အရှင်အာစာရာလင်္ကာရ(စစ်ကိုင်း၊ရွှေဟင်္သာ)ရဲ့ တရားတော်ပါ... အချိန်ပေးပြီးဖတ်ပေးကြပါဦးနော်.. တရားတော်ကိုတော့ အပြည့်အစုံမရိုက်နိုင်လို့ လိုရင်းလေးကိုပဲ ကိုယ်ဘာသာကိုယ်တည်းဖြတ်ပြီး တင်လိုက်ပါတယ်.. လိုအပ်တာများရှိရင်နားလည်ပေးပါလို့ ကြိုတင်တောင်းပန်ပါရစေ....
xxxxxxxxxxxxxxx
ဒီဆောင်းပါလေးကို မရေးသားမီး ဖျတ်ခနဲသတိရလိုက်တဲ့ စကားလေးတစ်ခု ရှိပါတယ်..
``ပြင်းထန်တဲ့နေပူချိန်ကြောင့် စိမ်းနုတဲ့သစ်သီးတွေဟာ ကြွေကျသွားတတ်ပြီး ရင့်မှည့်တဲ့ သစ်သီးတွေကတော့ ၀င်းမှည့်လှပသွားကြတယ်´
လူဆိုတာ တစ်ဦးတည်း၊ တစ်ယောက်တည်းနေလို့ရကောင်းတဲ့ သတ္တ၀ါမျိုးမဟုတ်ပါဘူး. ဒါကြောင့်လည်း ကမ္ဘာ့နေရာအသီးသီးမှာ အဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ နောက်ဆုံးနိုင်ငံစုံအုပ်စုတွေအထိ ရှိနေကြတာ အများအမြင်ပဲ မဟုတ်ပါလား. ဒါဟာ ဘုရားဟောတဲ့စကား၊ ခေတ်နဲ့လည်း ကိုက်ညီပါတယ်
ဘာပဲပြောပြော လူဆိုတဲ့သတ္တ၀ါဟာ အုပ်စုဖွဲ့ပြီး နေတတ်တာတော့အသေအချာပဲ ဖြစ်ပါတယ်။ ဒီတော့ `လောကကြီးထဲမှာဖြစ်ပေါ်ပြောင်းလဲနေတဲ့ ကောင်းမွေဆိုးမွေတွေကိုလည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မလွဲမသွေ လက်သင့်ခဲ့ကြရတော့ပဲပေါ့´
လောကဓံဆိုတာကို အားလုံးလည်းသိကြပြီးသားပါ..
လာဘ်၇ွှင်တာ၊ လာဘ်တိတ်တာ၊ ကျော်ကြားတာ၊ သိမ်ငယ်တာ (ဒါမှမဟုတ်) အခြွေအရံပေါတာ၊ အထီးကျန်တာ ၊ ချီးမွမ်းတာ၊ ကဲ့ရဲ့ခံရတာ ၊ချမ်းသာတာ၊ ဆင်းရဲတာဒါတွေဟာ လောကဓမ္မတာဆိုတဲ့ လောကဓံတွေပဲပေါ့..
လူဆိုတာ တစ်သက်မှာ တစ်ခါတော့ စန်းထတက်တယ်။ အဲဒီစန်းဟာ ၁၀ နှစ်တော့ ခံတတ်တယ်၊ ဟုတ်ပါလိမ်မယ့် တချို့လူတျွေား ဘာလုပ်လုပ် ဘာကိုင်ကိုင် လက်ညှိးညွှန်ရာရေဖြစ်ကြတဲ့အပြင် လမ်းတိုင်းမှာ ရွှေခင်ထားတယ်ဆိုတဲ့ ဘ၀မျိုး တွေပါ ကြုံတွေ့ကြရပါတယ်..
လာဘ်၇ွှင်ရင်လည်း သိပ်မပျော်ပါနဲ့၊ သိပ်တပ်တပ်မက်မက်ကြီးလုပ်မနေပါနဲ့၊ ဘ၀င်မြ့င့် ဘ၀မေ့၊ အောက်ခြေလွတ်လည်း မရှိပါစေနဲ့ နေမြဲတိုင်း ရိုးရိုးလေးနေတတ်တာပဲ ကောင်းပါတယ်
ပြီးတော့ သိပ်လာဘ်တိတ်ရင်လည်း ငါ့ကျမှ ဖြစ်မှဖြစ်ရပလေ လို့တွေးပြီး သောက်မရောက်ပါနဲ့...
