2 3 4 5 6 7 8 9 10

Monday, October 17, 2011

အလွမ်းများ

အလွမ်းများ

မိုး ...

တိုးသက်စွာရွာနေခဲ့တာ
ငါ့ရင်ထဲမှာတောင်တိတ်ဆိတ်လို့ ... ။
ဖွင့်ပြောဖို့ခက်တဲ့နာကျင်မှုတွေနဲ့
အဆုံးသတ်မလှပခဲ့ဘူး ... ။
ဟန်ဆောင်မေ့လျော့မှုတွေရဲ့အလွန်မှာတော့
သတိရစိတ်တို့နဲ့လဲပြိုကျ ...
မချည်နိုင်တဲ့ကြိုးမှာလဲ
သံယောဇဉ်အထပ်ထပ်နဲ့မို့ ... ။
ဒီလိုနဲ့ပဲ ...
ရက်ဆက်လာတဲ့အလွမ်းတွေကို
ဖြေဖျောက်နေရင်းက
မိုးစက်တွေအောက်မှာ ...
အဲဒီမိုးစက်တွေအောက်မှာပဲ ...
ငါတစ်ယောက်တည်း
တွယ်ရာမဲ့ပျောက်ဆုံးခဲ့ပြန်ပေါ့ ... ။
ကောင်မလေး 13


Posted by kaungmalay13 on April 26, 2010 at 5:10am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>