… နေ့စဉ်ဘ၀တွေမှာ အဆင်ပြေတဲ့ကိစ္စတွေ.ကောင်းတာတွေနဲ့ ကြုံရသလို အဆင်မပြေမှုတွေနဲ့လည်း ခဏခဏတွေ့ပြီး ရင်ဆိုင်ဖြေရှင်းနေကြရတာဟာ နေ့စဉ်နဲ့အမျှလိုပါဘဲနော်. ကောင်းတဲ့အရာတွေ. အကောင်းဆုံးတွေဖြစ်နေတဲ့ အချိန်မှာတော့ အားလုံးအဆင်ပြေတယ်. ကြည်နူးနှစ်သိမ့်ပီတိ ဖြစ်နေမိတော့တာပါပဲ. လုပ်ငန်းခွင်ထဲမှာ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့အခါမှာ စိတ်သဘောထား ကောင်းတဲ့သူ. ဆိုးတဲ့သူအမျိုးမျိုးပါပဲ.
...လူမျိုးပေါင်းစုံရဲ့ စိတ်နေသဘောထားသောင်းပြောင်း ထွေလာတွေကို
ပုံစံပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံကြရပါတယ်.တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှု
မရှိသေးတဲ့အချိန် အခိုက်အတန့်လေးမှာတော့ စိတ်သဘောထား ကွဲလွဲမှုတွေ
ရှိကြပါတယ်. အနေကြာလာလို့ တစ်ဦးရဲ့စိတ်သဘောကို တစ်ဦးနားလည်လာတဲ့အချိန်.
ခင်မင်ရင်းနှီးလာတဲ့ အချိန်ကျတော့လည်း တစ်ဦးကိုတစ်ဦး
ခွင့်လွတ်သည်းခံနိုင်လာကြတယ်. ယိုင်းပင်းကူညီချင်တဲ့စိတ်တွေ ပေါ်လာကြရတယ်.
...လူတွေအားလုံးဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေရှိကြမယ်.
မေတ္တာစိတ်တွေ ပြည့်ဝနေကြမယ်. မိသားစုစိတ်ဓါတ်တွေနဲ့ ကူညီယိုင်းပင်းကြဖို့.
စေတနာ.မေတ္တာတရားတွေ ရင်ထဲမှာ ကိန်းအောင်းနေကြမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ အရမ်းကို သာယာလှပပြီး ပျော်စရာအတိဖြစ်မှာပါ။
တွေးကြည့်တာနဲ့တင် စိတ်ချမ်းသာဖို့ကောင်းလှပါတယ်။ လူသားတွေအားလုံး
ကမ္ဘာလောကကြီးတစ်ခုလုံးကိုလည်း ငြိမ်းချမ်းပျော်ရွှင်မှုတွေ
ရရှိစေချင်မိပါတယ်။
… လူတိုင်းရဲ့သဏ္ဍာန်မှာ.လူတိုင်းရဲ့ နှလုံးအိမ်ထဲမှာ
ကောင်းမြတ်တဲ့စိတ်စေတသိတ်တွေ. အသိအမြင်တွေ ရှိနေကြမယ်ဆိုရင်
ကိုယ်ချင်းစာတရား. မေတ္တာတရားတွေဟာ အလိုလိုပေါ်လာမှာပါ.
ဒီလိုကောင်းမြတ်တဲ့စိတ်တွေရရှိဖို့.
မှန်ကန်စွာ တွေးခေါ်မျှော်မြင်မှုနဲ့ အမှန်တရားတွေကို ချစ်မြတ်နိုးတတ်ဖို့. တန်ဖိုးထားတတ်ဖို့အတွက်
အနှစ်သာရရှိတဲ့၊ တန်ဖိုးရှိတဲ့ စာပေတွေကို လေ့လာမှတ်သားကြရမှာပါ.

