2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

သွေးမျက်ရည်ကျတဲ့နေ့... (ဇူလိုင်-၁၉)


သွေးတွေ ချွေးတွေ မျက်ရည်တွေနဲ့
ပေးဆပ်ခဲ့ရတဲ့
နှစ်ပတ်လည်နေ့ တနေ့
ရောက်ခဲ့ပြန်ပါပေါ့လား......
ဒါပေမယ့်
ဒီကနေ့ထက်တိုင်
ရင်ထဲကနေ ဆွဲထုတ်လို့ မရနိုင်အောင်
နာကျည်းရင်းနဲ့.....
ဗိုလ်ချုပ် အတွက် ဂုဏ်ယူနေခဲ့ရတယ်...
နောင် အနာဂတ် မျိုးဆက်သစ်တွေအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့
ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခု
အဲ့ဒီနေ့ မှာ ဖြစ်ပေါ်ခဲ့ပါလားလို့
ရင်ထဲကနေ နက်နက်နဲနဲ
ဝမ်းနည်းမိတယ်
လူမှန်း သိတတ်စ အရွယ်ကတည်းက
ဗိုလ်ချုပ်ရဲ့ အရိပ်တွေနဲ့ ...

ဗိုလ်ချုပ်ရဲ့ မော်ကွန်းတွေကို
ကြည့်ပြီး လေးစားအားကျခဲ့ရတာ....
အခုအချိန်အထိပါပဲ...
နောင်နှစ်ပေါင်းများစွာတိုင်အောင်လည်း
ဘယ်အရာနဲ့ မှ အစားထိုး
ပြောင်းလဲ ဖျက်ဆီးပြစ်လို့ မရနိုင်အောင်
ကြည်ညိုလေးစား ချစ်ခင်နေအုန်းမှာပါ....
ဗိုလ်ချုပ်ပေးတဲ့ အားမာန်တွေ
ဗိုလ်ချုပ်ပေးတဲ့ စိတ်ဓါတ်တွေကြောင့်
လူငယ်တွေမှာ အားမာန်အပြည့်နဲ့
ရှင်သန်လျှက်ပါ.....
ဗိုလ်ချုပ်ရဲ့ အရိပ်နဲ့ မော်ကွန်းတွေ
ကမ္ဘာတည်သရွေ့..........
အဓွန့် ရှည် တည်တဲ့ ပါစေသော်ဝ်...။


မေသူ



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>