2 3 4 5 6 7 8 9 10

Sunday, August 5, 2012

သတိတရ ...



သတိတရ ...


သိမ်ငယ်မှုတွေနဲ့
အခန်းထောင့်မှာ ခွေခေါက်နေခဲ့တဲ့
ရေမြွေလေး ... ။
အခုတော့
ဖောင်ဖျက်ပြီးတိုက်တဲ့စစ်ပွဲမှာ
ပါးပြင်းတထောင်ထောင်နဲ့ ... ။

အမေမျိုသိပ်ခဲ့ရတဲ့ ဝေဒနာတွေကို
အမြစ်မကျန် အန်ချလိုက်ချင်တယ်
ခပ်လျော့လျော့လေးပြုံးတတ်တဲ့ အပြုံးတွေမှာ
နွေနံနက်ခင်းလေးလဲ ချိတ်ဆွဲပေးချင်ရဲ့ ... ။

အမြင့်ကိုပျံသန်းနိုင်ဖို့
ဘဝနဲ့ ထမ်းတင်ပေးခဲ့တဲ့ ကြင်နာမှုမျိုး ...
အုပ်မိုးပေးထားတဲ့ ကျောပြင်မှာ
ခပ်နက်နက်ဒဏ်ရာတွေနဲ့ ။
အိပ်မက်ဆိုးတွေတောင်
ဖြစ်နိုင်ရင် ..
အစားထိုးမက်ချင်ခဲ့သတဲ့ ... ။

မေမေရေ ...
ထပ်ကြပ်မကွာလိုက်လာတဲ့ အလွမ်းတွေကို
ပြာချရင်း ...
နေ့ရက်တွေကို
ခပ်မျဉ်းမျဉ်း မှုတ်ထုတ်လိုက်တယ် ... ။
အတွေးတိုင်းမှာတော့
ကစဥ့်ကလျားဖြစ်နေတဲ့ တိမ်တွေကိုတောင်
ကြိုးနဲ့ချည်လို့ ... ။

ကောင်မလေး 13
Posted by kaungmalay13 on January 19, 2011 at 10:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>