2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ဖေဖေ…

ဖေဖေ

သားသမီးတွေအတွက်

အမြဲရှေ့ကနေ ရပ်တည်ပေးခဲ့တဲ့

ဖေဖေ…

မိသားစုဘ၀မှာ ကြုံတွေရတဲ့

ဒါဏ်ရာဒါဏ်ချက် များစွာကို

ခါးစည်းခံရင်း သားသမီးတွေ

ဘ၀ကို လှပစေခဲ့တဲ့

ဖေဖေ….

ဘယ်တော့မှ အစားထိုးမရနိုင်ခဲ့တဲ့

မေတ္တာ …စေတနာ…အကြင်နာတွေနဲ့

ပေးဆပ်ခဲ့တဲ့

ဖေဖေ….

ဖေဖေ့ရဲ့ အရိပ်တွေဟာ

သမီးတို့ ဘ၀အတွက်

အမြဲကို လုံခြုံစေခဲ့တာပါ….

မြင်သာအောင် မပြပေမယ့်

ဖေဖေ့မျက်ဝန်းမှာ မြင်နေခဲ့ရတယ်…

ဖေဖေပေးတဲ့ အားမာန်တွေ…

သမီး ရခဲ့ဖူးပါတယ်…

ဖေဖေ

ဘယ်နေရာကိုပဲရောက်ရောက်

ဘာတွေကိုပဲ လုပ်နေနေ…

ဖေဖေနဲ့ အတူမရှိနိုင်တောင်

ဖေဖေရဲ့ အားပေးစကားလေးတခွန်းနဲ့

အမြဲ အားသစ်မွေးခဲ့ရတဲ့ သမီးပါဖေဖေ….

ဖေဖေဟာ သမီးတို့ရဲ့

လမ်းပြကြယ်ပါ…

သမီးတို့ဘ၀ရဲ့

ရပ်တည်မှုမှာ ဖေဖေမရှိလို့ မဖြစ်လို့…

နောင်နှစ်ပေါင်းများစွာတိုင်

ကျန်းမာပျော်ရွင်စွာ…

အတူရှိနေပေးပါ…..

ဖေဖေ…
အဖေများနေ့ အမှတ်တရ (20.6.2010)
ခင်တဲ့
မေသူ




ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>