2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ကျေနပ်ပျော်ရွှင်ဖွယ် အိမ်ပြန်လမ်းမှပဲ့တင်သံ

   ကျွန်မ ပြီးခဲ့တဲ့လအတွင့်းမှာကျန်းမာရေးမကောင်းတော့ အလုပ်ကနေ ခွင့်ယူထားရတယ်လေ၊ဒါကြောင့် ပျင်းတဲ့ အချိန်တွေမှာ စာတွေကိုအိမ်မှာ နားရင်းဖတ်ဖြစ်တယ်။ ကျွန်မအကြိုက်ဆုံးစာပေတွေကတော့ စိတ်ကို အားအင်တွေဖစ်စေတဲ့ လောကနီတိ၊လောကတွင်ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ဘ၀တွင်နေထိုင်နည်း၊
စိတ်စွမ်းအားတွေကိုမြှင့်တင်ပေးတဲ့ စာပေတွေပါ။ ကျွန်မဖတ်ရတဲ့စိတ်ဓါတ်စွမ်းအင်ကိုမြှင့်တင်ပေးရင်း
ဘ၀ကို ရင်ဆိုင်နိုင်စေတဲ့ အားဆေးလိုရလဒ်တွေပေးတဲ့စာပေကို ကျွန်မရဲ့စိတ်ကူးဖြင့်ပြန်လည်ရေးသား ထားဖြစ် ပါတယ်။ ကျွန်မရေးတဲ့စာသားတွေဟာသူငယ်ချင်းတို့အတွက် အကျိုးရှိစေတဲ့အားဆေး တစ်ခွက်ဖြစ်ပါစေ။ 

     ဂုဏ်ပကာသနဆိုတာ မွေးတုန်းကပါမလာခဲ့သလို သေသွားတော့လည်းအတူတကွပါသွားအောင် ဘယ်သူမှ ယူမသွားနိုင်ပါဘူး။မိုးကောင်းကင်မှာလွင့်မျှောနေတဲ့တိမ်တိုက်တွေ လိုပါပဲ။ မတည်မြဲဘူးလေ။ ဒါတွေအတွက်နဲ့ စိတ်ပျက်အားငယ်နေတာမျိုး၊မာန်တက်ပြီးစီတ်ကြီးဝင်နေတာမျိုး မဖြစ်ပါစေနဲ့။
လူ့ဘ၀မှာ ကိစ္စတွေအားလုံးဟာ အချိန်အခါအခြေအနေအလိုက်ပြောင်းလဲသွားတတ်စမြဲမို့ ဘယ်အရာကိုမှ ပုံသေကားချပ်တရားသေမမှတ်စေချင်ပါဘူး။ပြောင်းလဲခြင်းတရားကိုနားလည်ရင် ကိုယ့် အလိုဆန္ဒနဲ့မကိုက်ညီ ဘဲ ပြောင်းလဲသွားခဲ့ရတဲ့ကိစ္စတွေကို နားလည်သဘောပေါက်ပါစေ။
ခွင့်လွှတ်တန် ခွင့်လွှတ် မေ့သင့်တာမေ့ပစ်လိုက်ပါ စိတ်ထဲမှာအမှတ်ထားပြီးခံစားမနေသင့်ဘူးပေါ့။
မြစ်ပြင်မှာ ပျံနေတဲ့ဌက်တွေ အတောင်ညောင်းသွားပေမဲ့ ရေထဲမှာကျပြီး မသေစေချင်သလို၊ လူတွေမှာလည်း အင်အားမရှိတော့ ပေမယ့် မာနတော့လျော့ချင်မှာမဟုတ်ဘူး။ မာနလက်ကျန်နဲ့ခေါင်းငုံ ခံချင်မှာ မဟုတ်ဘူး ဆိုတာသိနေရမယ်၊ ဒါကြောင့်..... ဘယ်သူကိုဖြစ်ဖြစ် သူ့မာနကိုထိခိုက်သွားအောင်မလုပ်မိပါစေနဲ့။

ဒီကမ္ဘာကြီးမှာလှပတဲ့နေရာ သာယာတဲ့ရူခင်းနဲ့ကြည်နူးစရာမြင်ကွင်းတွေ အများကြီးရှိနေပါတယ်။ အဲဒီအလှအပတွေကို ကြည်တတ် မြင်တတ်တဲ့အသိနဲ့ သတိရှိဖို့ပဲလိုပါတယ်။

