2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

အမှန်တရားကိုမြတ်နိုးသူ




    တစ်ခါတုန်းကရွာတရွာမှာအလွန်အရုပ်ဆိုးတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်..သူက ရုပ်ဆိုးသလောက် အပြော က ကြမ်းသတဲ့ ..ဒါပေမဲ့ သူကမဟုတ်မခံသမားပါ..တခြား မိန်းမတွေလို မဟုတ်ကဟုတ်က အတင်း အဖျင်းပြောခြင်း မရှိအဲ..အမြင်မတော်တာတွေ့ ရင်..မဟုတ်တာလုပ်တာများတွေ့ ရင်တော့ဘယ်သူ့ ကို မှ အားနာကြောက်ရွံ့ ခြင်းမရှိဒိုးကနဲဒေါက်ကနဲပြောတတ်ပါတယ်..အဲဒါတွေကြောင့် လူတကာနဲ့  ပြဿနာ ဖြစ်ပေါင်းလည်းမနည်းတော့ပါဘူး။
မကျေနပ်တာရှိရင်လဲအမျိုးမျိုးကျိန်ဆဲနေတတ်တယ်တဲ့ ..ကြာလာတော့ရွာထဲက လူတွေနဲ့ မတည့် ဖြစ် လာတာပေါ့..။

သူ့ ကိုဆို လူတွေက မခေါ်ချင်မပြောချင်တွေ ဖြစ်လာပြီးတော့. .ကလေးတွေ ကလည်း သူ့ ကိုဆိုကြောက်နေ ကြတော့ တာပေါ့..။ အပြောကလဲကြမ်း၊ရုပ်ကလည်းဆိုးတာကိုး.။
တချို့ ကလည်း သူ့ ကို စုန်းအတတ်ပဲ တတ်သလိုလို.. သူက လူတွေကို မကျေနပ်လို့  ကျိန်ဆဲရင် အဆဲခံရတဲ့ 
လူကခိုက်တယ်တို့ ပြောဆိုလာကြပါတယ်..လူရုပ်ဆိုးတော့စုန်းမျိုးထင်ဆိုတဲ့ စကားပုံလဲရှိတယ်မဟုတ်လား....နောက်ဆုံးတော့ရွာသားတွေရဲ့ ဝိုင်းဝန်းအရေးဆိုမှုကြောင့် သူ့ ကို
ရွာသူကြီးကရွာထဲကနှင်ထုတ်လိုက်တယ်..ဒါပေမဲ့ ရွာအပြင်ဖက်မှာတော့နေခွင့် ပြုထားတယ်..။
အဲဒီရွာရဲ့  ပိုင်နက်ထဲမှာပေါ့လေ..။ ဒီလိုနဲ့ အဲဒီအမျိုးသမီးဟာရွာအပြင်မှာပဲတစ်ယောက်ထဲနေထိုင်ပါတော့တယ်..