...ဘ၀အတွေ့အကြုံတွေ၊ ဘ၀သင်ခန်းစာတွေ အများကြီး ကိုယ်တိုင်တွေ့ကြုံ
ခံစားခဲ့ရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ ရင်ထဲကထွက်လာတဲ့
တန်ဖိုးရှိတဲ့စကားတွေ. အတွေးအခေါ်အယူအဆတွေ. အဆိုအမိန့်တွေကို ဖတ်ရတာဟာ
အမှောင်ထဲမှာ အလင်းရောင်ကို မြင်တွေ့ရသလို စိတ်ကို ပွင့်လင်းစေပါတယ်။
အရာအားလုံးကို သိမြင်နားလည်စေပါတယ်. ဒီလိုစိတ်ဓါတ်ကောင်းတွေ မွေးဖွားပေးတဲ့
အတွက်လည်း ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများဆိုပြီး
တင်စားခဲ့တယ်လို့ထင်ပါတယ်။
အလုပ်ပင်ပန်းလာတဲ့အချိန်တွေမှာ….. အဆင်မပြေမှုတွေနဲ့တွေ့လို့
စိတ်ညစ်နေတဲ့အချိန်တွေမှာ….. ကမ္ဘာကျော်တို့ရဲ့ အတွေးအမြင် ဒဿနတွေကို
ဖတ်လိုက်ရတဲ့အချိန်ခဏလေးဟာ… ပင်ပန်းမှုတွေ. စိတ်ညစ်နေမှုတွေကို
သက်သာရာရစေခဲ့ပါတယ်. စိတ်ဓါတ်အင်အားတွေ ပြန်ပြီး ပြည့်ဝလာစေပါတယ်.
အရှုံးတွေကို ရဲရဲရင်ဆိုင်နိုင်လာတယ်. ဖြစ်တတ်တဲ့ သဘောကို
လက်ခံနိုင်လာတယ်.ကိုယ်ကိုယ့်ကို အားတင်းလာနိုင်ခဲ့ပါတယ်.
…ဒါကြောင့် ကမ္ဘာသစ်က သူငယ်ချင်းတို့ကိုလည်း တူညီသောအကျိုးကို
ရရှိကြစေဖို့ သုတေသီ ဘုန်းမြင့်သွေးရဲ့ ကမ္ဘာကျော်တို့ရဲ့
တန်ဖိုးရှိသောစကားများ အပိုင်း ( ၂ )ကို မျှဝေပေးလိုက်ပါတယ်
(၁) သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည်
ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။
(မာဇင်နီ )
(၂) လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။ ( ဆာဗန်တီ )
(၃) တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )
(၄) ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။ ( အရစ်စတိုတယ် )
(၅) မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။ ( နီကီတာခရုရှက် )

(၆) အကောင်းဆုံးသော သာယာချမ်းမြေ့မှုမှာ ကောင်းမွန်သည့်အလုပ်ကို
လူမသိအောင်လုပ်ပြီး ထိုသို့လုပ်သည်ကို အမှတ်တမဲ့ သိသွားစေခြင်းပင်ဖြစ်တယ် (
ကစ်ပလင်း )
(၇) လျှို့ဝှက်နက်နဲခြင်းက သင့်အား လှည့်ဖြားပေလိမ့်မယ်၊ ရိုးသားဖြောင့်မတ်တည်ကြည်ခြင်းက ဘယ်တော့မှ မလှည့်ဖြားပါ။ (အိုလီဗာခရွှန်းဝဲ )
(၈) ဥာဏ်ပညာရှိကြောင်း အသေချာဆုံးဖော်ပြသည့်အချက်မှာ အမြဲစိတ်ကြည်လင် ချမ်းမြေ့နေခြင်းပင် ဖြစ်တယ်။

( မစ်ချယ်ဒီမွန်တေဂျင် )
(၉) သန္နိဋ္ဌာန် ချရာ၌ နှေးပါ။ လုပ်ဆောင်ရန်၌ မြန်ပါ။ ( ဂျွန်ဒရိုင်းဒန် )
(၁၀) ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးပဲ မိမိဘာသာမိမိ ရပ်တည်သောသူသာလျှင် အတော်ဆုံးလူဖြစ်တယ်။
( ဟင်းရစ်အစ်ဆန် )

(၁၁) လူယုတ်မာများသည် ကြောက်ခြင်းတရားအား နာခံကြ၍ လူကောင်းသူကောင်းများမှာ မေတ္တာတရားကို နာခံကြတယ်။ (အရစ်စတိုတယ် )
(၁၂) အမှန်တရားသည် ပြောသူအား ဘယ်တော့မှ ထိခိုက်နစ်နာစေခြင်းမရှိ။

