2 3 4 5 6 7 8 9 10

Sunday, October 16, 2011

လူ့စရိုက် (စိမ့်စမ်းရည် ကဗျာများ ) မောင်နီဝင်း

လူစရိုက် ( ၁)

ငါ့က သူ့ကို ၊ ပြန်စေလို၍
နှုတ်ချိုမာန်လျော့ ၊ တောင်းပန်ချော့လည်း
ခေါင်းမော့လည်ခါ ၊ မပြန်ပါခဲ့။
ငါကသူ့ကို ၊ နေစေလိုတော့
ဟိုသည်ကိစ္စ ၊ ကျိုးကြောင်းပြကာ
ဆန္ဒနှိမ်ချုပ် ၊ဟန်မလုပ်ဘဲ
ရုတ်ခြည်း လှည့်ပြန်သွားတကား ။

(ငွေတာရီ မဂ္ဂဇင်း ၊ ဇန်န၀ါရီ ၁၉၆၇)
လူ့စရိုက် (၂)
ငါက သူ့ကို ၊ မခင်လို၍
နောက်ကိုမကြည် ၊ ပြေးနေဘိလည်း
ငါ၏နောက်သာ ၊ပြေးလိုက်လာသည်
သူမှာ မမောနိုင်တကား။

သူ့ဇွဲ သူ့မာန် ၊ သူ့သွင်ဟန်ကြောင့်
ငါ့မာန်မာန၊လျှောပြေကျခဲ့
ဆန္ဒသူ့လို ၊ဖြည့်မည်ဆိုကာ
နောက်ကို ငေးမျှော် စောင့်ကြိုခေါ်သော်
သရော်လှောင်ပြုံး ၊စိမ်းမျက်လုံးနှင့်
ချစ်ထုံးဖြတ်ဖြေ ၊ ပြေးပြန်တကား

(ငွေတာရီမဂ္ဂဇင်း ၊မေလ ၁၉၇၉)
လူ့စရိုက် (၃)

ဆန္ဒလိုအင် ရှေ့တန်းတင်လျက်
ပူပင်သောက ၊ ဗျာပါရနှင့်
ဖွင့်ဟပျော့ပျောင်း ၊ ကူညီတောင်း၍
အကြောင်းတိုင်ဆိုင် ၊ ဖြည့်ဆည်းနိုင်သော်
ဆွဲကိုင်ခါလှုပ် ၊ အပြုံးရုပ်နှင့်
ရုတ်ခြည်းမပြန် ၊ နားမှာလျှံအောင်
တုံ့ပြန်ပြောကြား ၊ ကျေးဇူးစကား ။ ။

သူ့အလိုအကြိုက် ၊ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ ၊ ကြုံဆုံပါသော်
လိုရာမရ ၊ ဒေသမာန်ပွား
မင်းသားခေါင်းဖြုတ် ၊ ဘီလူးရုပ်နှင့်
ကြမ်းကြူတ်သည်းခါး ၊ မုန်းစကားကို
ပြောကြား လှည့်ပြန်သွားတကား ။ ။

(ငွေတာရီ မဂ္ဂဇင်း ၊မေလ ၁၉၇၉)

မောင်နီဝင်း 


Posted by khaingsukyi on March 18, 2010 at 9:00pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>