သူဟာအသက်အရွယ်ကြီးလှပြီဖြစ်ပေမဲ့ သူ့ ဘာသာတောင်ယာလုပ်ကိုင်ပြီးတော့အသက်မွေးပါတယ်..။
ရွာအပြင်က တဲလေးမှာတစ်ယောက်ထဲနေလာတာတော်တော်လေးတောင်ကြာလာခဲ့ ပါပြီ..။သူရုပ်ကလည်း အသက်ကြီးလေပိုအရုပ်ဆိုးပြီးကြောက်ဖို့ ကောင်းလာလေပါပဲ..။ဒါပေမဲ့ သူကတော့ တစ်ယောက်တည်း အပူ အပင်မဲ့ စွာနေထိုင်ဖြတ်သန်းနေပါတယ်..။ဒီလိုနဲ့ ..တစ်နေ့ မှာတော့ဒေါ်ရုပ်ဆိုးရဲ့  တဲကလေးကို ဧည့်သည် တစ်ယောက်ရောက်လာပါတယ်..။သူကတော့ ခရီးဝေးကနေ လာပြီး ရွာလေးထဲကို သွားမဲ့ လူလတ်ပိုင်း တစ်ယောက်ပါ..။
        အဲဒီလူငယ်ဟာခ၇ီးပန်းလာတာကြောင့်တွေ့ တဲ့ တဲလေးမှာခဏနားမယ်ဆိုတဲ့ အကြံနဲ့ ဝင်လာခဲ့ တယ်။
အထဲကိုရောက်တော့ဘယ်သူ့ ကိုမှမတွေ့ တာနဲ့ဟိုဒီရှာကြည့်မိတယ်..အဲဒီမှာမီးဖိုဘေးမှာထိုင်ပြီးသူ့ ကို စူးစိုက် ကြည့်နေတဲ့ဒေါ်ရုပ်ဆိုးကိုတွေ့ ပါတယ်..လူငယ်ကဒေါ်ရုပ်ဆိုးကြီးကိုယဉ်ယဉ်ကျေးကျေးပဲခွင့် တောင်းပါတယ်. သူက ခရီးဝေးက လာတဲ့ သူဖြစ်ကြောင်း၊ အပြင်မှာ အလွန်ပူပြီး အရမ်းလည်း ပင်ပန်းနေတာကြောင့် ခဏ နားပါရစေဟု ခွင့် တောင်းလိုက်ပါတယ်..ဒေါ်ရုပ်ဆိုးကလည်းကြည်ကြည်ဖြူဖြူပဲခွင့် ပြုပါတယ်။
ေ၇နွေးကြမ်းတွေဘာတွေတိုက်နဲ့ ပေါ့လေ..ဒေါ်ရုပ်ဆိုးကလည်းလူတွေနဲ့ စကားမပြောရတာကြာလို့ ထင်ပါရဲ့ ..။
အတော်လေးလေပေးဖြောင့်နေကြတယ်။ခရီးသွားလူငယ်ကလည်းအရိပ်မှာနားပြီး. .ဒေါ်ရုပ်ဆိုးတည်ခင်း ဧည့်ခံတဲ့ ရေနွေးကြမ်းကြောင့် အတော်လေးလန်းဆန်းနေပါပြီ..အဲဒီမှာလူငယ်ကစပြီးစပ်စုတော့တာပေါ့လေ.. ။


