2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

" မြင်အောင်ကြည့်လော့ ...အို နွယ်ရှင် "


အမှန်တစ်ကယ်
သိနေလျက်နဲ့ 
မျက်ကွယ်ပြုကာ 
စွန့်ခွာရက်သော ကညာမေပျို ။
အမှန်တစ်ကယ် မရှိတော့လျင်ပင် 
လောင်ကျွမ်းမှုဖြင့် လမ်းပြဦးမယ် 
အလင်းနှစ်သန်း များစွာအဝေးက ငွေကြယ်စင်လို ။


မိုင်ပေါင်းများစွာ အကွာအဝေးက 
ညှို့ယူဖမ်းစား ဆွဲဆောင်အားနဲ့ 
ဖြန့်ကျက်ချည်နှောင် လင်းရောင်ဖြာသော စန္ဒာမေပျို ။ 

ဆိတ်ငြိမ်မှုဖြင့် ပုံရိပ်ယောင်ကို 
ရင်ထဲဆွဲယူ လက်ခံမိသော အထီးကျန်ဆန် ရေကန်ငယ်လို ။
ပျော့ပျောင်းယှက်ဖြာ လက်တန်ဆာဖြင့် 
နှလုံးသားကို ချည်နှောင်ရစ်ပတ် 
ခံစားချက်သွေး စုပ်ယူပြေးသော
 တောနက်ထဲက အို.....နွယ်ရှင်လို ။ 

သက်ခြွေခါနီး မားမားမတ်မတ် 
ရပ်တည်လျက်ပင် နာကျင်မှုကို 
ဟန်လုပ်ပြုံးကာ အပြုံးပန်းပွင့် 
ခွင့်လွှတ်ဦးမည် စိမ်းရောင်ဖျော့သော ၀ါး...အို...ပင် 
မြင်အောင်ကြည့်လော့ အို ....... နွယ်ရှင် ။ ။

( သန်းထွန်းလင်း )




 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>