသိဥာဏ်နဲ့ ပြောတာကို “ကြီးကျယ်တယ်”လို့ မြင်ကြပြန်ရော။
၁၄။ဇီးကွက်ကလည်း “ဇီးကွက်”လို့ မြည်တယ်၊ တောက်တဲ့ကလည်း “တောက်တဲ့”လို့ အော်တယ်၊ ကိုယ့်ပါးစပ်က ကိုယ်ဘာလဲဆိုတာ ပြောပြနေတာပေါ့။
၁၅။ဆုံးမစကား ပြောပေးတာထက် ဆုံးမလို့ ရနိုင် မရနိုင်ကို အရင်ချင့်ချိန်ပါဦး။

 Posted by khineyinwin on April 15, 2011 at 10:30am



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>