2 3 4 5 6 7 8 9 10

Monday, October 17, 2011

ဧည့်သည်လေး

သူလာတော့မည်။ ကျွန်တော်တို. အားလုံး ဒီအချိန်ကို ရင်ခုန်စွာ စောင့်စားနေကြသည်။ ကျွန်တော်တို. ဆိုသည်မှာ ကျွန်တော်၊ ကျွန်တော့်ဇနီးနှင့် နှစ်ဘက်မိဘ ဆွေမျိုး အသိုင်းအဝိုင်းများ ဖြစ်ကြသည်။သူလာလည်မည်ဟုလွန်ခဲ့သောကိုးလဆယ်လက
ကျွန်တော်တို.သိကြရသည်။ ကျွန်တော်တို. အားလုံး ပျော်ကြသည်။ ကြည်နူးကြသည်။

အားလုံးလည်း သူ.အတွက် နေရာထိုင်ခင်းပြင်ဆင်ပေးရင်း ပျော်နေကြသည်။ တလောကလုံး တေးသံသာများဖြင့် ဖုံးလွှမ်း၍ အရာရာ အေးချမ်းသာယာသော အရိပ်အငွေ.များသာ လွှမ်းခြုံထားကြသည်။လူတိုင်း လူတိုင်း ထီထိုးဖူးကြလိမ့်မည်။ သို့သော်
သိန်းထီပေါက်သည့်အရသာကိုတော့ လူတိုင်း ခံစားရလိမ့်မည်မထင်။ ကျွန်တော်လည်းမခံစားဖူးပါ။သို.သော်သူလာမည်ဟုသိရသောအချိန်ကျွန်တော့်ခံစားမှု
သည် သိန်းထီပေါက်သောသူ၏ ခံစားမှုထက်ပိုမှာတော့သေချာသည်။ သူလာမည်ဟု
သိလိုက်ရသောအချိန်မှစ၍ ကျွန်တော့်ဘဝစာမျက်နှာတစ်ခုပြောင်းသွားလေပြီ။ သူသာလျှင်
ကျွန်တော့်ဘုရင်၊ ကျွန်တော့်ဘဝ၊ ကျွန်တော့်ယုံကြည်ချက် ဖြစ်ပေလိမ့်မည်။
သူရောက်လာမည့်အချိန်ကို စောင့်စားရသည်ကပင် ရင်ခုန်လှိုက်မောရပေသည်။


သူကတော့ ပျော်သလောက်သာ နေပေလိမ့်မည်။ ဘယ်အချိန်ပြန်မည်မသိရ။ ရုတ်တရက်လာ၍ ချက်ချင်းပြန်ထွက်သွားနိုင်သည်။ ရောက်မလာဘဲလည်း နှုတ်ဆက်ထွက်ခွာသွားနိုင်သည်။ သူကြာကြာနေအောင် ကျွန်တော်တို. အစွမ်းကုန်ကြိုးစားကြရမည်။ လူတိုင်းကိုယ်စီ
မျှော်လင့်ချက်နှင့် အသက်ရှင်နေကြသည်ဟုကြားဖူးပါသည်။ ကျွန်တော်ကတော့ သူ.ဆီက
ဘာမျှမမျှော်လင့်။ တတ်နိုင်သလောက် ကိုယ်ကသာ အစွမ်းကုန်ပေးဆပ်ဖို. ပြင်ဆင်ထားသည်။
ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်ရမည်မဟုတ်လော။ သို့သော် ရနိုင်လျှင် တစ်ခုတော့
ဆုတောင်းကြည့်ချင်သည်။ ကျွန်တော်၏ ဧည့်ဝတ်ကျေပွန်မှုအတွက် သူ၏ အသိအမှတ်ပြုမှု
အနည်းငယ်မျှသာလိုချင်ပါသည်။ အပြည့်အဝရလျှင်တော့က မ္ဘာပေါ်တွင်
ကံအကောင်းဆုံးသူမှာကျွန်တော်ပါဟု ရင်ကော့ပြမိမည် ထင်ပါသည်။ ဘာတွေပဲဖြစ်ဖြစ်
ကျွန်တော်တာဝန်ကျေစေရမည်။ သူလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးမည်။

ကျွန်တော်နှင့် သူ၏ ဆက်ဆံရေးပြေလည်စေရမည်။ ပန်းကလေးတစ်ပွင့်ကို မြတ်မြတ်နိုးနိုး ပြုစုယုယကြသလို ကျွန်တော်လည်း သူ.ကို ပြုစုယုယမည်။ သူ၏ မွှေးပျံ.သောရနံ.ဖြင့် လောကတခွင် သင်းထုံစေရမည်။ သူသည် ကျွန်တော်တို.၏ အထူးဧည့်သည်တော် ဖြစ်ပေသည်။ ဟော
……..သူ့အသံကြားရသည်။ သူလာချေပြီ။

`အူဝဲ…………အူဝဲ………….အူဝဲ`

ဧည့်သည်လေးပေါ့…….ကျွန်တော်တို.၏ အထူးဧည့်သည်လေး….


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>