2 3 4 5 6 7 8 9 10

Monday, October 17, 2011

ဟန်ဆောင်ရခြင်း


မမြင်ရပြန်လျှင်...
ပူစွရင်ထဲ၊ဆယ်နေကဲသို့
နှောင်တည်းမေတ္တာ၊ကရုဏာဖြင့်...
ရင်ဝယ်တသ... သတိရမိ။

မြင်ရပြန်သော်....
ဘ၀င်ချမ်းမြ၊ပီတိလှဖြာ..
နှိုင်းပြဖွယ်ရာ၊မရှိပါခဲ့။

ရင်ဝယ်မြတ်နိုး၊တိတ်တခိုးနှင့်...
တန်ဖိုးထားလည်း၊တွေ့ဆဲချိန်ခါ..
လွမ်းတာသိအောင်၊အယောင်မပြ..
ခွဲရပြန်သော်၊မေ့ မပျော်ပြီ...

ညိုးရော်နွမ်းလျ၊သောကရယ်ထန်....
ဟန်ဆောင်ရခြင်းသည်က.....ဝေဒနာ။

ကမ္ဘာသစ်သူငယ်ချင်းများအားခင်မင်စွာဖြင့်
ခင်စိုးထွဋ်
( 1.4.2010)နေ့ရေးဖွဲ့သည်။


Posted by khin soe htut on May 19, 2010 at 6:30am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>