2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ရှင်သန်ပေးပါအမေ



ဒီရက်ပိုင်းမှာ တယောက်တည်းရှိတော့တဲ့ အမေ့အတွက် စိုးရိမ်စိတ်တွေ လွှမ်းမိုးလွန်းတယ်။ အိပ်မက်တွေ မကောင်းဘူးအမေရယ်။ အမေနေမကောင်းဘူးတဲ့ ဖုန်းဆက်ကြည့်တော့ အမေနေကောင်းပါတယ်တဲ့။ ဒါပေမယ့်သမီးစိတ်တွေလေးနေတယ် အမေရယ်။ အမေကိုအရမ်းသတိယနေပြီး အမေ့အကြောင်းကိုဘဲ တွေးနေမိတယ်။ ဒီဘ၀ထိရောက်အောင် စောင့်ရှောက်ခဲ့တဲ့ အမေရဲ.ပင်းပန်းမှု၊ အနွံတာခံမှုတွေကို သတိယ နေမိတယ်။ အသက်ကြီးပြီဖြစ်တဲ့ အမေ့အတွက် စိုးရိမ်မှုတွေကြောင့် စာကျက်လို.လည်း မရဘူး။ ဒါသမီးဘ၀မှာ အမေ့အတွက် ပထမဆုံးစိုးရိမ်မှုဆိုတာ သမီးဝန်ခံပါတယ်။ တကယ်တော့ သမီးက အမေ့အတွက် သမီးလိမ္မာ တယောက်မဟုတ်ခဲ့ပါဘူး။ အမေ့အနားမှာ အမေချစ်တဲ့ အမေ့ပြုစုယုယမယ့် သမီးတွေ ရှိတယ်ဆိုပြီး ကိုယ့်ဘ၀ တိုးတက်ဖို.အတွက် လုံးပမ်းရင်းနဲ. အမေ့ကိုဂရုမစိုက်ဖြစ်ခဲ့တာတွေက လစ်လျူရှုသလိုဖြစ်ခဲ့တယ်။ အမေ့ရဲ. သမီးနဲ. ပတ်သက်တဲ့ခံစားချက်ကို သမီးသိခွင့်ရတဲ့ အချိန်က သိပ်ကိုနောက်ကျခဲ့ပါတယ်အမေရယ်။ နောက်ရက်မှာ ပညာသင်ခရီးသွားတော့မှာမို. မိသားစုကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို သွားကန်တော့တဲ့ ချိန်မှလေ။ သမီးနဲ. ပတ်သက်တဲ့ခံစားချက်တွေကို ဘုန်းဘုန်းစီမှာ ငိုငိုပြီးရင်ဖွင့်တယ်လို. သိလိုက်ရတဲ့ အချိန်မှာ ခံစားရတဲ့ ၀မ်းနည်းမှု နောင်တရမှုတွေကို မျိုသိပ်ပြီးရှင်းပြဖို.လည်း မကြိုးစားမိဘူး။
ကိုယ်ပိုင်အယူအဆ ခံယူချက်တွေအတိုင်း ပြုမှုနေထိုင်ပြီး ခံစားချက်ကို ဖွင့်ပြောလေ့မရှိတဲ့ သမီးစိတ်ကို အမေ နားလည်မပေးနိုင်ခဲ့ဘူးနော်။ အိမ်နဲ.နီးတဲ့နေရာမှာ တာဝန်ကျပေမယ့် ပြန်လာနေကျဆို အမေမျှော်နေမယ် အခက်အခဲဖြစ်တိုင်း အမေ့ကိုအသိပေးရင်း အမေစိတ်ပူနေရမယ်၊ သံယောဇဉ်ဆိုတာ အပူတခုလို. ယူဆပြီး အမေ့အတွက် တတ်နိုင်သမျှအပူလျော့အောင် နေခဲ့ပေမယ့် အမေယူဆတာက သမီးက အမေ့ကို မချစ်ဘူး ဂရုမစိုက်ဘူးတဲ့။ ဒီစကားတွေကို သမီးသိရတဲ့ အချိန်ကသိပ်ကို နောက်ကျခဲ့ပါတယ်။
အမေ့ဘ၀တလျှောက်မှာ သားသမီးတွေအတွက်ကြည့်တတ်လွန်းတဲ့အမေ။ အနားမှာ ရှိတဲ့သမီးတွေကို စိတ်မချ နိုင်လွန်းတဲ့အမေ။ သားသမီးတွေအတွက် ပူပန်လွန်းတဲ့အမေ။ သားသမီးတွေကို ကိုယ်စီအိမ်ပိုင်နဲ. ထားခဲ့ချင် ပါတယ်ဆိုပြီး ရသမျှစုဆောင်းပြီးကြိုးစားနေတဲ့အမေ။ ကိုယ့်အတွက်တော့ အရာရာကို ခြိုးခြံချွေတာ လွန်းတဲ့ အမေ။ အမေ့ရဲ့ ဂုဏ်ပုဒ်တွေက မကုန်နိုင်ပါဘူးအမေရယ်။ စည်းစနစ်ကျလွန်းတဲ့ အမေ့ရဲ.ကြီးကြပ်အုပ်ချုပ်တွေ ကြောင့်ဘ၀မှာ စည်းစနစ်တကျနေတတ်ခဲ့တယ်။ သူများတွေက ချီးကျူးတိုင်း ဒါတွေက အမေ့ရဲ.