2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

စိတ္တကမ္ဘာ

မျက်နှာချင်းလျှင် လမင်းမှာဆုံ..
ရှေးထုံးပုံသည် ယုံကြည်စရာ..
ရှိခဲ့ပါ၏။

သို့ဖြင့်..........
ကောင်းကင်ထက်မှာ ငွေလသာ၏..
မျက်နှာမော့တည့်၊စေ့စေ့ကြည့်တော့..
ပြုံးသည့်ပုံလား မဲ့သည်လားလေ...
ကိုယ်ပွားရုပ်သွင် ၀ိုးတ၀ါးမြင်သည်..
ကောင်းကင်မှာလဲ ကိုယ့်ချစ်သူ..........

စန်းလရိပ်သွင် ရေမှာထင်၏...
ချိုရွှင်ပြုံးလှည့် စောင်းငဲ့ကြည့်တော့..
အသိစိတ်ထင် ထပ်ဆင့်မြင်သည်...
ရေပြင်မှာလဲ ကိုယ့်ချစ်သူ............

နီးလျက်ဝေးကွာ အသင်္ချေသာ..
များစွာဝေးကွာ အချည်းအနှီးသာ...
ကိုယ့်နံဘေးမှာ ရှိလျက်လို့သာ...
တူမကွာဘဲ ၀မ်းသာဝမ်းမြောက်...
ခြေဖျားထောက်လျက်.......
ဆက်လျောက်ရမည့် ခရီးများစွာ..
စိတ္တကမ္ဘာ ....။



ခင်စိုးထွဋ် ( 10.5.2010 )

Posted by khin soe htut on June 10, 2010 at 6:30am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>