မုန်တိုင်းထန်ပြီးရင် လေပြေရောက်လာစမြဲပါပဲ၊ မိုးရွာပြီးရင်လည်း
နေသာစမြဲဘဲမဟုတ်လား။


နေပူကိုဖြတ်လျောက်ပြီးရင် လည်း နေရိပ်ကိုရောက်ရတာဘဲမဟုတ်လား။ ဒီတော့ .....ဒုက္ခရောက်ပြီးရင် သုခရောက်လာမှာ အသေအချာယုံကြည်လိုက်ပါ။ဘ၀ဆိုတာပဲ့တင်သံတစ်ခုပါပဲ။ ပဲ့တင်သံဆိုတာ လိုဏ်ခေါင်းထဲမှာ တစ်ခုခုကို ကိုယ်အော်လိုက်တဲ့အခါ ကိုယ်အော်သလို ပြန်ကြားရတဲ့ အသံမျိုးပေါ့၊ ကိုယ်အော်လိုက်ရင် ကိုယ်အော်လိုက်တဲ့အတိုင်းပြန်ကြားရတဲ့ ပဲ့တင်သံလိုပဲ ကိုယ်ပေးသမျှ ကိုယ်ပြန်ရတာ ....အဲဒါ ဘ၀ပါပဲ။ဒါကြောင့်....ဘယ်သူကိုဘဲဖြစ်ဖြစ် ကိုယ့်ဘက်ကအကောင်းဆုံးကိုပဲ အမြဲပေးစေချင်တယ် ။ပေးဆပ်ချင်တယ် ကိုယ့်ဘ၀ကိုယ်သိ ကိုယ့်အားကိုယ်ကိုး လဲရင်ပြန်ထဒါဘ၀မို့ စိတ်ဓါတ်မကျစတမ်းပေါ့။ ဘ၀ကြိုးဝိုင်းထဲမှာ ဒုက္ခကိုဇွဲနဲ့အလဲထိုးနိုင်ပါစေ။ လုပ်ချင်တာထက် လုပ်သင့်တာလုပ်နိုင်ဖို့အရေးကြီးတယ်။
အပြောနဲ့ကဲ့ရဲ့တတ်သူကို အလုပ်နှင့်အနိုင်ယူပါ။မိမိကိုယ်သာကိုးကွယ်ရာပေါ့သူငယ်ချင်း။


        သောကတွေဖိဆီးလာတဲ့အခါ ဆုံးရူးံမှုနဲ့တွေ့ကြုံရတဲ့အခါ..ချစ်ခင်သူများနဲ့ကွေကွင်းရတဲ့ အခါ မျှော်လင့်ချက်တွေ ကင်းမဲ့သွားတဲ့အခါ..ဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့ အခါ လက်ရှိဘ၀ကနေ ထွက်မပြေးပါနဲ့။
ထွက်ပြေးခြင်းဟာ အရူံးပေးခြင်းဒူးထောက်ခြင်းတစ်မျိုးပါပဲ။ကြံကြံခံရင်ဆိုင်ပါ အခက်အခဲတွေကို အချိန်ယူပြီး တစ်ခုခြင်းဖြေရှင်းဖို့ကြိုးစားပါ။အချိန်တန်တော့ အခက်အခဲမှန်သမျှ ပြေလည်သွားကြတာပါပဲ။
ဒါကြောင့်.....ထွက်မပြေးပါနဲ့၊ပြေလည်ချိန်ရောက်တဲ့အထိ စိတ်ရှည်ရှည်နှင့် သည်းခံစောင့်နိုင်ရမှာပေါ့။


