2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

တစ်နေရာ...





တစ်နေရာ

ငါရောက်ရှိလာချိန်မှာ
မပြည့်စုံခြင်းကပဲ
အေးစက်စွာ ဆီးကြိုပွေ့ဖက်ခဲ့ ...
ကမ္ဘာမြေကတော့ ( ငါ့အတွက် )
နေရာတစ်နေရာကလွဲလို့
ဘာကိုမှမခင်းကျင်းပေးလိုက်ဘူး ... ။




လက်တဘက်ကို ခေါင်းအုံးရင်း

သေဆုံးသွားရတဲ့ ခါးသက်သက်ညများ ...
ကြယ်စုံတဲ့ ကောင်းကင်လဲ
( ငါ့အတွက် )
ဘယ်တုန်းကမှ မလှပခဲ့ဘူး ... ။

ငါ...
ဆာလောင်မှုအထပ်ထပ်နဲ့
မျှော်လင့်ချက်မဲ့ နေ့တွေထဲ

 မပြိုလဲသွားအောင် အခါခါအားတင်းခဲ့ရ ... ။


ငါ့မှာ ခဲတံနဲ့ စာအုပ်မရှိပေမယ့်

ထက်သန်တဲ့စိတ်ဓာတ်ရှိတယ် ။
ငါ့မှာ စီးစရာဖိနပ်မရှိပေမယ့်
မတွန့်ဆုတ်တဲ့ ခြေလှမ်းတွေရှိတယ် ။
ငါ့မှာ အပန်းဖြေစရာ ဘာတစ်ခုမှမရှိပေမယ့်
တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံတွေရှိတယ် ။

တစ်နေ့ ...
ကြမ်းတမ်းလွန်းတဲ့ ငါ့ဘဝလမ်းတွေက
အမြင့်တနေရာကို သယ်ဆောင်ပေးလိမ့်မယ် ... ။

တစ်နေ့ ...
ဗလာကျင်းနေတဲ့ ငါ့လက်တွေက
အောင်မြင်မှုတွေကို ဆုပ်ကိုင်နိုင်လိမ့်မယ် ။

တစ်နေ့ ...
မပြီးမြောက်သေးတဲ့ ငါ့အိပ်မက်တွေက
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် ... ။

ငါရောက်လာချိန်မှာ
ဒီကမ္ဘာမြေဟာ ငါ့အတွက်
ဘာတစ်ခုမှ မခင်းကျင်းပေးခဲ့ပေမဲ့
ကိုယ့်နေရာကိုယ် ခင်းကျင်းနိုင်တဲ့
အရည်အချင်းတစ်ခုကိုတော့
ဘဝအစကတည်းက
သင်ပြပေးခဲ့တယ် ... ။

ကောင်မလေး 13


Posted by kaungmalay13 on June 16, 2010 at 5:16am

ကမ္ဘာသစ် မြန်မာ Fan Page


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>