............အမေကျွန်တော့်ကို ဘယ်လောက်ထိ ချစ်သည် မချစ်သည်ကိုတော့  မိခင်နေရာမှာမနေဖူး၍ ကျွန်တော်မသိ။ သေချာသည်ကတော့ အမေ ကျွန်တော့်ကိုချစ်ပါသည်။လူတိုင်းတွင် အမေဆိုသည်မှာ အစားထိုးစရာမရှိသော သူတစ်ယောက်ဖြစ်ပါ၏။ ဒီနေ့ မြန်မာပြည်မှာ ပြာသိုလပြည့်နေ့ ကို အမေနေ့ အဖြစ် သတ်မှတ်ထားကြပြီး အမေများအတွက် အမှတ်တရဖြစ်စရာ၊ သတိတရအောက်မေ့စရာ၊အဝေးနေ ချစ်သော သားသမီးများကလည်း လွမ်းဆွတ်တမ်းတစွာနဲ့  ချစ်သောအမေတိုင်းအတွက် ခံစားမှု အမျိုးမျိုးတို့  ဖြစ်ပေါ်နေမယ့် နေ့ ပါပဲ။
......... အမေနေ့ အတွက် ကျွန်တော်ကြိုတင်ရေးသားဖို့ စိတ်ဆန္ဒမဖြစ်ခဲ့မိပါဘူး ။မနေ့ ကမှ ကမ္ဘာသစ်မှ သူငယ်ချင်းတစ်ယောက်က မနက်ဖြန် အမေနေ့ မှာ သူတစ်ခုခုရေးမယ်လို့ အကြောင်းကြားတာကြောင့် ကျွန်တော် မနက်ဖြန်ပြာသိုလပြည့်ပါလားဆိုတာသိလိုက်ရပါတယ်။အဲဒါကြောင့် ကျွန်တော်ဒီနေ့ မနက်မှာပဲ အမေနေ့ အတွက် အမှတ်တရဆောင်းပါးလေးကို အမေများအားလုံးသို့ ဂါရ၀ပြုရင်း ရေးသားဖော်ပြလိုက်ပါတယ်။
........... အမေနဲ့ ပတ်သတ်တဲ့ ဒီစာစုကို ကျွန်တော် ပထမရည်ရွည်ထားတာက ကျွန်တော့် မွေးနေ့ ဖြစ်တဲ့ လာမယ့် ၂၀၁၀ ဖေဖော်ဝါရီ ၆ ရက် နေ့ မှာ အမှတ်တရရေးမလို့ ပါပဲ။ဒါပေမယ့် အဲဒီနေ့ မှာရေးသားဖြစ်ရင် ဒါဟာကျွန်တော့်အမေနဲ့ ပဲ သီးသန့် သက်ဆိုင်သလိုဖြစ်နေမယ် ။ဒီနေ့ ဟာ အမေနေ့ လည်းဖြစ်ပြီး သူငယ်ချင်းများအားလုံးတို့ ရဲ့ ချစ်သောအမေများနဲ့ ပါ သက်ဆိုင်တဲ့နေ့ တစ်နေ့ ဖြစ်တဲ့အတွက် ဒီနေ့ ဒီရက်မှာပဲ ပိုပြီး ရေးသားဖို့ သင့်တော်မယ်လို့ ထင်တာကြောင့် ရေးသားတင်ပြပေးလိုက်ပါတယ်။
..... ကျွန်တော်နဲ အမေ့အကြောင်းလေးအနည်းငယ်ပြောပါရစေဦး။ ကျွန်တော့်အမေဟာ ခေတ်ပညာတတ် တစ်ယောက်တော့မ ဟုတ်ပါဘူး။ ဒါပေမယ့် မိခင်တိုင်းမှာရှိတဲ့ သားသမီးတိုင်းကို ချစ်တဲ့မိခင်ရဲ့ မွေးရာပါစိတ်ကတော့ အများမိခင်များနည်းတူ အမေ့မှာလည်း ရှိတယ်။ အမေနဲ့ ပတ်သတ်ပြီးကျွန်တော်မှာ အထွေအထူးအဖြစ်အပျက်တွေတော့မရှိခဲ့ပါဘူး။ဘာလို့ လည်းဆိုတော့ ကျွန်တော်ငယ်ငယ်က အဲဒီခေတ်အခါ ကလေးငယ်များနည်းတူ အိပ်ရာဝင်ပုံပြင်တွေ၊ချိုတေးကဗျာတွေ စတဲ့မြန်မာမှုဓလေ့လေးတွေနဲ့  ကြီးပြင်းလာခဲ့တာတော့ အမှတ်ရမိတယ်။ကျွန်တော်က ငယ်ငယ်က အရမ်းအငိုသန်ပါတယ်။ငိုမိရင်တော်ယုံနဲ့ မတိတ်တော့ဘူး။အိမ်မှာ အစ်ကိုတွေ အစ်မတွေက ရိုက်ရင် ကျွန်တော်ပြေးစရာက အမေ့ဆီကိုပါပဲ။အမေနဲ့ တွေ့ တော့မှသာ အငို ရပ်တော့တယ်။ တစ်ခါက ကျွန်တော့်ကို အမေရိုက်ဖူးတယ်။ အစ်ကိုတွေအစ်မတွေ ရိုက်ရင် ကျွန်တော်အားကိုးတဲ့အမေ့ဆီ ပြေးနေကြလေ။ ဒီတစ်ခါတော့ အမေကိုယ်တိုင်က ရိုက်တော့ ကျွန်တော့်စိတ်ထဲ ၀မ်းနည်းမိပြီး ည ၇ နာရီလောက်ထဲက ကုတင်ဘေးမှာထိုင်ငိုနေတာ ည ၁၀ နာ၇ီကျော်လောက်ထိ မရပ်ပါဘူး။ အမေကတော့ အိပ်ပျော်နေလို့ မသိဘူးထင်ပါရဲ့ .။ဒါနဲ့ ခဏနေတော့ အမေအိပ်ရာက နိုးလာပါတယ်။ သူမအိပ်ခင်ကတည်းက ထိုင်ငိုနေတဲ့ ကျွန်တော်.. ခုချိန်ထိမအိပ်ပဲ တရှုံ့ ရှုံ့ ငိုနေတာမြင်တော့ အမေဘယ်လိုခံစားရတယ်မသိ။ အဲဒီအချိန်က စပြီး အမေကျွန်တော့်ကို မရိုက်တော့ပါ။ ကျွန်တော်ငိုရကြိုးနပ်ခဲ့တယ်ပေါ့လေ။
...............ညဘက်ဆို အမေနဲ့ အတူတူ အမြဲအိပ်စမြဲပေါ့။ အမေ့ဆီမှာက အိပ်ဆေးရှိတယ်လေ။သောက်ရ တဲ့ဆေးတော့မဟုတ်ပါဘူး။ အမေ့ရဲ့ ချိုတေးတွေပါ။ အဲဒီအချိန်တွေမှာဆို ကျွန်တော့်ရဲ့ အတွေးဘ၀င်ထဲမှာ မိတ္ထီလာကန်တော်အောက်လည်း ကျွန်တော်ရောက်တယ်။ ခိုဖြူခိုပြာတွေလည်း လိုက်ဖမ်းရတယ်..ခဏကြာတော့ကျွန်တော် ကျွန်တော်အိပ်မောကျနေပြီပေါ့။ အဲဒါတွေ ပြန်အမှတ်ရမိတဲ့အခါ အခုခေတ်ကလေးလေးတွေကို ကျွန်တော် စဉ်းစားကြည့်မိတယ်။ သူတို့ မိခင်တွေအများစုဟာ ချိုတေးတွေ သိပ်မဆိုတတ်ကြတော့ပါဘူး။ ခေတ်ကာလပြောင်းလဲ လာတာကြောင့်ဖြစ်မှာပါ။. မိတ္ထီလာကန်တော်အောက်က ဖားကောင်လေးတွေကတော့ ကောက်မည့်သူ မျှော်နေရှာကြမလား မတွေးတတ်တော့ပါဘူး။ရွှေယုန်တို့ လည်းသက်ကယ်မရိတ်ဖြစ်တော့တာကြာပြီထင်ပါရဲ့ ။
