2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

အဝေးက ချစ်သူ ...

အဝေးက ချစ်သူ


ဦးတည်ရာမဲ့လွင့်မျောနေတဲ့တိမ်မှာလဲ
လေးနက်တဲ့ခံစားချက်တွေရှိလိမ့်မယ် ... ။

အိမ်မက်မှန်းသိခဲ့ပေမဲ့
အဆုံးသတ်မနက်ခင်းတွေကို လက်မခံနိုင်သေးလို့ ... ။

နှလုံးသားနှစ်ခု ထပ်တူကျလဲ
နင့်မျက်ဝန်းအပြာရောင်ကိုမှ
ငါမပြောင်းလဲနိုင်ခဲ့တော့ ...။

မှားယွင်းစွာခေါင်းစဉ်တပ်မိတဲ့
ရင်ခုန်သံအတွက်
မျှော်လင့်ချက်တွေကို ပြန်သတ်ရမယ့်သူ ... ။

ငါ ...
နင့်ရဲ့အဝေးကလူတစ်ယောက်မို့
နောက်ဆုံးအပြစ်တွေအတွက်
ကောင်လေးရေ ...
နာကျည်းချက်တွေနဲ့
ငါ့ကို ချန်ရစ် .. ခဲ့ ... တော့ ... ။

ကောင်မလေး 13


Posted by kaungmalay13 on June 2, 2010 at 3:31am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>