2 3 4 5 6 7 8 9 10

Monday, October 17, 2011

စာမျက်နှာများ

စာမျက်နှာများ

စာအုပ်တစ်အုပ် ပိုင်ဆိုင်ခဲ့တယ်
ဒီနေရာမှာ
အသံတစ်သံစပြုနိုင်ကတည်းက ... ။
စာမျက်နှာတိုင်းမှာ
အနိုင် အရှုံးတွေကြောင့်
အပြုံးများ ...
မျက်ရည်များ ...
တလှည့်စီ ဖြတ်ပြေးသွားကြ ... ။
ဘယ်လိုမှ
ကျော်ဖတ်လို့လဲ မရ
ချန်လှပ်လို့လဲ မရ ... ။
မေ့လိုက်ချင်ပေမယ့် မှတ်မိနေတာတွေလဲရှိ ...
အလိုလိုမေ့ပျောက်သွားတာတွေလဲရှိ ...။
ဒါပေမဲ့
အရွက်တိုင်းမှာတော့
အသိတရားစွက်ဖို့ လိုတယ် ... ။
ဒီစာမျက်နှာတွေ
အထင်ကရအတွက်လား ...
သာမညအတွက်လား ...
သေချာတာကတော့
စာအုပ်အဆုံးမှာ
နိဂုံးလှဖို့ အရေးကြီးတယ် ... ။

ကောင်မလေး 13


Posted by kaungmalay13 on April 28, 2010 at 6:24pm 

 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>