...... ဒီလိုနဲ့ ပဲကြီးပျင်းလာတဲ့အခါ ဆယ်တန်းအောင်ခဲ့ပြီးနောက်ပိုင်း ခုချိန်ထိ အမေတို့ နဲ့ တစ်နေရာစီနေဖြစ်ခဲ့တယ် ခုချိန်ထိပဲပေါ့။ ကျွန်တော် ခုချိန်ထိ ကျွန်တော့်ရဲ့ မွေးနေ့ မှာ အမေ့ကို မကန်တော့ခဲ့ဖူးပါဘူး။ ဆိုလိုတာက ကိုယ်ထိလက်ရောက် သွားမကန်တော့ဖြစ်တာကိုပြောတာပါ။ မွေးနေ့ တိုင်းတော့ အမေ့ကို ရည်မှန်းပြီး ကုသိုလ်ဒါနတော့ပြုပါတယ်။
........ ဒီလိုနဲ့ တစ်နေ့ မှာ အဘဦးသုမောင် ( စာရေးဆရာ၊ရုပ်ရှင်မင်းသား ) ပြောတဲ့စကားလေးကို အမှတ်ရမိသွားပါတယ်။ဒီနေ ရာမှာ အကြောင်းတိုက်ဆိုင်လို့ ရေးသားလိုက်တာပါ။ဆရာသုမောင်က သူ့ မွေးနေ့ က မတ်လ ၁၃ ရက်ပါ။ဒါပေမယ့် ဆရာက သိတဲ့အတိုင်း မွေးနေ့ တွေဘာတွေဆိုတာ သိပ်ပြီးခေါင်းထဲထည့်တာမဟုတ်ပါဘူး။တခါတလေ ကိုယ့်မွေးနေ့ ကိုယ်မေ့နေတာတောင်ရှိပါတယ်။
.............တစ်နေ့ ဆရာရဲ့ အသက်၃၀ ပြည့်မွေးနေ့ မှာ တယ်လီဖုန်းဝင်လာရောတဲ့။တခြားဆီကတော့မဟုတ်ဘူး။ ဆရာ့အမေဆီကပါ။ ဆရာသုမောင်က သူ့ မွေးနေ့ သူလည်း အမှတ်မထားမိပါဘူး။အမေက သူ့ ဆီအချိန်ရရင်ခဏလာဖို့ မုန့် လေးဘာလေးလည်း အဆင်ပြေရင် ၀ယ်လာခဲ့ဖို့ ပြောတော့ ဆရာကလည်း ဘာအကြောင်းနဲ့ ခေါ်မှန်းမသိ မုန့် ထုပ်လေးနဲ့ သူ့ အမေဆီရောက်သွားပါတယ်။
ဟိုရောက်မှ အမေလုပ်သူက .’’ သားဒီနေ့ ဘာနေ့ လည်း သိလား ‘’ဆိုတော့ ဆရာသုမောင်က ဒီနေ့ အင်္ဂါနေ့ လေအမေ ‘’ ‘’ အင်း အင်္ဂါနေ့ မှန်းတော့ အမေသိပါတယ် …ဒီနေ့ ဘာနေ့ ဆိုတာ သားမသိဘူးလား ‘’ ‘’သားဒီနေ့ အသက် ၃၀ ပြည့်တဲ့မွေးနေ့ ’’ ဆိုတော့ မှ ‘’ ဦးသုမောင်က ‘ အော ဟုတ်သားပဲ ဒီနေ့ မတ်လ ၁၃ ရက်နေ့  ၊ ကျွန်တော် အသက် ၃၀ ပြည့်တဲ့နေ့ ၊ကျွန်တော့်မွေးနေ့ ပဲ. .အဲဒါဘာဖြစ်လို့ လည်း အမေရ .သားအတွက်သိပ်ပြီးထူးဆန်းတာမှမဟုတ်တာ.’’ ပြောတဲ့အချိန်မှာ ဆရာ့ အမေပြောလိုက်တာက..
"အင်းလေ..သားအတွက်တော့ သိပ်မထူးခြားတဲ့ နေ့ ဖြစ်ရင်လည်း ဖြစ်မယ်..သား ‘’ဒါပေမယ့် သားကိုမွေးခဲ့တဲ့ဟိုးအရင် နှစ်ပေါင်း ၃၀ ပြည့်တဲ့နေ့ က အမေသေမလိုဖြစ်တဲ့နေ့ ပေါ့.
