2 3 4 5 6 7 8 9 10

Monday, August 6, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၁ )



၁.စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ၊ ရှုပ်နေရင် ရှင်းတဲ့ စိတ်၊ ပူနေရင် အေးတဲ့ စိတ်၊
 နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။
၂.ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ၊ မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင်
ဘယ်လိုလူဆိုတာ သိလိုက်ပါ။
၃.သူများ ပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက် ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီး မြိန်တယ်။
၎.လေးစားထိုက်သူရဲ့ စကားကိုမှ နားထောင်ကြတာ။ ကိုယ့်စကား နားထောင်စေချင်ရင်
 လေးစားထိုက်အောင် နေပေါ့။
၅.၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။ ၀မ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။ ဘာမျှ မယ်မယ်ရရ
 မရှိခဲ့ပါဘူး၊ “အသိဥာဏ်တိုးပြီး လူဖြစ်ကျိုးနပ်တယ်” ဆိုလို့ တော်သေးတာပေါ့။



၆.“ငါ အတော်ဆုံး” လို့ ထင်နေရင် “အဖျင်းဆုံး” အဆင့်ကို ရောက်သွားပြီ။
၇.တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရှုံးမဟုတ် အမြတ်ရသေးတယ်၊ စိတ်ချမ်းသာမှုကို
 ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။ စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။
၈.ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ် ဆိုတာ မရှိပါဘူး၊ လုပ်ငန်း မစရသေးတာပဲရှိတယ်။
၉.စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင် သူစားနိုင်သလောက်
စားတာကိုလည်း ကျေနပ်နိုင်ပါစေ။
၁၀.“မမှားသော ရှေ့နေ မသေသော ဆေးသမား” တဲ့၊ ဒီဖြေဆေးဟာ ဆေးယဉ် သွားရင်
 ရောဂါကျွမ်းတတ်တယ်၊ မမှားတာ အကောင်းဆုံးပဲ။
၁၁.အမြင့်ရောက်မှ အမြင် ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်။
၁၂.“ဘေး” ကို ကြည့်လွန်းအားကြီးရင် “ဘေး” တွေ့တတ်တယ်။
၁၃.ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ။ ဖြစ်နိုင်တာကိုသာ
ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်။

၁၄.လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
၁၅.တစ်ခါမှားမိရင်ပဲ ပေးဆပ်ရတဲ့ အကြွေးက တိုး ရင်းပေါင်း များလှပါတယ်။ ပေးဆပ်လို့
မရနိုင်တဲ့ အမှားမျိုးကတော့ အဆိုးဆုံးပဲ။
၁၆.အထွတ်အထိပ်ကို ရောက်သွားသူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား ခဲ့ရတာတွေချည်းပါပဲ။
၁၇.မြင်တဲ့ အတိုင်း အမှန် ဖြစ်မှ အမှန် အတိုင်း မြင်တယ် ခေါ်တယ်။ မြင်တဲ့ အတိုင်း မှန်,
မမှန် ကြားတဲ့ အတိုင်း မှန်, မမှန် ဆန်းစစ်ရမယ်။
၁၈.အရာရာကို အောင်မြင်နိုင်ဖို့ မိမိရဲ့ အရာရောက်မှုကို မြှင့်တင်ပေးရမယ်။
၁၉.“အဟုတ်ပါလား” လို့ ထင်ထားသမျှတွေဟာ လွဲနေတတ်သလို “မဟုတ်ဘူး”လို့
 မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ်။
၂၀.ကိုယ့်စကားကို နားထောင်စေချင်ရင် သူ့စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါဦး။


Posted by khineyinwin 

ကမ္ဘာသစ် မြန်မာ Fan Page 




No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>