"အမေရေ.ကျွန်တော်တစ်ခုမေးလို့ ရမလားခင်ဗျ"ဆိုပြီးစပါတယ်။ 
 ..ဒေါ်ရုပ်ဆိုးကလည်းအင်းပေါ့။မေးပေါ့လေ.."အမေကဘာလို့ ဒီတောထဲမှာတစ်ယောက်ထဲနေ   နေတာလဲဗျ".. အဲဒီမှာဒေါ်ရုပ်ဆိုးကပြန်ပြောပါတယ်.."အေး..ရွာသားတွေကငါ့ကိုရွာထဲကမောင်းထုတ်ထားကြတာဟေ့.. ငါ့ကို ဘယ်သူမှရွာထဲမှာမနေစေချင်ဘူး။ဒါကြောင့်ငါဒီမှာနေလာတာကြာပါပေါ့."

လူငယ်တော်တော်အံ့ဩသွားတယ်."ရွာသားတွေကဘာလို့ အမေ့ ကိုမောင်းထုတ်ကြတာလဲ"
အဲဒီမှာဒေါ်ရုပ်ဆိုးကြီးရယ်ပါတယ်..တော်တော်လေးမောခါမှဖြေတယ်..
"ဘာလို့ လဲဆိုတော့ငါကအမှန်ကိုပြောလို့ ဟေ့..ဒါကြောင့်ငါ့ကိုမောင်းထုတ်လိုက်ကြတာ"
လူငယ်ကလည်း အတော်အံ့ဩသွားတဲ့ပုံနဲ့ "အမှန်ကိုပြောလို့ ဟုတ်လား.. အံ့ ဩပဗျာ. .ကျွန်တော်ကတော့ အမှန်ပြောတဲ့  သူကိုပဲ သဘောကျတယ်..မှန်တာပြောလို့ ကတော့ဗျာဘာမကြိုက်စရာရှိလဲ.. ကျွန်တော်က အမှန်တရားကို မြတ်နိုးတဲ့သူ. .မှန်တာပြောလို့ ကတော့....."
အစချီလို့ သူ့ ရဲ့ အမှန်တရားမြတ်နိုးပုံကိုဖွင့် ဆိုပါတော့တယ်..ဒေါ်ရုပ်ဆိုးကတော့ခေါင်းတညိတ်ညိတ်နဲ့ ပဲနားထောင်နေပါတယ်..ထောက်ခံတာလား.မထောက်ခံတာလားတော့မသိဘူးပေါ့လေ..
လူငယ်လည်းတော်တော်လေးလေထွားပြီးမှဒေါ်ရုပ်ဆိုးရဲ့ တဲလေးထဲကထွက်ခွာသွားပါတယ်..။
လူငယ်အတော်လေးလှမ်းတဲ့ နေရာရောက်မှသူ့ ရဲ့ ထီးကျန်နေခဲ့ တာကိုဒေါ်ရုပ်ဆိုးကတွေ့ ပါတယ်..
ဒါနဲ့ ပဲလူငယ်ကိုလှမ်းခေါ်လိုက်တယ်.."ဟေ့ ..သူငယ်ထီးကျန်ခဲ့ ပြီကွယ့် ..ဟေ့သူငယ်"
ဒါပေမယ့် လူငယ်ကမကြားပါဘူး..ဒါနဲ့ သူလဲအသံကိုအစွမ်းကုန်မြှင့် ပြီးခေါ်လိုက်တယ်.။
"ဟေ့..မျက်စိတစ်ဖက်လှပ်နဲ့ သူငယ်.ဒိမှာထီးကျန်ခဲ့ ပြီ"..
ဒေါ်ရုပ်ဆိုးရဲ့ အောင်မြင်လှတဲ့ အသံကိုလူငယ်ကြားသွားပါတယ်..
အဲဒီမှာလူငယ်ကဒေါသတကြီးပြန်လှည့်လာပြီးထီးကိုဆွဲယူထွက်သွားပါတယ်..
ကျေးဇူးတင်ကြောင်းပြောမသွားတဲ့အပြင်မီးဝင်းဝင်းတောက်တဲ့ မျက်လုံးနဲ့ကြည့်ပြီးတစ်ရှိန်ထိုးလှည့်ထွက်သွားပါတယ်..
ဒါတွေကိုတစ်သက်လုံးကြုံတွေ့ လာတဲ့ ဒေါ်ရုပ်ဆိုးကတော့ထီိမထင်တဲ့ မျက်နှာနဲ့ ဟားတိုက်ပြီးကျန်ခဲ့ ပါတယ်..

ဒီပုံပြင်ကိုဖတ်ပြီးကျွန်မစဉ်းစားမိတာကအဲဒီပုံပြင်ထဲကလူငယ်ကပဲအမှန်တကယ်အမှန်တရားကိုလက်မခံနိုင်သေးတာလား
ဒေါ်ရုပ်ဆိုးကြီးကပဲစကားလုံးရွေးချယ်မှုနဲ့ အခြေအနေအချိန်အခါကိုမသိတတ်တာလားဆိုတာကိုပါ။


နှင်းမှုန်ရည်
 
ကျွန်မငယ်ငယ်ကဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုပါ..
ဟန်သစ်မဂ္ဂဇင်းကထင်ပါတယ်။ ဘယ်သူရေးတာလဲတော့မသိတော့ပါ.
ဖတ်ဖူးပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ.။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>