သားကိုမွေးတုန်းက ကိုးပေါင်တောင်ကွယ် ..အဲဒီအချိန်က အမေသေမလိုကိုဖြစ်ခဲ့တာ..’’ ဆိုတော့ ဦးသုမောင်လည်း ဒါရိုက်တာမပါတဲ့ တကယ့်ဇာတ်လမ်းမှာ အမေ့ကိုကြည့်ပြီးငိုခဲ့ဖူးပါတယ်။
အဲဒီနေ့ ကစပြီးဆရာသုမောင်ဟာ သူ့ မွေးနေ့ ရောက်တိုင်း ဘုရားကိုအရင်တောင်မကန်တော့ပဲ
သူ့ အမေကို ပထမဆုံးကန်တော့ပါတော့တယ်။အဲလိုပဲ ကျွန်တော်တို့ အားလုံးရဲ့ မွေးနေ့ တွေတိုင်းဟာ ကျွန်တော်တို့ အမေတွေ သေမလိုဖြစ်တဲ့နေ့ တွေပါပဲ။ကျွန်တော်တို့ ကို လူ့ လောကအတွင်း ရှင်သန်ရပ်တည်ခွင့်ပေးဖို့ အတွက် မိခင်တွေတိုင်းဟာ အသက်နဲ့ ရင်းပြီး မွေးဖွားပေးခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ မကြာခဏမေ့လျော့နေတတ်ကြပါတယ်။
............ နောက်ပြီး ဆရာသုမောင်ပြောတဲ့စကားလေးက ထူးထူးခြားခြားတော့မဟုတ်ဘူး…ကားမှတ်တိုင်ပါ။ဆရာသုမောင် အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ
ဘက်စ်ကားမှတ်တိုင်ဟာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး နေ့ စဉ် လူအမျိုးမျိုးဖြတ်သန်းဦးတည်သွားလာနေကြတယ်။
မှတ်တိုင်မှာ မကြာခဏပြောင်းလဲနေတာ တစ်ခုရှိတယ်။ အများ သိကြတဲ့ အတိုင်း ကြော်ညာဘုတ်တွေပေါ့။ မင်းသား၊မင်းသမီး၊ အဆိုတော် အမျိုးမျိုးနဲ့ တစ်ခါတစ်လေ ရေသန့် လာမယ်၊တစ်ခါတစ်လေ အရက် ကြော်ညာ၊တစ်ခါတစ်လေ သွားတိုက်ဆေး စသဖြင့် မှတ်တိုင်မှာ အပြောင်းလဲဖြစ်တိုင်း လူတွေဝိုင်းအုံကြည့်ကြတယ် .၊ဝေဖန်ကြတယ်၊ မှတ်ချပေးကြတယ်၊ချီမွမ်းတဲ့လူချီးမွမ်းကြတယ်။အချိန်တန်တော့ ကြော်ညာဘုတ်က နောက်တစ်ခုပြောင်းဦးမှာပါပဲ။ ဒါပေမယ့် မပြောင်းမလဲပဲ နှစ်ပေါင်းအတန်ကြာ တည်ရှိနေတဲ့အရာလေးတစ်ခုရှိပါတယ်။အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ ၃၉ ဆိုတဲ့ ဟောင်းနွမ်းစုပ်ပြတ်သပ်နေတဲ့ ဘက်စ်ကား မှတ်တိုင်အိုလေးပါ။ဒီမှတ်တိုင်အိုလေးဟာ နေ့စဉ် လုပ်သားပြည်သူတွေအတွက် မပြောင်းလဲပဲလမ်းညွှန်ပေးခဲ့တယ်။ဒီနေရာမှာ အလုပ်သွားကြတယ် အလုပ်ပြန်ကြတယ်၊ဈေးသွား၊ရုံးသွား၊ကျောင်းသွား စသဖြင့် လူသားတွေရဲ့ တကယ့်အခြေခံလိုအပ်မူကို အကျိုးပြူစေခဲတာပေါ့။ဒါပေမယ့် သူ့ ကိုမှတ်တိုင်ကလူတွေကဘယ်သောအခါကမှ ၀ိုင်းအုံကြည့်မနေခဲ့ပါဘူး။ဒါပေမယ့် မှတ်တိုင်အိုဟာ လမ်းညွှန်နေရာပြနေဆဲပါပဲ ။
အောင်မြင်ကျော်ကြားမှုနဲ့ တစ်ကယ့်အစစ်အမှန်ဆိုတာကို ခွဲခြားနာလည်တတ်စေချင်တယ် ဆိုတဲ့သဘောကို ဆရာက ပြောလိုရင်းပါ။လောကမှာအမေဆိုတာလည်းဒီလိုပါပဲ ကိုယ့်ကြည့်တတ်မြင်တတ်နားလည်တတ်ရင် အစားထိုး၍မရနိုင်သော ကျွန်တော်တို့ အားလုံးရဲ့ အမေ …ပါပဲ။ဒီနေ့ အမေများနေ့ မှာရော ကျွန်တော်တို့ ရဲ့ မွေးနေ့ တိုင်းမှာ တွေးဆဆင်ခြင်စရာလေး တစ်ခုပေါ့ဗျာ ။
ကမ္ဘာသစ်မှ သူငယ်ချင်းများအားလုံး ...
ရွှင်လန်းချမ်းမြေ့ကြပါစေ ..
.....................................................
အမေများနေ့ ကို ဂုဏ်ပြုရေးသားပါသည်
ခင်မင်လေးစားလျက်
နန္ဒ
Posted by Nanda on January 19, 2011 at 11:00am
No comments:
Post a Comment