သူငယ်ချင်းကောင်းမိတ်ဆွေစစ်ဆိုတာ ၀မ်းသာအတူ ၀မ်းနည်းအတူ ကိုယ့်ဘေးမှာ မားမားရပ်ပြီး အခက်အခဲ အကျပ်အတည်းတွေကို ကူညီဖြေရှင်းပေးတဲ့ သူကိုခေါ်တာနော်။ တန်ဖိုထားသင့်တယ်နော်။ သူတို့ဟာ ဘယ်တော့မှ ကိုယ့်ကိုဒုက္ခမပေးဘူး၊ အကူအညီပေးဖို့အခွင့်အရေးမျိုးကိုသာ လိုလားစောင့်ဆိုင်း နေ တတ်ကြ တာပါ။ အဲဒီလို မိတ်ဆွေသူငယ်ချင်းမျိုးကိုတန်ဖိုးထားပြီးရွေးချယ် ပေါင်းသင်းတတ်ပါစေ။ ကိုယ့်ရဲ့သူငယ်ချင်းကိုလဲ နားလည်မှုများစွာနဲ့ လက်တွဲသင့်ပါတယ်။
လူတိုင်းလူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိနေကြစမြဲပဲလေ၊ တစ်ချို့က တစ်ဘက်လူရဲ့ အားနည်းချက်ကို ဖော်ထုတ်ပြီး အမြတ်ထုတ်ချင်ကြတယ်။ တစ်ချို့က ကိုယ်မုန်းတဲ့သူရဲ့အားနည်းချက်ကို အသေအချာရှာဖွေ ဖော်ထုတ်ပြီးခေါင်းမထောင်နိုင်အောင် လုပ်ပစ်လိုက်ကြတယ်။ တစ်ဖက်သားဒုက္ခ လှလှတွေ့တော့ သူတို့ ပျော်ကြတာပေါ့။ အဲဒါမျိုးးကို ယုတ်မာတယ်လို့ခေါ်တယ်။ လူလောကမှာ အဲလို ယုတ်မာတဲ့ လူမျိုး အသေအချာရှိတယ်ဆိုတာ ယုံကြည်လိုက်ပါ။ အဲဒီလိုလူမျိုး မဖြစ်ပါစေနဲ့သူငယ်ချင်း။ အဲလို လုပ်တတ်တဲ့လူမျိုးတွေနဲ့ဝေးဝေးကရှောင်ပေါ့ သူငယ်ချင်းရေ။

ဘ၀တိုတိုလေးမှာ စိတ်အလိုမကျတွေဖြစ်ပြီး ဒေါသကြီး မာနကြဲီး လောဘကြီးနေရင် ဘ၀မငြိမ်းမချမ်းနဲ့
ဇာတ်သိမ်းသွားရလိမ့်မယ်နော်။လူတွေကိုအကောင်းမမြင်ဘဲ သံသယစိတ်ဝင်ပြီး စိတ် ထင်တိုင်း ကြဲနေရင် နေ၀င်ချိန်မှာ အိမ်ပြန်မလှဖြစ်လိမ့်မယ်။


သူငယ်ချင်းရေ...
ကိုယ့်ဘ၀လမ်းလေးကို ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ လျောက်လှမ်းသွားစေချင်တယ်။
ကိုယ့်ရဲ့အိမ်ပြန်လမ်းမှာ ၀မ်းနည်းကြေကွဲစွာ နှောင်တများစွာနဲ့ခံစားမနေရဘဲ ကျေနပ်ပျော်ရွှင်စွာပြန်နိုင်ဖို့ ကြိုးစားသင့်တယ်နော်သူငယ်ချင်း............
ကိုယ့်လိုလူတွေ အဖော်ပြု ကောင်းမှုကုသိုလ်များစွာနဲ့ မေတ္တာအကြင်နာစိတ်ထားပြီး၊ ကိုယ်ချင်းစာ တရားနှလုံးသွင်းနိုင်ပါစေ၊
ဘ၀မှာ အစားထိုးလို့မရတဲ့ဆုံးရူံ့းမှုနှစ်ခုရှိတယ်၊ အဲဒါက.....မိဘနဲ့ အချိန် ပေါ့သူငယ်ချင်း............
ဒါကြောင့် အစားထိုးမရနိုင်မှုများစွာနှင့်အတူ မိမိရဲ့အိမ်ပြန်လမ်းကလေးမှာ ကျေနပ်ပျော်ရွှင်ဖွယ် ပဲ့တင်သံ လေးများနှင့်အတူ မေတ္တာတရားဖြင့် အေးချမ်းသာယာစွာ ပြန်နိုင်ဖို့ ကြိုးစားကြပါစို့..


ကျွန်မ၏စိတ်ကူးဖြင့်ပုံဖော်ရေးသားခြင်းဖြစ်ပါသဖြင့် သူငယ်ချင်းတို့နှစ်သက်အကျိုးရှိပါစေ။
ခင်မင်စွာဖြင့်
ခင်စိုးထွဋ် ( 15.6.2010)


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>