(ရောဘတ်ဘရောင်းနင်း )
(၁၃) သင်သောကဖြစ်နေသောအရာအားလုံးကို ရေးချပြီးသောအခါ ခဲတံတစ်ချောင်းကိုယူ၍ အရေးမကြီးသော အရာများကို ဖျက်ပစ်ပါ။ ထိုအခါ တစ်ကယ်သောကဖြစ်စရာ အနည်းငယ်သာ ကျန်တော့တာ တွေ့ရပေမယ်။
( ဟားဗတ်အင်ကက်ဆင် )
(၁၄) လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာ အရေးကြီးတယ်။ ( ဟိုးမား )

(၁၅) ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏
အကောင်းဆုံး ဆရာဝန်နှစ်ဦး ဖြစ်တယ်။ (
ဂျေ၊ဂျေ၊ ရူးဆိုး )
(၁၆) အချိန်နဲ့ ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကို ပေးတယ်။ (သောမတ်ဟောဘ် )
(၁၇) အမှန်တရား၌ သတ္တိရှိခြင်းဟာ တွေးခေါ်ခြင်းဆိုင်ရာ လေ့လာဆည်းပူးမှု၌ ဦးဆုံးလိုအပ်သော အရည်အသွေးဖြစ်တယ်။ ( ဂေဟယ် )
(၁၈) သည်းခံခြင်းသည် အကောင်းဆုံး ဘာသာတရားပင်ဖြစ်တယ်။ ( ဗစ်တာဟူဂို )
(၁၉) ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနှင့် ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

( အယ်လင်နွာရုစဗဲ့ )
(၂၀) ပညာဖြင့် ဆုံးဖြတ်၍ သည်းခံခြင်းဖြင့် လုပ်ဆောင်ပါ။ ( ရစ်ချယ်လူ )

(၂၁) ဤလောက၌ ပြင်းပြတဲ့စိတ်ဆန္ဒ မရှိဘဲနှင့် ထူးခြားပြောင်မြောက်တဲ့ အရာများကို လုံးဝမပြုလုပ်နိုင်ကြောင်း
ကျွန်ုပ်တို့ အခိုင်အမာ ပြောဆိုရပေမယ်။ ( ဂေဟယ် )
(၂၂) မှတ်ဥာဏ်ကောင်းစေသောနည်းက အာရုံစိုက်ခြင်းပင်ဖြစ်တယ်။ ( ဟိုးမား )
(၂၃) အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်၊
သို့သော်မလုပ်တတ်ပဲနှင့် လုပ်ခြင်း၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလည်း ကောင်းလှတယ်။ ( ပလူးတက် )
(၂၄) ကံဆိုးမှုများဟာ တစ်ခါတစ်ရံ၌ ထူးခြားသော အစွမ်းအစများ ဖြစ်ပေါ်စေတယ်။ ( အိုဗစ်တပ်နိုဆော့ )
(၂၅) စကားပြောမှာ စကားကို တိုတိုနဲ့ လိုရင်းပြောခြင်းဟာ စကားပြောကောင်းခြင်းရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုပင် ဖြစ်တယ်။ (စီဆာဂို )

(၂၆) လုပ်ငန်းအောင်မြင်၍ ငွေကြေးချမ်းသာလိုရင် ပူပန်သောက ပွားတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ရပါမယ်၊
သောကဟာ စိတ်ဓါတ်နဲ့ အားမာန်ကို ထိခိုက်ပျက်ပြားစေနိုင်တယ်။ ( ဟားဗတ်အင်ကတ်ဆင် )
(၂၇) ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင်
မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။
( အက်ဒွတ်ဂစ်ဘွန်း )
(၂၈) ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသော အောင်ပွဲဖြစ်သည်။
( ဖရက်ဒရစ်ရှီလာ )
(၂၉) အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူ ဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်။ ( အာဒီ )
(၃၀) ပူပန်ခြင်းသည် ကြောက်ရွံ့ခြင်းတစ်မျိုးဖြစ်သည်။ ကြောက်ရွံ့ခြင်းဟူသမျှသည် ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်ချည်းပင်၊ ကြောက်ရွံ့ခြင်းစိတ်ကို ပယ်ဖျောက်နိုင်သောသူအဖို့ နေ့စဉ်ဘ၀၌ ကြုံတွေ့နေရသော ပင်ပန်းနွမ်းနယ်မှု အများအပြား ပပျောက်သွားပေလိမ့်မည်။ (ဘာထရန်ရပ်ဆဲလ် )

