2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ငယ်သူငယ်ချင်း

* ခုလိုမိုးရာသီဆိုလျှင်
ကျွန်တော်သူ့ကို သတိ၇နေမိသည်အစဉ်။
* သည်အချိန်မျိုးမှာပေါ့......
သူနှင့်အတူ မိုးဖွဲဖွဲအောက်
ပြေးလျက်ဆော့ကာ ပျော်စရာ။
*ကောင်းကင်ပြာပေါ်က
တိမ်အုပ်တွေများစွာ

ချစ်စရာကောင်းလိုက်တာလို့သူပြော
လာ။
* တစ်ခါတစ်လေမိုးသီးကြွေကျ
သူနှင့်ကျွန်တော် အလုအယက်
ပြေးလွှားကောက်လျက်

* နေလုံးပျောက်လို့
အိမ်ပြန်ချိန်ရောက်ပြီဆိုရင်
မေမေ့ရင်ခွင် ကျွန်တော်ငိုချင်။
* ဘာလို့လဲလို့ မေမေမေးတော့

သူ့ကိုသတိရလို့ပေါ့လို့ မဖြေမိစဉ်
မေမေပြနေတာ ၀ါဝါ၀င်းတဲ့ ဖိုးလမင်းနဲ့ကောင်းကင်ပြာ။
* ဒါပေမဲ့ ......ခုချိန်ထိတော့

ဖိုးလမင်းရဲ့အရိပ်ထဲ ကျွန်တော်မှာ သူ့ကိုရှာနေဆဲ။

ခင်မင်စွာဖြင် ခင်စိုးထွဋ်
  Posted by khin soe htut on July 15, 2010 at 7:30am

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>