2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ဘ၀ဟူသည်


* ငါရောက်စဉ်က အို....လောကသည်

လုံးဝဆိတ်ဆိတ် အသံတိတ်မို့

မှေးမှိတ်ရင်းမှ မှတ်ချက်ချသည်..

ဘ၀ ဟူသည် ငြိမ်းချမ်းခြင်း...........

* အတန်ကြာသော် ၀မ်းရေးမျှော်လျက်

နံနက်မရှောင် သန်းခေါင်မမှု

လုံ့လပြုလျက် ပျော်မှုကိုခွင်း

ရုန်းကန်ရင်းမှ မှတ်ချက်ချသည်...

ဘ၀ ဟူသည် ပင်ပန်ခြင်း.........

*သုခမသိ ဒုက္ခနှင့် ညှိ့

ရုန်းကန်ရင်းမှ သေမင်းခေါ်ရာ


မမျှော်ရှာဘဲ လိုက်ခဲ့ပါလျက်..

အပြန်လမ်းထက် မှတ်ချက်ချသည်..

အော်...........ဘ၀ ဟူသည် အလည်လာခြင်း....။

 
ကမ္ဘာသစ်သူငယ်ချင်းများအားခင်မင်စွာဖြင့်
ခင်စိုးထွဋ် (29.4.2010 )


Posted by khin soe htut on June 1, 2010 at 7:30am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>