2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

ရဲစတိုင်း ၏ ဟာသများ ( D )

မှတ်ကရော

ကြွားဝါတတ်သော အမေရိကန်လူမျိုးတယောက်သည် လန်ဒန်ကိုရောက်ခိုက် တက္ကဆီငှား၍ လျှောက်လည်လိုက်သည်။
“ဒီဟာက လန်ဒန်မျှော်စင်ပါခင်ဗျား”
“ဒီအဆောက်အဦးက ဘုရင်မကြီးနေတဲ့ ဘက်ကင်ဟမ်နန်းတော်ပါခင်ဗျား”
“ဒီနန်းတော်လောက်တော့ ငါတို့ အမေရိကန်မှာ တစ်ပတ်နဲ့ ဆောက်လို့ရတယ်”
သူတို့ကားသည် ၀က်မင်စတာ ဘုရားရှိခိုးကျောင်းဘေးမှ ဖြတ်သွားစဉ် တိုးရစ်က မေးလိုက်သည်။
“ဒါက ဘာအဆောက်အဦးကြီးလဲကွ”
“ကျွန်တော် မသိဘူးဆရာ၊ ဒီမနက်အထိတော့ ဒီမှာမရှိသေးဘူးဗျ”
................................................

ဆုတောင်းရခြင်းအကြောင်း



ဘိုနူးသည် ညအိပ်ရာဝင်နီး တတွတ်တွတ် ဆုတောင်းနေသည်။
“နေပယ်မြို့ဟာ အီတလီနိုင်ငံရဲ့ မြို့တော်ဖြစ်ပါစေ။ နေပယ်မြို့ဟာ အီတလီနိုင်ငံရဲ့ မြို့တော်ဖြစ်ပါစေ။”
“ဘာဖြစ်လို့ နေပယ်မြို့ကို အီတလီနိုင်ငံရဲ့မြို့တော် ဖြစ်စေချင်တာလဲ ဘိုနူး”
“ဒီလိုပါ မေမေ၊ စာမေးပွဲအဖြေလွှာထဲ အဲ့ဒီလို ဖြေခဲမိလို့ပါ”

...........................................................
သန်းကြွယ်သူဌေး



“မင်းဝယ်ဖတ်တဲ့ သန်းကြွယ်သူဌေးဖြစ်နည်းစာအုပ် ငါ့ကို ခဏငှားဖတ်ကွာ”
“ရတယ် ရော့-ဒီမှာ”
“ဟင် မင်းစာအုပ်က စာမျက်နှာတစ်ဝက်ပဲ ရှိတော့ပါလားကွ”
“အေးလေ ဘာဖြစ်လို့လဲ သန်းတစ်ဝက်လောက်ပဲ ချမ်းသာရင် မင်း မကျေနပ်နိုင်ဘူးလား”

....................................................................
တိရစ္ဆာန်မှတ်လို့



“အမေက ရှင့်ကို အတော်စိတ်ဆိုးနေတယ်။ သူနေမကောင်းတာကို တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြပေးလို့တဲ့”
“ဟင် မင်းပြောတော့ မင်းအမေနာမည်က ခွေးမဆိုကွ”
“အဲ့ဒါ အမေ့ရဲ့ ငယ်နာမည်ရှင့်”

.......................................................


အနာဂတ်ကို မြင်ရသူ




“ကျွန်တော်ဟာ အနာဂတ်ကို တွေ့နေရသလို ခံစားရတယ် ဒေါက်တာ”
“ဘယ်တုန်းက စဖြစ်တာလဲ”
“နောက်လာမယ့် အပတ်ကျမှ ဖြစ်မှာပါ”

....................................................

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>