နောက်တခုချီးမွမ်းတာ ကဲ့ရဲ့တာ
လူတွေဟာ ချီးမွမ်းစကားကိုပြောဖို့ဆို ၀န်လေးပေမဲ့ ကဲ့ရဲ့ရှုပ်ချအမနာပစကားတွေကိုတော့ ပိုးစိုးပက်စက်ပြောရမှာ ၀န်မလေးတက်ပါဘူး..
ဥပမာကြည့်ပါ
ဥာဏ်ထိုင်းတဲ့ ရဟန်းတစ်ပါး စာကျက်နေတယ်၊ ဥာဏ်ကောင်းတဲ့ ဆရာက
`မင်း တော်တော်တုံးတာပဲ သစ်တုံးကို ရေလောင်းတာမှ အညွှန့်ထွက်ဦးမယ်၊ မင်းဟာ ငတုံးပဲ´
တပည့်ရှက်သွားတယ်။ စာဆက်မသင်ရဲတော့ဘူး ။ အဲဒီဆရာဟာ ဘုရားရှင်လက်ထက်မှာ ရဟန္တာဖြစ်မယ့် ဘ၀မှာတောင်မှ 3လနေလို့ စာ ၄ကြောင်း ကျက်မရတဲ့ ဘ၀ရောက်သွားရရှာပါတယ်..
ကိုယ်ကအားသာနေတဲ့ အခိုက်မှာ `တွယ်လိုက်ဦးမယ်´ဆိုတာလေးက ဘ၀ဘ၀မှာ ဒုက္ခပေးခဲ့တာပါလေ..
နောက်ဆုံးတင်ပြ ချင်တာကတော့ ချမ်းသာတာနဲ့ဆင်းရဲတာ၊ သုခနဲ့ ဒုက္ခ၊ ရှေ့ကပြောခဲ့တာ လာဘ်ရွင်တာ၊ ကျော်ကြားတာ၊ ချီးမွမ်းခံရတာ တွေဟာ သုခပဲပေါ့။ လာဘ်တိတ်တာ၊ သိမ်ငယ်တာ၊ ကဲ့ရဲ့ခံရတာတွေကတော့ ဒုက္ခပဲပေါ့...
လောကကြီးထဲမှာ လူတွေ၊ သတ္တ၀ါတွေရှိ၊ ပြီးတော့ ဖြစ်တတ်တဲ့လောကဓံတွေရှိတယ်။ ဒါတွေဟာလူရယ်လို့အသက်ရှင်နေရသေးသမျှ ကာလပတ်လုံး တွေ့ကြုံနေကြရတာချည်းပါ။ ငွေကြေးချမ်းသာလို့ မကြုံမတွေ့ရဘူးလို့ မထင်လိုက်ပါလေနဲ့
အဲဒီငွေကြေးချမ်းသာတယ်ဆိုတာကိုက လောကဓံတစ်မျိုပါ။ လောကကြီးထဲမှာ နေနေရသေးသမျှ ကာလပတ်လုံးတော့ လောကဒဏ်ကိုရော၊ လောကဓံကိုပါ လူတိုင်းခံနေကြရသူတွေချည်ပါပဲ...
`ငါကအမြင့်ရောက်နေတယ်။သူကနိမ့်နေတယ်။ တွယ်လိုက်ဦးမှပဲ´ လို့သင်မတွေးပါနဲ့.. သင်လည်း လောကထဲက လူတစ်ဦးပါပဲ။ ဒီကနေ သူ့အလှည့်ပြီးရင် နက်ဖြန်သင့်အလှည့်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်..
ကိုယ့်အလှည့်ဆိုတာရှိသလို သူ့အလှည့်ဆိုတာလည်း ရှိတယ်ဆိုတာကို တွေးထားသိထားကြပါ။ြ့ပီးတော့ ကိုယ့်ဘ၀ဖယောင်းလမ်းကို ဘယ်နည်းနဲ့ဖြစ်သန်းကြမလဲဆိုတာလေးကို လမ်းခုလတ်မှာ ခဏ၇ပ်ပြီး ဖျတ်ခနဲတွေး လိုက်မိစေချင်ပါတယ်..
လောကထဲမှာ နေနေမိကြပြီဆိုမှတော့ လောကဒဏ်နဲ့လောကဓံကို အတက်နဲ့ရော၊ အကျနဲ့ပါ ရင်ဆိုင်နိုင်ကြဖို့ အသိ၊ သတိလေးသာ ၇ှိကြဖို့ လက်တို့ချင်တာလေး သက်သက်မျှသာပါ...
* Posted by နွေးနွေးဝိုင် on October 19, 2009 at 3:13pm
No comments:
Post a Comment