2 3 4 5 6 7 8 9 10

Monday, October 17, 2011

ဒီနေ့လေး ..

ဒီနေ့လေး

ငါ မနေ့ကကြည့်ခဲ့တဲ့ပန်းတွေ ...
ဒီနေ့တော့ညှိုးလျော်နွမ်းလျ
မြေပြင်ပေါ် တဖြုတ်ဖြုတ်ကြွေကျလို့ .... ။
မနက်ကစည်ကားခဲ့တဲ့လမ်းတွေလဲ
ညရောက်တဲ့အခါ တိတ်ဆိတ်နေ ... ။

ဒီနေ့ငါ့မွေးနေ့လေ ... ။
အရင်ကလိုတော့
ဖယောင်းတိုင်မီးတွေ မှုတ်နိုင်မယ်မထင်ဘူး ... ။
ဒီနေ့ငါ့မွေးနေ့လေ ... ။
အရင်ကလိုတော့
အမေ့ပါးကို နမ်းနိုင်မယ်မထင်ဘူး ... ။

ငါ တစ်နေရာရာကိုသွားရမယ် ..

မြေကြီးပေါ်က ငါ့ခြေရာတွေလဲ
အငွေ့ပျံဖို့ရာ ရုန်းကြွနေကြ ... ။
သြော် ...
ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးတော့မှပဲ
မှားခဲ့တာတွေ သတိရတယ် ... ။

ဘာပဲဖြစ်ဖြစ်ပါ ...
ဒီနေ့ ငါ့မွေးနေ့လေ ... ။
ဒါမှမဟုတ်
အဖြူရောင်မျက်နှာကျက်အောက်က
နောက်ဆုံးညတစ်ညပေါ့ .... ။

ကောင်မလေး 13

Posted by kaungmalay13 on May 23, 2010 at 2:43am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>