2 3 4 5 6 7 8 9 10

Monday, August 6, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၅ )





၁.ပုံနှိပ်စာအုပ်၊ လောကစာအုပ်၊ စိတ်စာအုပ် သုံးမျိုးရှိတယ်။ စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။
၂.“ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါပဲ” ဒီစကားကို မယုံရင် တစ်လောကလုံးရဲ့ အလိမ်အညာတွေကို ခံနေရပြီမှတ်။
၃.အသိပေး ဆုံးမပေးမည့်သူကို ရှာသင့်ပေမယ့် ကိုယ့်စကား နားထောင်မည့်သူကိုပဲ ရှာနေကြတယ်။
၎.အပြစ်ကို ကဲ့ရဲ့တာနဲ့ လူကို ကဲ့ရဲ့တာ၊ ခွဲခွဲခြားခြား သိတတ်ကြရင် ကဲရဲ့မှုမှ လွတ်မယ်။
၅.“ရောင့်ရဲနိုင်တယ်” ဆိုတာ အခွင့်အရေးကို ရသလောက်နဲ့ ကျေနပ်နိုင်တာ။ အလုပ်ကို ရောင့်ရဲနေရင်တော့ “အပျင်းကြီးတယ်” ဆိုတဲ့ ဂုဏ်ပုဒ်ပဲ ရသွားမယ်။


၆.စကားပြောနေရင်း လူအုပ်ကြားထဲ ဆူးခက်ကြီးကို ဆွဲမသွားပါနဲ့၊ ဆွဲလာတာတွေ့ရင်လည်း လွတ်အောင် ရှောင်လိုက်ပါ။
၇.လျှာကို သွားက ကိုက်မိတတ်တယ်၊ ဒါပေမယ့် ကိုယ့်လျှာကိုတော့ သူများရဲ့သွားက လာပြီးမကိုက်ပါဘူး။
၈.တစ်ဆယ်က ကိုး ဖြစ်သွားတယ်။ ရှစ် က ကိုး ဖြစ်လာတယ်။ ကိုး ချင်းတူပေမယ့် မတူတာကို သိလိုက်စမ်းပါ။
၉.မှားနေတာကို “မှားတယ်” လို့ ထောက်ပြပေမယ့် ဆက်လုပ်နေရင်- မှား တာကို “မှန် တယ်” လို့ ခေါင်းငြိမ့်တိုင်း ဆက်လုပ်နေရင် ပိုဆိုးသွားမယ်။
၁၀.ဒါကိုပဲ ကြည့်၊ ဒါကိုပဲ စဉ်းစား၊ ဒါကိုပဲ နှစ်သက်၊ ဒါနဲ့ပဲ မွေ့လျော် ပျော်နေရင်၊ ဒါပဲ ဖြစ်နေမှာပေါ့။
၁၁.ကျွေးတာ အကုန်စား၊ ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန် မသုံးလိုက်ပါနဲ့။  ။
၁၂.တစ်ခုခုကို ဖိထားရင် အင်အားတွေလဲ။ နှိမ့်ကျနေတယ်။ တစ်ခုခုကို ပင့်တင်ထားရင် အင်အားတွေလဲ မြင့်ရာဆီကို တိုးတက်နေတယ်။
၁၃.ဧည့်သည်က အိမ်ရှင်ရဲ့အလုပ်ကို၊ အိမ်ရှင်က ဧည့်သည်ရဲ့ အလုပ်ကို၊ ကူညီသလိုလိုနဲ့ ၀င်ရှုပ်တတ်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြမှ အဆင်ပြေမယ့်။
၁၄.မကောင်းတာကို လုပ်မည့်အစား မလုပ်ပဲနေတာက ကောင်းတယ်။

၁၅.အပြစ်ဆိုတာ... မကောင်းဘူး၊ ကောင်းချင်ရင် အပြစ်မလုပ်နဲ့။
၁၆.ပုထုဇ္ဇနော ဥမ္မတ္တကော” တဲ့၊ လူတိုင်းလိုလို တစ်မျိုးလေးတွေချည်းပါပဲ။ တစ်မျိုးကြီးအထိ မဖြစ်စေနဲ့။ တစ်မျိုးလေးဆိုတာကိုတောင် ဖျောက်ပစ်ရမှာ။
၁၇.“အပြော” ကြောင့် မယုံလိုက်ပါနဲ့။ သေချာပေါင်းကြည့်ပါဦး၊ သိလာလိမ့်မယ်။
၁၈.တစ်ဦးနဲ့တစ်ဦး ပြစ်မှားလိုစိတ် စော်ကားလိုစိတ် မရှိကြရင် နှစ်ဘက်စလုံး အကောင်းမြင် နိုင်ကြပြီပေါ့။
၁၉.လောကရဲ့ “ဂုဏ်” ဆိုတာ မက်မောသူ အတွက် အားကိုးစရာ ထင်ရပေမဲ့ တကယ့် ကြောက်စရာကြီးပါ။
၂၀.“ကိုယ်ချင်းစာတယ်” ဆိုတာ ကိုယ် လောဘ,ဒေါသကြီးသလို သူလည်း လောဘကြီး ဒေါသကြီးမှာပဲလို့ ထင်တာမျိုးမဟုတ်ပါဘူး။ တကယ် ကိုယ်ချင်း စာတတ်ရင် သူများချင်းလည်း စာနာတတ်လာတယ်။
..............................

Posted by khineyinwin on March 10, 2011 at 11:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>