2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဓမ္မစကား (၂) - ပါရဂူ

အရပ်သုံးစကားထဲက ဓမ္မ

ဓမ္မ ဟူသော စကားလုံးကို စဉ်းစားဆင်ခြင်ကြည့်ကြပါစို့ ။ နေ့စဉ်သုံးစကား၏ အနှိမ့်ဆုံးအဆင့်၌ ဓမ္မဟူသော စကားလုံးကို ဘုရားဟော ပိဋကတ်ကို ပုံနိုပ်ထားသည့် ကျမ်းစာအုပ်အဖြစ် ၊စာတိုက်ဗီတိုထဲ ရှိ ဓမ္မအဖြစ် သိရှိနားလည်ထားသည်။ သို့တည်းမဟုတ်
တရား ဒေသနာတော်ကို ဟောကြားရာ၌ သုံးနှုန်းသော စကားလုံးကိများကို ဓမ္မ အဖြစ်သိနားလည်ထားကြသည်။
ဤကား နေ့စဉ်သုံးစကား၌ ဓမ္မကို မသိမြင်သေးသော ၊အလှည့်စားခံနေရသူ တစ်ဦး၏ စကား၌ ရှိသော ဓမ္မ၏ အနက်အဓိပ္ဖါယ် ဖြစ်လေသည်။


ဓမ္မ စကားထဲ က ဓမ္မ

ဓမ္မစကား၌ ရှိသော ဓမ္မမှာမူ ဗုဒ္ဖနှင့်တစ်ခုတည်း တစ်မျိုးတည်းပင် ဖြစ်လေသည်။ ဓမ္မသိမြင်သော သူသည် ဗုဒ္ဖကို သိမြင်သူ မည်၏။
ဗုဒ္ဖကို သိမြင်သောသူသည် ဓမ္မကို သိမြင်သောသူမည်၏ ။ ဤကား ဓမ္မစစ် ဓမ္မမှန် ဖြစ်လေသည်။ မူရင်း ပါဠိစကား ၌ ဓမ္မဟူသော စကားလုံးသည် ကျွန်ုပ်တို့ သဘာဝဟု ခေါ်သည့်အရာကို ပြုလုပ်ဖန်တီးသည့် ရှုပ်ထွေး နက်နဲ အသိခက်သော ၊အရာဝတ္ထူ အားလုံးအတွက် အသုံးပြုသော စကားလုံး ဖြစ်သည်။
ဤနေရာ ၌ ယင်းအချက် နှင့်ပတ်သတ်၍ အကျယ်တ၀င့် ရှင်းလင်းတင်ပြဖို့ရန် အခြေအနေက မပေးပေ။ သို့ဖြစ်၍ အဓိက အချက်ကိုသာလျှင် ဆွေးနွေး ပြောပြပါမည်။
ဓမ္မဟူသော စကားလုံးသည် အောက်ပါအနက် အဓိပ္ဖါယ်များကို ဟောပေသည်။

၁။ သဘာဝ
၂။သဘာဝ ၏ နိယာမများ
၃။သဘာဝ ၏ နိယာမအတိုင်း လုပ်ဆောင်ရသော လူ၏ တာဝန်
၎။သဘာဝ ၏ နိယာမများ အတိုင်း လုပ်ရသော အလုပ်မှ ရရှိသည့် အကျိုးကျေးဇူး။

ဤကား ဓမ္မဟူသော စကားလုံး၏ အနက်အဓိပ္ဖါယ်များ ဖြစ်လေသည်။
ကျမ်းစာအုပ်ကိုသာ ဆိုလိုသည် မဟုတ်ပေ။ ပေ ပုရပိုက် သို့မဟုတ် တရားဟော ဓမ္မကထိက ၏ အသံကိုသာ ဆိုလိုသည်မဟုတ်ပေ။
ဓမ္မစကား၌ အသုံးပြူသော ဓမ္မ ဟူသော စကားလုံး၏ အနက်အဓိပ္ဖါယ်မှာ ရုပ်ဝတ္ထု မဟုတ်သည့် အရာကိုသာ ဆိုလိုသည်။
ယင်းဓမ္မသည် အားလုံးကို ငုံမိလေသည်။
နက်နဲသည်။
အချို့နားလည်ဖို့ ခက်ခဲပြီး ၊ အချို့ နားလည်ဖို့ရန် သိပ်မခက်သည့် အရာဝတ္ထူအားလုံး ပါဝင်လေသည်။


Posted by khaingsukyi on March 20, 2010 at 9:30pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>