(၃၁) လောကတွင် မိမိလုပ်လိုသော အလုပ်ကို အကောင်အထည်မဖော်လိုက်ရပဲ သေသွားသူလောက် သနားစရာ ကောင်းသူမရှိပေ။ လူသည် ဒုက္ခကိုနိုင်နင်းသော စိတ်ထားရှိမှသာ အောင်မြင်မှုကို ရနိုင်ပေသည်။ ( အမည်မသိစာဆို )
(၃၂) ကျွန်ုပ်တို့သည် ဘာမဆိုလုပ်နိုင်ကြသည်။ ကျွန်ုပ်တို့သည်
အောင်မြင်မှုကို လိုလားပါက ထိုစိတ်အတိုင်း အားကြိုး မာန်တက်လုပ်လိုက်ပါ။
ကျိန်းသေအောင်မြင်ရမည် မလွဲတည်း။ ( ဆင်မြူရယ်ခန်း )
(၃၃) မည်မျှပင် ပညာတွေတတ်တတ်၊ ပစ္စည်းတွေရှိရှိ အတွင်းစိတ်ဓါတ်မကြံ့ခိုင်လျှင် ကျဆုံးမည်ဖြစ်၏။ ပစ္စည်းမဲ့၍
ဥစ္စာနွမ်းပါးသူဖြစ်စေဦး၊ စိတ်ဓါတ်ကြံ့ခိုင် ဇွဲလုံလ၀ီရိယ ရှိလျှင် အောင်မြင်မည် အမှန်၊ အောင်မြင်ရေးလျှို့ဝှက်ချက်ဟူသည်
လွယ်ကူရိုးထုံးစံမရှိ၊ ရရှိသောအခွင့်အရေးနှင့် အချိန်ကာလကို အရအမိယူနိုင်ခြင်းသာ အဓိကဖြစ်၏။ ( xxx )

(၃၄) ရယ်မောပျော်ရွှင်၍ စိတ်ကြည်လင်နေလျှင် သင့်ကိုယ်တွင်းမှ
ရောဂါများ ပျောက်ကင်းသွားပေလိုက်မည်။ လူသည်ဝမ်းသာခြင်းနှင့်
ဝမ်းနည်းခြင်းကို တပြိုက်တည်း ထိတွေ့မခံစားနိုင်၊ တစ်ခုပြီးမှ
တစ်ခုခံစား၍ရသည်။ ဤသည်မှာ စိတ်တို့၏ ထူးထွေ ဆန်းပြားသောသဘောဖြစ်သည်။ ( xxx )
(၃၅) လူတစ်ယောက်သည် မိမိ၏ ဘ၀ခရီးလမ်းကို ဖြောင့်ဖြူးလိုစိတ်
မရှိဘဲနှင့် တိုးတက်နိုင်မည် မဟုတ်ပေ။ မည်မျှပင် တစ်ပါးသူက ကူညီပါစေ
အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ( xxx )
(၃၆) တည်ငြိမ်၍ အနှောက်အယှက်ကင်းမဲ့ခြင်းသည် ကြီးမားမြင့်မြတ်သော စိတ်၏သဘာဝဖြစ်၏။
( ဂရိတ်ပညာရှိဆီနဲကား )
(၃၇) နေ၏အရောင်ကို အပေါက်ငယ်ကလေးများမှ မြင်ရသည့်နည်းတူ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် သဘောသက္ကာယတို့ကို သူနှင့် ပတ်သက်သည့် အသေးအဖွဲ ကိစ္စကလေးများမှ ထင်ရှားစွာ သိမြင်နိုင်ပေသည်။
( ကြီးပွားရေးကျမ်းပြုဆရာကြီးဆင်မြူရယ်စမိုင်း )
(၃၈) သူတစ်ပါး၏ အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့် နားလည်မှုကို လက်ကိုင်ပြု၍ ဘ၀တာသည် ရန်ညိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထို့ထက် သဘောထား သေးသိမ်ခြင်းနှင့် ဂရုဏာကင်းမဲ့ခြင်းသည် သာ၍ တိုတောင်းသည်။ ( ဖီးလစ်ဘရက်စ် )
(၃၉) လူသုံးမျိုးသာရှိသည်။ ထိုလူသုံးမျိုးမှာ တိုးတက်နေသောသူ၊ ရပ်တန့်နေသောသူ၊ ဆုတ်ယုတ်နေသောသူ ဟူ၍ ဖြစ်သည်။ ( လာဗာတာ )
(၄၀) လူယဉ်ကျေး ပီသသည်၊ မပီသသည်ကို သိလိုလျှင် လူသည် သူ့အတွက် အသုံးမ၀င်သည့် နိမ့်ကျသူများအား ရိုသေပါ၏လားဟု စိစစ်ပါ။ ( ဖလ်လစ် )