အမွေတွေ၊ အမေ့ကိုကျေးဇူးတင်ကြောင်းတွေပြောဖြစ်တယ်ဆိုတာ အမေသိရင် အမေပြုံးပြီးကျေနပ်နေမှာပါ။ အရာရာကို မျိုသိပ်စွာနေတတ်လွန်းတဲ့ အကျင့်တွေက ခံစားချက်တွေကို လူတွေမသိနိုင်တော့ အမေကိုယ်တိုင်လည်း သမီးရဲ့ စိတ်ကိုမသိနိုင်ခဲ့ဘူးနော်။ မိသားစုအပေါ်မှာ တစိမ်းဆန်တဲ့သူ၊ မာနကြီးတဲ့သူတယောက်လို အမေ ထင်ခဲ့တာတွေကိုလည်း သမီးရှင်းပြဖို. မကြိုးစားဖြစ်ခဲ့ဘူး။ ခရီးသွားများလွန်းလို. အမေအမြဲစိုးရိမ်နေရမယ်လို. ခံယူတဲ့အတွက် ကားမှောက်တာကိုလည်း ဒီနေ.အထိ အမေကို အသိမပေးခဲ့ဘူး။ အရာရာကို သိုသိပ်စွာ နေထိုင်တတ်တဲ့ သမီးရဲ့အကျင့်နဲ. သမီးရဲ.ခံယူချက်တွေကြောင့် သမီးက အမေ့အတွက် သမီးဆိုးတယောက်ဖြစ် ခဲ့ပြီး နားလည်မှုတွေလွဲခဲ့ရတယ်နော်။
အသက်ကြီးဖြစ်တဲ့ အမေ့အတွက် စိုးရိမ်စိတ်တွေလွန်ကဲနေတဲ့အချိန်က အမေနဲ.ဝေးကွာလွန်းတဲ့နေရာမှာ ဘ၀ အတွက် အောင်မြင်မှုအတွက် ဒုက္ခတွေကို ခါးစီးခံရင်း၊ ခံစားမှုတွေမျိုသိပ်ရင်း ရှင်သန်ရုန်းကန်နေရတဲ့အချိန် ဖြစ်နေခဲ့ပါပေါ့လားအမေရယ်။ အခက်ခဲတွေကြုံလာတိုင်း ညိမ်သက်စွာနေတတ်တဲ့ အကျင့်က အားလုံးကို လစ်လျုရှုသလိုဖြစ်ခဲ့ပါတယ်။ အဲဒီလစ်လျူရှုမှုတွေကို ခံစားရတဲ့သူက သမီးချစ်တဲ့အမေပေါ့။ တပတ်တခါ ဖုန်းဆက်တိုင်း ကျန်းမာရေးဂရုစိုက်ဖို. တတွတ်တွတ်မှာတတ်တယ်။ အမေ့အတွက် စိုးရိမ်တဲ့အကြောင်းပြော တော့ အမေကအနားမှာ ပြုစုမယ့်သူတွေရှိတာကြောင့် အဝေးမှာ တယောက်တည်းနေရတဲ့ သူမို. ပိုပြီးစိုးရိမ် တယ်တဲ့။ အရွယ်လွန်သားသမီးတွေကို ကလေးလိုမြင်တုန်းရှိသေးတော့ သားသမီးတွေချစ်သူရှာမှာကိုလည်း စိုးရိမ်နေပြန်သေးတယ်။ ဖုန်းဆက်တဲ့တရက်မှာ သမီးမှာချစ်သူရှိနေပြီလားတဲ့။ ရှာလိုက်အုံးမယ်လို. စမိတော့ ဒီအတိုင်းပဲနေပါသမီးရယ်တဲ့။ နောက်ရက်မှာ စိတ်တွေလေးပြီး အမေ့ကို သတိယစိတ်ပူလွန်းတာကြောင့် ဖုန်းဆက်တော့ လေသံပျော့လေးနဲ. ဖုန်းလာကိုင်တဲ့ အမေ့ရဲ. အသံကိုကြားလိုက်ရတော့ စာမေးပွဲအပြီး အားအင်ကုန်ခမ်းမှုတွေပျောက်လို. စိုးရိမ်စိတ်တွေကြီးစိုးလွန်းခဲ့တယ်။ အမေအသက်ရှည်ဖို. အရေးကြီးတယ်။ သမီးကြိုးစားမှုတွေက မိသားစုအတွက်မို. အသက်ရှည်ဖို.ကြိုးစားပြီးနေပေးပါလို. တတွတ်တွတ်ပြောနေပေ မယ့် အမေကတော့ သမီးကျန်းမာဖို့ အမေဆုတောင်းပေးနေကြောင်းနဲ. ကျန်းမာရေးဂရုစိုက်ဖို.သာပြောနေ တယ်။ အမေသမီးအတွက် အသက်ရှည်ဖို.ကြိုးစားပေးပါအမေရယ်။ အမေအတွက် သမီးလိမ္မာမဟုတ်တဲ့ သမီး အမေစိတ်ချမ်းသာဖို.အတွက် အမေ့စိတ်တိုင်းကျနေပေးဖို.ဆုံးဖြတ်ထားလို. သမီးပြန်လာတဲ့အထိ အသက်ရှည် ဖို. ကြိုးစားပေးပါ။ အားတင်းထားပါ အမေရယ်။ အမေ့ရဲ.သမီးဆိုး အမေ့အတွက် အမေလိုချင်တဲ့ ဂရုစိုက်မှု ကြင်နာနွေးထွေးမှုတွေ ရင်ဝယ်ပိုက်လို. အရောက်ပြန်လာပြီး အမေ့ကိုပြုစုချင်လို. သမီး ပြန်လာမယ့်နေ. အထိ ကြိုးစားရှင်သန်ပေးပါအမေရယ်။ 


Posted by Moemakha on February 20, 2010 at 3:00pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>