2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ဆရာတော်ဦးဇောတိက၊ မဟာမြိုင်တောရ၏ လမ်းညွှန်သြ၀ါဒများ


*** စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက်ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏ လမ်းညွှန်သြ၀ါဒများအား ဆရာသုတေသီ
ဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေ.
သူငယ်ချင်းများအားလုံး
စိတ်နှလုံးချမ်းမြေ့စေဖို့ အတွက် မျှဝေပေးလိုက်ပါတယ်ရှင်...


(၁) အတွေးစိတ်မှာ…
...*တကယ်ကြီးကျယ်တဲ့၊
ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု
အများဆုံးရတဲ့အလုပ်၊ကိုယ့်အရည်အချင်း တွေလည်း
အများဆုံးထုတ်ပြီးသုံးရတဲ့အလုပ်ကို
လုပ်မယ့်သူဟာ အသေးအမွှားအဆိုးတွေကို တွေးဖို့မသင့်ဘူး။
(စိတ်နှလုံးရွှင်လန်းစေဖို့မှ)

(၂) မနေတတ်ရင် စိတ်ဆင်းရဲမယ်…
...*လူ့လောကမှာလှုပ်ရှားသွားလာနေတဲ့အခါ
အဆင်မပြေတာ မတွေ့ရအောင်ကတော့ နေလို့ကို မရပါဘူး။
လောကရဲ့
သဘာဝကိုက
အဆင်မပြေတာအမြဲရှိနေတာဘဲ။ လောကကြီးဟာ ကိုယ်စိတ်တိုင်းကျ
ဘယ်တော့မှဖြစ်လာမှာ
မဟုတ်ဘူး။
အဲဒီလို စိတ်တိုင်းကျမဖြစ်တာကိုဘဲ
ကိုယ်ကမနေတတ်လို့ရှိရင်အများကြီးစိတ်ပင်ပန်းမယ်။
အဲဒီတော့
နေတတ်ဖို့ဘဲလိုပါတယ်။ (အရှုပ်ထဲမှာ ရှင်းအောင်နေ တရားတော်မှ)


(၃) စိတ်ဓါတ်ပြည့်ဝမှသာ…
...*အောင်မြင်မှုဆိုတာ မှန်ကန်တဲ့စိတ်ထား၊ အောင်မြင်မှုဆိုတာ စိတ်ဓါတ်အရည်အသွေးပြည့်ဝသူတွေသာ ရရှိ
ပိုင်ဆိုင်နိုင်တယ်။


(၄) စိတ်နေသဘောထားမြင့်လာအောင်…
...*လုပ်သမျှကိစ္စတွေကို
သတိကပ်ပြီးတော့ လုပ်တဲ့အလေ့အကျင့်ကို များများလုပ်လာရင် စိတ်နေသဘောထား
အဆင့်အတန်းမြင့်လာမယ်။
အသိဥာဏ်တွေ ပိုပြီးတော့ လေးနက်ရင့်ကျက်လာမယ်။ လုပ်တဲ့အလုပ်တွေလည်း
အရည်အသွေးပိုပြီး
ကောင်းလာမယ်။ ဒါမှဘ၀ကို ပိုပြီးကျေနပ်မှု ရမယ်။ ဘ၀ရဲ့ အဓိပ္ပါယ်လည်း
လေးနက်မှု ပိုရှိလာမယ်။
(ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်းမှ)

(၅) ကိုယ့်စိတ်ကိုယ့်အတွေးကြောင့်…


...*ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာသူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။
ကိုယ့်အတွေးပါ။
ကိုယ့်သဘောထားမှားနေလို့၊ ကိုယ့်အတွေးအခေါ်တွေမှားနေလို့၊ ကိုယ့်စိတ်ကို နားမလည်လို့၊
ကိုယ့်စိတ်ကို ကိုယ် တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အမျိုးမျိုးတွေးပြီးတော့
ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်တာပါ။

(၆) တရားသည် စိတ်၏နားခိုရာ…
...*လှတာဟာစိတ်ကိုအနားရစေတယ်။ စိတ်ဟာ လှတဲ့နေရာမှာ အနားယူတယ်။ တရားဟာလည်း
စိတ်ရဲ့နားခိုစရာ
တစ်ခုဖြစ်ပါတယ်။ (အလှတရားမှ အမှန်တရားသို့)

(၇) အမြင့်မားဆုံး
စိတ်ထားဆုံးရှုံးရင်…
...*ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ရာထူးဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု
မဟုတ်သေးဘူး။ ကိုယ့်ရင်ထဲကအမြင့်မြတ်ဆုံးစိတ်ထားဆုံးရှုံးသွားတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
(သိစရာတွေးစရာ၊ နှာ-၃)

(၈) စိတ်ကျေနပ်မှုထဲမှာ…
...*ကိုယ့်အရည်အချင်းတွေ၊ကိုယ့်ပါရမီဓာတ်ခံတွေ၊ ကိုယ့်စွမ်းရည်သတ္တိတွေကို အကောင်အထည်ဖော်လိုက်ရင် ဖော်လိုက်သလောက်ပဲ လူသားတွေအနေနဲ့ ရရှိခံစားနိုင်တဲ့ စိတ်ကျေနပ်မှုထဲမှာ အလေးနက်ဆုံး
ကျေနပ်မှုမျိုးကို
ခံစားရမယ်။ (သိစရာတွေးစရာ၊ နှာ-၅၉)

(၉) စိတ်ထားမပြောင်းရင်…

...*ကိုယ့်စိတ်ထားနဲ့ ကိုယ့်လုပ်ပုံကိုင်ပုံ မပြောင်းနိုင်ရင် ကိုယ်တွေ့နေကျအခက်အခဲကိုတွေ့နေဦးမှာဘဲ။
(သိစရာ တွေးစရာ၊နှာ-၁၆)

(၁၀) စိတ်ပိုင်းကို ပိုပြီးတော့အလေးထား…
...*ဘ၀ကိုအောင်အောင်မြင်မြင်နေသွားချင်တယ်ဆိုရင် ရုပ်ပိုင်းကို
အဓိကထားတတ်တဲ့သဘောထားကို ကျော်လွန်ပြီးတော့
စိတ်ပိုင်းကို
ပိုပြီး အလေးထားတတ်တဲ့ အကျင့်ကိုလုပ်ရမယ်။ (သိစရာ တွေးစရာ၊နှာ-၄)


(၁၁) အရင်တုန်းက
စိတ်ဥာဏ်ထက်သာအောင်…
...*အရင်တုန်းကထက် စိတ်ထားတွေ၊ သဘောထားတွေ၊ အသိဥာဏ်တွေသာတဲ့လူတစ်ယောက်ဖြစ်လာအောင်
လုပ်နေတာကိုကကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာဘဲ။ (သိစရာ တွေးစရာ၊နှာ-၆၀)


...သူငယ်ချင်းများအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ...

မေတ္တာဖြင့်…

Posted by ayeayemoemeeku on June 20, 2010 at 6:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>