(၄၁) လူသည် ကောင်းလွန်းလျှင် ဘေးဖြစ်သည်။ ( ဘားနဒ်ရှော )
(၄၂) ဘ၀သည် တိုတောင်း၏။ အတတ်ပညာသည် ရှည်လျား၏။ ( လက်တင်စကားပုံ )
(၄၃) သေရမှာ ကြောက်သည်ထက် ခံစားရသောအခါ၌ ပိုပြီးသတ္တိရှိရန်လိုသည်။ ( နပိုလီယံ )
(၄၄) မေတ္တာသည် သစ္စာ၏ ရေသောက်မြစ်ဖြစ်၍ သစ္စာသည် မေတ္တာ၏ အပွင့်အဖူးဖြစ်လေသည်။ မေတ္တာတည်းဟူသော ရေသောက်မြစ်ခိုင်မြဲမှသာလျှင် သစ္စာတည်းဟူသော အပွင့်အဖူးသည် ငွားငွားစွင့်စွင့် ပွင့်လန်းနိုင်ပေသည်။
သို့သော် မေတ္တာတည်းဟူသော ရေသောက်မြစ်သည် သစ္စာတည်းဟူသော အပွင့်အဖူးမရှိက မတင့်တယ်ပေ။

( အာရပ်စကားပုံ )
(၄၅) ဆုံးရှုံးပြီးမှ တန်ဖိုးသိရသော အရာနှစ်ခု၇ှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းပင်ဖြစ်သည်။

(၄၆) ရိုးသားမှုသည် အကောင်းဆုံးသော ကျင့်သုံးမှုဖြစ်၏။ ( အင်္ဂလိပ်စကားပုံ )
(၄၇) ကာလကြာရှည်စွာ နေရုံဖြင့် အိုလာသည်ဟု မဆိုအပ်။ မိမိခံယူချက်များကို စွန့်ပစ်သူများကိုသာ အိုစာတတ်သည်။ အချိန်က ပါးရေကိုပဲ တွန့်စေသည်။ စိတ်ဝင်စားမှုကို ပယ်လိုက်လျှင်ကား စိတ်ဓါတ်ပါ ရှုံတွသွားတော့သည်။
( မက်အာသာ )
(၄၈) သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးပင်ဖြစ်သည်။
( အိပ်ဂျီဘုန် )
(၄၉) အနုပညာဟူသည် သိပ္ပံပညာထက် အဆင့်အတန်းမြင့်၏။ သိပ္ပံပညာက ရှာဖွေသည်။ အနုပညာက ဖန်တီးသည်။ ( ဂျွန်အိုပီး )

(၅၀) သစ္စာတရားဆိုသည်မှာ အတွေ့အကြုံနှင့် စမ်းသပ်မှုကို ခံနိုင်သောအရာဖြစ်၏။ ( xxx )
(၅၁) အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိနေမည်သာပင်။ ( အာရပ်စကားပုံ )
(၅၂) သတ္တိ ဗျတ္တိရှိသော ရန်သူကို မကြောက်ပါနှင့်၊ မာယာ ဥာဏ်များသော၊ လှည့်ပတ်လိမ်ကောက်သော မိတ်ဆွေကို ကြောက်ပါ။ ( အဂ္ဂါး )
(၅၃) အများကောင်းကျိုးကို သင်ကြည့်တတ်လျှင် အများကလည်း သင့်ကောင်းကျိုးကို ပြန်လည်ကြည့်တတ်မည်ကား မလွဲပါ။ ( အဂ္ဂါး )

No comments:
Post a Comment