2 3 4 5 6 7 8 9 10

Sunday, October 16, 2011

အလုပ်လုပ်တော့မယ်ဆိုရင်..



…ဆရာဒေါက်တာခင်မောင်ညို (ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက အလုပ်နဲ့ပတ်သက်ပြီး ဆောင်ရန်.ရှောင်ရန်လေးတွေကို နှစ်သက်လို့ ကမ္ဘာသစ်သူငယ်ချင်းများ အတွက် မျှဝေပေးလိုက်ပါတယ်…

(၁) ဘယ်လိုအချိန် ကုန်ဆုံးခဲ့သလဲ…

…တစ်ပတ်မှာ ဘယ်နှစ်ရက်. တစ်နေ့မှာ ဘယ်နှစ်နာရီလောက် ရယ်ရယ်မောမော. ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးခဲ့သလား.
…ဒါမှမဟုတ် မတည်မငြိမ် သုတ်သီးသုတ်ပြာစွာ အထိတ်တလန့် စိုးရိမ်သောက တွေနဲ့ အချိန်ကို ကုန်ဆုံးခဲ့ရတယ်.

(၂) အလုပ်လုပ်တော့မယ်ဆိုရင်…


…အရေးကြီးတဲ့အလုပ်တွေအတွက် အချိန်လုံလုံလောက်လောက်ယူပါ.
…သက်တောင့်သက်သာလုပ်ပါ.
…အလုပ်လုပ်နိုင်အောင် စုစည်းပြင်ဆင်ထားပါ.
…မကောင်းတဲ့ အတိတ်ဖြစ်ရပ်တွေကို သတိတရ ဖြစ်စေရမယ့် အရာဝတ္ထုတွေကို ဖယ်ရှားပါ.
…ကိုယ်ပျော်ရွှင်စေမယ့် အရာဝတ္ထုတွေကိုပဲ ထားပါ.


(၃) မျက်နှာလွှဲ ခဲပစ် မလုပ်ပါနဲ့…


…သူများက အတင်းလုပ်ခိုင်းတိုင်း မလုပ်ပါနဲ့. ခင်ဗျားလုပ်ရမှာ မလုပ်ရမှာကိုသာ စဉ်းစား ဆုံးဖြတ်ပါ.
…မငြင်းချင်ဘူး. မငြင်းနိုင်ဘူးဖြစ်နေတယ်ဆိုရင်တော့ ဘာမှရွေးစရာ လမ်းမရှိဘူး. လုပ်သာလုပ်ပေးလိုက်ပေတော့.
…မလွှဲသာလို့ လုပ်ပေးလိုက်ရပြီဆိုရင်လည်း ကြည်ကြည်သာသာ လုပ်ပေးလိုက်ပါ.

(၄) အစွမ်းသိပ်မပြပါနဲ့…


…သူတစ်ပါးရဲ့ အရေးအရာတွေ သိပ်မပါပါနဲ့.
…လူမှုရေးတွေ သိပ်ကျေပြွန်လွန်းရင် ကိုယ်ဘဲ စိတ်အနှောက်အယှက် ဖြစ်ရတတ်တယ်. တစ်ခြားသူတွေရဲ့ အစွမ်းအစကို လျော့ပါးအောင်လုပ်ရာလည်း ရောက်တယ်.

(၅) သည်းမခံခြင်းရဲ့ အကျိုး…


…ကြာရှည်သည်းခံပြီး မျိုသိပ်မထားပါနဲ့. သည်းမခံနိုင်တဲ့အဆုံးကျမှ ပေါက်ကွဲမှု တွေမဖြစ်ရအောင် စောစောစီးစီးကတည်းက တစ်ချို့လူတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆက်ဆံပါ.
…သူတို့ဟာ တစ်ခြားနည်းနဲ့ပြောလို့ နားလည်မယ့်လူစားမျိုး မဟုတ်ဘူး. အနစ်နာ ခံချင်တဲ့စိတ်ရှိပေမယ့် အစစအရာရာ အနစ်နာခံစရာမလိုအပ်ပါဘူး.
…သူရဲဘောကြောင်သူအဖြစ် မရောက်အောင်တော့ သတ္တိကောင်းရပေလိမ့်မယ်.



(၆) စဉ်းစားပါ…


…သုတ်သီးသုတ်ပြာ အဆောတလျင်မလုပ်ပါနဲ့. လုပ်သင့်တယ်. မလုပ်သင့်တယ် ဆိုတာ အရင်ဆုံးစဉ်းစားပါဦး.
…လုပ်သင့်တယ်ဆိုတာ သေချာရင် ပြင်ဆင်ပါ. စီမံပါ. အဲသလိုဆိုရင် တကယ် အလုပ်လုပ်တဲ့အခါ အချိန်ကုန်သက်သာပါလိမ့်မယ်.

(ရ) ချိန်ခွင်ထဲက ရည်မှန်းချက်…


…ဖြစ်ချင်တာတွေကို ရှိတာတွေနှင့် ချိန်ကြည့်ပါ.
…အချိန်.ငွေကြေး.ကာယစွမ်းအား. ဥာဏစွမ်းအား သည်လိုဆိုရင် အဓိပ္ပါယ်ရှိတဲ့ ရည်မှန်းချက်ဖြစ်ပါရဲ့လား. ရည်မှန်းချက်က ကြီးနေရင် ရှိတာတွေ ထပ်ဖြည့်ဖို့လိုမလား. ကိုယ့်ကိုယ်ကို ပြန်ပြီးပုံသွင်းမလား.



(၈) ပြောမနေပါနဲ့ လုပ်လိုက်ပါ…


…ပြောနေရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်. တကယ်ထလုပ်မှ အလုပ်တွေပြီးသွားမယ်. အချိန်မရှိလိုမဟုတ်. လုပ်ချင်တဲ့စိတ်မရှိလို့.
…ကိုယ်ကျန်းမာလေ စိတ်ချမ်းသာလေ.
…ဘယ်လိုလူတွေ. ဘယ်လိုအလုပ်တွေက သင်တက်ကြွနေအောင် လှုံဆော် ပေးသလဲ.

…အောင်မြင်မှုတွေ.ပျော်ရွှင်မှုတွေနဲ့ သောကတွေကင်းဝေးစွာ လုပ်ဆောင်နိုင်ကြပါစေ…


Posted by ayeayemoemeeku on March 21, 2010 at 6:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>